တရုတ်နိုင်ငံ အိမ်စီးကားဈေးကွက် ရွှေလငွေလတွင် မျှော်မှန်းထားသလောက် မရောင်းရ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အောက်တိုဘာလတွင် တရုတ်ပြည်တွင်းဈေးကွက်တွင် အိမ်စီးကား စုစုပေါင်း အစီးရေ ၁.၈၆ သန်းရှိခဲ့သည်။ ယမန်နှစ် ၂၀၂၁ အောက်တိုဘာလထက် ၇.၂% ပိုများသည်ဟု တရုတ်နိုင်ငံ အိမ်စီးကားအသင်း China Passenger Car Association (CPCA) က အင်္ဂါနေ့(နိုဝင်ဘာ ၈) တွင် ပြောကြားသည်။
ယခုကာလသည် အိမ်စီးကားအသစ်ဈေးကွက်တွင် ရွှေလငွေလ အချိန်အခါ ဖြစ်သည်။ "ရွှေစက်တင်ဘာနဲ့ ငွေအောက်တိုဘာ" ဟု ပြောကြသည့် လနှစ်လဖြစ်သည်။ အိမ်စီးကားများ ရောင်းအားကောင်းကြသည့် လများဖြစ်သည်။ ရွှေလငွေလတို့တွင် မျှော်မှန်းထားသလောက် မရောင်းရဟု CPCA အထွေထွေအတွင်းရေးမှူး Cui Dongshu က အွန်လိုင်းသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
.
ကားထုတ်လုပ်သူများနှင့် အရောင်းကိုယ်စားလှယ်များသည် အလားအလာကို သတိထား၍ လက်ထဲ လက်ကျန်ကို လိုက်လျောညီထွေ ဖြစ်အောင်စီမံသင့်ကြောင်း Cui Dongshu က အကြံပြု ပြောကြားသည်။
.
အမေရိကန် လျှပ်စစ်ကားထုတ်လုပ်သူ Tesla သည် အောက်တိုဘာလတွင် တရုတ်နိုင်ငံလုပ် ကားအစီးရေ ၇၁,၇၀၄ကို ပြည်တွင်းပြည်ပတို့တွင် ရောင်းချခဲ့သည်။ ၎င်းစီးရေတွင် ၅၄,၅၀၄ စီးကို ပြည်ပသို့ တင်ပို့ခဲ့သည်။ Tesla ၏ ရှန်ဟိုင်းစက်ရုံသည် ၃ လပတ်၏ ပထမ ၂ လတွင် ပင်လယ်ရပ်ခြားဈေးကွက်သို့ တင်ပို့သည့်စီးရေသည် ပြည်တွင်းဈေးကွက်ထက် အမြဲတစေ သိသိသာသာ ပိုများသည်။ ယခုအခါ ဥရောပနှင့် ဩစတေးလျ ဈေးကွက်များသို့ တင်ပို့နေသည်။ ၃ လပတ်၏ နောက်ဆုံးလကျမှ ပြည်တွင်းဈေးကွက်သို့ ပေးပို့ခြင်း ပိုများသည်။
Source: Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U