ကမ္ဘာ့အကြီးမားဆုံး ကားဈေးကွက်အဖြစ် တရုတ်နိုင်ငံ ဆက်လက်ရပ်တည်


ကမ္ဘာ့အကြီးမားဆုံး ကားဈေးကွက်အဖြစ် တရုတ်နိုင်ငံ ဆက်လက်ရပ်တည်

https://t.me/Guid4U
JOIN THE CHANNEL 

တရုတ်နိုင်ငံ ကားထုတ်လုပ်သူများအသင်း China Association of Automobile Manufacturers (CAAM) မှ ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၃ ခုနစ်တွင် တရုတ်နိုင်ငံထုတ် မော်တော်ယာဉ် အစီးရေ ၃၀.၀၉ သန်း စံချိန်သစ်တင် ရောင်းချခဲ့သည်။

CAAM က ၂၀၂၃ ခုနှစ်အတွက် ရောင်းအားကို ၃% ကြီးထွားမည်ဟု လျာထားခဲ့သည်။ လက်တွေ့တွင် လျာထားချက်ထက် ကျော်လွန်ပြီး ၁၂% ကြီးထွားခဲ့သည်။ ထိုသို့ ၂၀၂၃ ခုနှစ်တွင် ကြီးထွားနှုန်း အရှိန်ကောင်းခဲ့သော်လည်း CAAM က ၂၀၂၄ ခုနှစ်အတွက် ကြီးထွားနှုန်းကို ၃% ဆက်လက်လျာထားပါသည်။ 

ကမ္ဘာ့ဘဏ်က တရုတ်ပြည် နိုင်ငံ့စီးပွားရေး ကြီးထွားနှုန်းသည် ဆက်လက်နှေးနေဦးမည်ဖြစ်ပြီး ၄.၅% ကြီးထွားမည်ဟု ခန့်မှန်းထားသည်။

 

၂၀၂၃ ခုနှစ်တွင် ရောင်းအား အရှိန်တက်ခဲ့ရသည်မှာ တရုတ်နိုင်ငံထုတ် ကားများ၊ အထူးသဖြင့် တရုတ်နိုင်ငံထုတ် အီးဗီများ ကမ္ဘာ့ဝယ်လိုအား ပိုများလာခဲ့သဖြင့် ပြည်ပသို့ တင်ပို့ရောင်းချသည့် အစီးရေ ပိုများခြင်း၊ ပြည်တွင်းဈေးကွက်ထဲတွင် ပြိုင်ဆိုင်မှု ပြင်းထန်နေပြီး ဈေးချရောင်းခြင်း၊ မက်လုံးအစီအစဉ်များ ပေးအပ်ခြင်း၊ မော်ဒယ် အသစ်များထုတ်ခြင်း စသည့်နည်းလမ်းများဖြင့် အရောင်းမြှင့်တင်ခြင်း၊ လုပ်ငန်းသုံးယာဉ်များ ဝယ်လိုအား ပြန်မြင့်တက်လာခြင်းတို့ကြောင့် ဖြစ်ပါသည်။ 

 

ကိုဗစ် လော့ဒေါင်းများကြောင့် ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်တို့တွင် လုပ်ငန်းသုံးယာဉ်များ ဝယ်လိုအား ကျဆင်းနေခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ဝယ်လိုအား ပြန်ကောင်းလာခဲ့ပြီး အစီးရေ ၄.၀၃ သန်း ရောင်းချခဲ့သည်။ ၂၀၂၂ ခုနှစ်ထက် ၂၂% ပိုများပါသည်။

 

၂၀၂၃ ခုနှစ်တွင် အစီးရေ ၃၀.၀၉ သန်း ရောင်းချခဲ့ရသဖြင့် တရုတ်နိုင်ငံသည် “မော်တော်ကား ကမ္ဘာ့အများဆုံး ရောင်းချသူ” အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။

 ၎င်းအစီးရေတွင် ပြည်ပသို့ တင်ပို့သည့် ကားအစီးရေ ၄.၉၁ သန်း ပါဝင်သည်။ ၂၀၂၂ ခုနှစ်ထက် ၅၈% ပိုများပါသည်။ ဂျပန်သည် ခန့်မှန်းချေအားဖြင့် အစီးရေ ၄.၃ သန်း တင်ပို့ခဲ့ရာ တရုတ်သည် ဂျပန်ထက် ပိုများသဖြင့် ကမ္ဘာ့ထိပ်တန်း ကားအများဆုံးတင်ပို့သည့် နိုင်ငံအဖြစ် ရပ်တည်ပါသည်။

 

တရုတ်ကားများ ရုရှားနှင့် မက္ကဆီသို့ အများဆုံးတင်ပို့ခဲ့ပြီး ဘယ်လ်ဂျီယံနှင့် ထိုင်းသို့ အီးဗီတင်ပို့မှုသည်လည်း များပြားပါသည်။ 

တရုတ်အီးဗီများ ပြည်ပဈေးကွက်များတွင် ဝယ်လိုအား မြင့်တက်ခဲ့ပြီး အစီးရေ ၁.၂ သန်း တင်ပို့ခဲ့သည်။ ၂၀၂၂ ခုနှစ်ထက် ၇၇% ပိုများခဲ့ပါသည်။

 

 

တရုတ်ပြည်တွင်းဈေးကွက်တွင် အင်ဂျင်ကားအစား လျှပ်စစ်ကား ဝယ်စီးသူ ပိုများလာနေပါသည်။ ဘက်ထရီသုံး လျှပ်စစ်ကားနှင့် ပလပ်ထိုး အားသွင်း ဟိုက်ဘရစ်ကားများ အဝယ်များခဲ့ပြီး အစီးရေ ၉.၄၉ သန်း ရောင်းချခဲ့သည်။ ၂၀၂၂ ခုနှစ်ထက် ၃၈% ပိုများပါသည်။ 

အီးဗီများသည် ဈေးကွက်ဝေစု ၃၁% ရရှိခဲ့ပါသည်။ 

ဘက်ထရီသုံး အီးဗီစစ်စစ်များ အစီးရေ ၆.၆၈ သန်း ရောင်းချခဲ့သည်။ ၂၀၂၂ ခုနှစ်ထက် ၂၅% ပိုများပါသည်။ 

 

Source CnEVPost, Asia Nikkei 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 185 times