လျှပ်စစ်ကားလုပ်ငန်းကဏ္ဍအတွက် မူဝါဒလမ်းညွှန်ချက်များ တရုတ်အစိုးရ ထုတ်ပြန်


လျှပ်စစ်ကားလုပ်ငန်းကဏ္ဍအတွက် မူဝါဒလမ်းညွှန်ချက်များ တရုတ်အစိုးရ ထုတ်ပြန်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

တရုတ်အစိုးရသည်  EV စက်မှုလုပ်ငန်းကဏ္ဍအတွက် မူဝါဒလမ်းညွှန်ချက်များကို ထုတ်ပြန်ခဲ့သည်။

 တရုတ်အီးဗီလုပ်ငန်းများသည် ပင်လယ်ရပ်ခြား ဈေးကွက်များသို့ ချဲ့ထွင်လျက် ရှိရာ၌ မော်တော်ကားထုတ်လုပ်သူများသည် နိုင်ငံရပ်ခြားတွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ရန် ညွှန်ကြားထားသည်။ နိုင်ငံတကာ စံချိန်စံညွှန်းများ ချမှတ်ရာတွင် ပါဝင်ကြရန် တောင်းဆိုထားသည်။

 

ကုန်သွယ်မှုကြီးကြပ်သည့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အပါအဝင် အစိုးရဌာနကိုးခုနှင့် EV မူဝါဒချမှတ်သည့် စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနတို့ ပူးပေါင်း၍ EV ထုတ်လုပ်သူများအတွက် လမ်းညွှန်မှုပေးသည့် ဒေသဆိုင်ရာ အစိုးရများနှင့် အခြားအဖွဲ့အစည်းများထံ အသိပေးချက် ထုတ်ပြန်ခဲ့သည်။

 

အဆိုပါ အသိပေး ကြေညာချက်တွင် တရုတ်နိုင်ငံမှ မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီများအား နိုင်ငံရပ်ခြားဒေသများသို့ တိုးချဲ့ကြရာ၌ ရေရှည်တည်တံ့ခိုင်မြဲစွာ ကြီးထွားလာစေရန် တွန်းအားပေးရမည့် ဆောင်ရွက်ရန် အချက် ၁၈ ချက်ကို ဖော်ပြထားပါသည်။

 

ပြည်ပနိုင်ငံတွင် သုတေသနနှင့် ဖွံ့ဖြိုးရေး  အခြေစိုက်စခန်းများ တည်ထောင်ရန်နှင့် ပြည်ပနိုင်ငံများမှ သုတေသနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရန် တောင်းဆိုထားသည်။

 

ဘက်ထရီနှင့် ပတ်ဝန်းကျင်၊ ဒေတာ၊  ဉာဏပစ္စည်းပိုင်ဆိုင်မှု အပါအဝင် ကိစ္သရပ်များအတွက် ပြည်ပနိုင်ငံများ၏ ဥပဒေများနှင့် စည်းမျဉ်းများကို လိုက်နာဆောင်ရွက်ခြင်းကို လျင်မြန်စွာ အရေးတယူ ဆောင်ရွက်ပေးခြင်းဖြင့် ဥပဒေကြောင်းအရ အရေးယူ မခံရအောင် လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။

 

ပြည်ပနိုင်ငံများမှ ကုမ္ပဏီများဖြင့် ပစ္စည်းပေးသွင်း ကွင်းဆက် ဖွံ့ဖြိုးရေး လုပ်ဆောင်ရန်၊ ရောင်းချပြီးနောက် ယာဉ်ပြုပြင်ပေးသည့် ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရန်တို့ကိုလည်း ညွှန်ကြားထားသည်။ 

 

 နိုင်ငံတကာ အီးဗီနှင့် ဘက်ထရီ စံချိန်စံညွန်းများ သတ်မှတ်ရေးကို လုပ်ဆောင်ရာတွင် ပါဝင်ဆောင်ရွက်ရန်၊ ပြည်ပကုန်သွယ်ရေးတွင် ဖြစ်ပေါ်လာနိုင်သည့် တားမြစ်ချက်များကို ကြိုတင် တွက်ဆထားပြီး စီမံဆောင်ရွက်ရန်အတွက်လည်း တိုက်တွန်းထားသည်။

Source Asia Nikkei 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read 169 times