တရုတ်ပြည် ၂၀၂၃ ကားတင်သွင်းမှု အ‌ခြေအနေ ပြန်ကောင်းလာ


တရုတ်ပြည် ၂၀၂၃ ကားတင်သွင်းမှု အ‌ခြေအနေ ပြန်ကောင်းလာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

တရုတ်နိုင်ငံ၏ ပြည်ပမှ တင်သွင်းသော မော်တော်ကားဈေးကွက်တွင် သိသာထင်ရှားသော အပြောင်းအလဲများ ဖြစ်ပေါ်လျက်ရှိသည်။ 

တရုတ်နိုင်ငံ အိမ်စီးကား အသင်း China Passenger Car Association ၏ အဆိုအရ လွန်ခဲ့သည့် ခြောက်နှစ်တာ ကာလအတွင်း ကားတင်သွင်းရောင်းချမှု ဆက်တိုက် ကျဆင်းလာခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် အခြေအနေ ပြန်ကောင်းလာသည့် လက္ခဏာများ တွေ့ရသည်။


ပြည်ပမှ တင်သွင်းရောင်းချသည့် ကားများမှာ  ဈေးအမြင့်တန်းကားများ၊ စည်းစိမ်ကားများ ဖြစ်သည်။ 
 ပြည်တွင်းဈေးကွက်အတွင်း ဈေးအမြင့်တန်း မော်တော်ယာဉ်များ ၀ယ်လိုအား ခိုင်မာနေဆဲ ဖြစ်သည်။ သို့သော် ပြည်တွင်းထုတ် ဈေးအမြင့်တန်း ကားမော်ဒယ်များ နေရာပိုရလာနေသဖြင့် ပြည်ပမှတင်သွင်းသည့် စည်းစိမ်ကားများ နေရာကျုံ့သွားသည်။ သို့ဖြစ်ရာ ပြည်ပမှ တင်သွင်းသည့် စီးရေ လျော့ကျသည်။
၂၀၁၇ ခုနှစ်တွင် ပြည်ပမှ ကားအစီးရေ ၁.၂၄ သန်း တင်သွင်းရောင်းချခဲ့သည်။ 
၂၀၂၁ ခုနှစ်တွင် အစီးရေ ၉၄၀,၀၀၀ ပြည်ပမှ တင်သွင်းရောင်းချခဲ့သည်။
၂၀၂၂ ခုနှစ်တွင် အစီးရေ ၈၈၀,၀၀၀ ပြည်ပမှ တင်သွင်းရောင်းချခဲ့သည်။
သို့ဖြစ်ရာ ပျမ်းမျှအားဖြင့် နှစ်စဉ် ၁၀% လျော့ကျခဲ့သည်။
၂၀၂၃ ခုနှစ်တွင် ၇% သာ လျော့ကျမည်ဟု ခန့်မှန်းသည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာလအထိ အစီးရေ ၈၂၀,၀၀၀ တင်သွင်းရောင်းချခဲ့သည်။

 ဂျာမနီ၊ ဂျပန်နှင့် အမေရိကန်တို့ထံမှ ကားများ တင်သွင်းမှု ၂၀၂၃ တွင် လျော့ကျသည်။
ကိုရီးယားနိုင်ငံမှ တင်သွင်းသည့် စီးရေ  ၂၆၄ ရာခိုင်နှုန်း တိုးလာသည်။

 ၂၀၁၃ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာလအထိ ကာလအတွင်း အသွင်းအများဆုံး ဈေးအမြင့်တန်း စည်းစိမ်ကားများမှာ 
• BMW
• Mercedes-Benz
• Lexus
• Porsche
• Audi
တို့ ဖြစ်ပါသည်။ 
ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက BMW သည် ၂၃% ၊ Mercedes-Benz သည် ၁၄% ပိုများလာသည်။
Audi သည် ၃၇% ပိုများသည်။
Lexus နှင့် Porsche တို့ လျော့ကျသည်။

Source: Autochat

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 691 times