NIO မောင်းနှင်နေသည့် ခရီးလမ်း စီအီးအို ရှင်းလင်းပြောကြား


NIO မောင်းနှင်နေသည့် ခရီးလမ်း စီအီးအို ရှင်းလင်းပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် မတ်လ ၃၁ ရက်မှ ဧပြီလ ၂ ရက်အထိ ကျင်းပသော China EV 100 Forum တွင် NIO တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် စီအီးအို ဖြစ်သူ William Li မှ ဧပြီလ ၁ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

 

၂၀၂၂ ခုနှစ်က NIO သည် အဆင့်မြင့်စမတ်လျှပ်စစ်ကားအစီးရေ ၁၂၂,၄၈၆ စီးကို ပေးအပ်ခဲ့ပြီး အထူးသဖြင့် BYD နှင့် နှိုင်းယှဉ်ပါက အရေအတွက် နည်းပါးကြောင်း William Li က ပြောကြားသည်။ 
ကားများ၏ ပျမ်းမျှရောင်းဈေးမှာ ယွမ် ၄၃၇,၀၀၀ ဖြစ်ပါသည်။ 
၂၀၂၂ ခုနှစ်တွင် NIO က တရုတ်ပြည်တွင်းဈေးကွက်၏ယွမ် ၄ သိန်းအထက် ရောင်းဈေးရှိသော ပရီမီယံ အီးဗီ အပိုင်းအကန့်တွင် ဈေးကွက်ဝေစု ၇၅% ရရှိခဲ့သည်။ ယွမ် ၄ သိန်းအောက်နှင့် ယွမ် ၃ သိန်းအထက် ရောင်းဈေးရှိသော ပရီမီယံ အီးဗီ အပိုင်းအကန့်တွင်  ဈေးကွက်ဝေစု ၅၄.၈% ရရှိသည်။  

NIO သည် အဓိကအားဖြင့် ကဏ္ဍ သုံးရပ်တွင် ရင်းနှီးမြှုပ်နှံလျက် ရှိကြောင်း William Li က ပြောကြားသည်။ 

ပထမကဏ္ဍမှာ သုတေသနှင့် ဖွံ့ဖြိုးရေး (သု/ဖွံ့)ကဏ္ဍ ဖြစ်ပါသည်။ NIO စတင်သည့် ၂၀၁၅ ခုနှစ်ကတည်းက ၎င်းကဏ္ဍကို အသားပေးခဲ့သည်ဟု William Li က ပြောကြားသည်။ ၎င်းကဏ္ဍ ကုန်ကျစရိတ်ကြောင့် NIO အရှုံးပြခဲ့သည်။
"သုတေသနှင့် ဖွံ့ဖြိုးရေးမှာ ဆုံးရှုံးရတဲ့ငွေတွေကို ရင်းနှီးမြုပ်နှံမှုတစ်ခုလို့ ကျွန်တော်ယူဆပါတယ်" ဟု ၎င်းက ပြောကြားသည်။
၂၀၁၉ ခုနှစ်တွင် NIO လုပ်ငန်းပိတ်သိမ်းရလု နီးပါး ဖြစ်ခဲ့စဉ်၌ပင်လျှင် ဥရောပနှင့် အမေရိကန်နိုင်ငံ Silicon Valley ရှိ သု/ဖွံ့ဌာနများကို မပိတ်ခဲ့ကြောင်း William Li က ပြောကြားသည်။
ယခုအခါ အမေရိကန်၊ ဥရောပနှင့် တရုတ်တို့တွင် သု/ဖွံ့ဌာနများ ၁၀ ခုကျော် ထူထောင်ထားသည်။

ပစ္စည်းတစ်ခုကို အနုလုံပဋိလုံ တစ်စစီဖြုတ်ပြီးလေ့လာကာ အတုယူလုပ်ကိုင်သည့် သုတေသနအလုပ်မျိုး မလုပ်ဘဲ  ကားတည်ဆောက်ခြင်း၊ လျှပ်စစ်နည်းပညာ၊ ဉာဏ်ရည်နည်းပညာအစရှိသည်တို့ကို ကိုယ့်ဒူးကိုယ်ချွန်ပြီး လုပ်ကိုင်ခဲ့သည်မှာ NIO ၏ အစဉ်အလာဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် NIO စတင်စဉ်ကတည်းက ဖြစ်သည်ဟု William Li က ပြောကြားသည်။

အဓိက ငွေသွန်ထည့်သည့် ကဏ္ဍမှာ ဘက်ထရီ အလုံးလိုက် ဖြုတ်လဲပေးသည့် ဘက်ထရီရုံများနှင့် အားသွင်းတိုင်များ အဆက်မပြတ် တည်ဆောက်နေခြင်း ဖြစ်သည်။

 

အများသုံး အားသွင်းတိုင် charging pile ၁၈၀,၀၀၀ ကျော် ထားရှိပေးပြီးပြီဖြစ်ပြီး အားလာသွင်းကြသည့် ကားများတွင် ၂၀% အောက်သာ NIO ကားများဖြစ်ပြီး ၈၀% ကျော်သည် Tesla, BYD အစရှိသည့် brand များ၏ ကားများ ဖြစ်သည်။
"ပြီးခဲ့တဲ့ နှစ်ရက်က 500 kW အလွန်အမင်း မြန်တဲ့ အားသွင်းတိုင်တွေ ထူထောင်ပေးခဲ့ပါတယ်။ အဲဒီ စူပါအားသွင်းတိုင်တွေက ပါဝါ 650 kW အထိ ရပါတယ်" ဟု William Li က ပြောကြားသည်။

Nio သည်  ၁၂ မိနစ်အတွင်း အားအပြည့် သွင်းပေးနိုင်သည့် 500 kW အမြန်အားသွင်းတိုင်ကို မိတ်ဆက်ခဲ့သည်။


"အခုဆိုရင် ဘက်ထရီအလုံးလိုက် လဲတဲ့ ဘက်ထရီ လဲလှယ်ရုံမှာ အားသွင်းတိုင်တွေကို ပေါင်းစပ် ထည့်သွင်းပေးထားပါတယ်" ဟု ၎င်းက ပြောကြားသည်။


တရုတ်နိုင်ငံတွင် ဘက်ထရီလဲလှယ်ရုံ ၁,၃၂၆ ရုံ တည်ဆောက်ထားပြီးပြီ ဖြစ်ပြီး ဥရောပတွင် ၁၃ ရုံ ပြီးစီးခဲ့ပြီ ဖြစ်သည်။
"ကျွန်တော်တို့ ဘက်ထရီ အလုံးလိုက်လဲတပ်ပေးတဲ့ ကြိမ်ရေ သန်း ၂၀ ပြည့်ခါနီးပါပြီ။ နောက် နှစ်ရက်ဆိုရင် ပြည့်ပြီ။ ပျမ်းမျှအားဖြင့်  ၁ ဒသမ ၉ စက္ကန့်တိုင်းမှာ NIO ကားတစ်စီး အားအပြည့်ဘက်ထရီဖြင့် ဘက်ထရီလဲလှယ်ရုံမှ ထွက်ခွာနေပါတယ်" ဟု William Li က ပြောကြားသည်။

တတိယကဏ္ဍမှာ ကမ္ဘာ့ဈေးကွက်ထဲ ဝင်ရောက်ခြင်းအတွက် ရင််းနှီးမြှုပ်နှံခြင်း ဖြစ်သည်။ 
၂၀၂၁ စက်တင်ဘာလ ၃၀ ရက်တွင် နော်ဝေးနိုင်ငံမှာ NIO ကားများကို ဝယ်ယူသူများထံ စတင်အပ်နှံခဲ့သည်။
၂၀၂၂ အောက်တိုဘာလ ၇ ရက်တွင် ဂျာမနီ၊ နယ်သာလန်၊ ဒိန်းမတ်နှင့် ဆွီဒင် ဈေးကွက်များသို့ စတင်ဝင်ရောက်ခဲ့ပါသည်။
Source NIO

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read 179 times