တရုတ်ပြည်တွင်းဈေးကွက် ဇွန်လမှာ အိမ်စီးကား ရောင်းအားမြင့်တက်


တရုတ်ပြည်တွင်းဈေးကွက် ဇွန်လမှာ အိမ်စီးကား ရောင်းအားမြင့်တက်

တရုတ်နိုင်ငံ အိမ်စီးကားအသင်း  China Passenger Car Association CPCA က ယခုနှစ် ဇွန်လအတွက် ပြည်တွင်းအိမ်စီးကားဈေးကွက် လေ့လာဆန်းစစ်ချက် အစီရင်ခံစာကို ဇူလိုင်လ ၈ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။

အိမ်စီးကား လက်လီအရောင်း ဇွန်လမှာ စီးရေ ၁.၉၄၃ သန်း ရောင်းချခဲ့ပါတယ်။ ယမန်နှစ် ဇွန်လထက် ၂၂.၆% ပိုများပါတယ်။

၂၀၂၂ ဇန်နဝါရီလမှ ဇွန်လအထိ လက်လီအရောင်း စီးရေ ၉.၂၆၁ သန်း ရောင်းချခဲ့ပါတယ်။

ဇွန်လမှာ Tesla ရဲ့ Model Y စီးရေ ၅၂,၅၅၇ ရောင်းချခဲ့ပါတယ်။ Wuling Hongguang Mini EV စီးရေ ၄၆,၂၄၉ ရောင်းချခဲ့ပါတယ်။

ဇွန်လမှာ စွမ်းအင်သစ် အိမ်စီးကား လက်ကားအရောင်း စီးရေ ၅၇၁,၀၀၀ ရှိပါတယ်။ ယမန်နှစ် ဇွန်လထက် ၁၄၁.၄% ပိုများပါတယ်။ ယခုနှစ် မေလထက် ၃၅.၃ % ပိုများပါတယ်။ 

ဇွန်လ ရောင်းအားမှာ စီးရေ ၁၀,၀၀၀ ကျော် လက်ကားရောင်းချခဲ့တဲ့ လုပ်ငန်း ၁၆ ခု ရှိပြီး  BYD, Tesla China, SAIC-GM-Wuling, Geely, XPeng, Li Auto, NIO တို့ ပါဝင်ပါတယ်။ 

ဇွန်လမှာ စွမ်းအင်သစ် အိမ်စီးကား လက်လီအရောင်း ၅၃၂,၀၀၀ ရောင်းချခဲ့ပါတယ်။ ယမန်နှစ် ဇွန်လထက် ၁၃၀.၈ % ပိုများပါတယ်။

ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ စွမ်းအင်သစ် အိမ်စီးကား စုစုပေါင်း စီးရေ ၂.၂၄၈ သန်း ရောင်းချခဲ့ပါတယ်။ 

ဇွန်လမှာ စွမ်းအင်သစ် အိမ်စီးကားစီးရေ ၃၁,၀၀၀ ပြည်ပသို့ တင်ပို့ခဲ့ပါတယ်။

#MyanmarAutomobileGuide

Telegram Channel

https://t.me/Guid4U

Source: CPCA 

Read 849 times