၂၀၂၂ ပထမ ၉ လ တရုတ်မှ ကားအများဆုံးတင်ပို့ခဲ့သည့် လုပ်ငန်း ၁၅ ခု


၂၀၂၂ ပထမ ၉ လ တရုတ်မှ ကားအများဆုံးတင်ပို့ခဲ့သည့် လုပ်ငန်း ၁၅ ခု

 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံသည် ကားအစီးရေ ၃၀၁,၀၀၀ တင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၇၃.၉% တိုးလာကြောင်း တရုတ်နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများအသင် း China Association of Automobile Manufacturers (CAAM) ထံမှ သိရပါသည်။

၂၀၂၂ ခုနှစ် ပထမသုံးလပတ်တွင် တရုတ်နိုင်ငံသည် စုစုပေါင်း ကားအစီးရေ ၂.၁၇၇ သန်း တင်ပို့ခဲ့ပါသည်။
တရုတ်နိုင်ငံသည် ၎င်း၏ ၂၀၂၁ တွင် တင်ပို့ခဲ့တဲ့ စီးရေ ပမာဏကျော်လွန်သွားရုံသာမက ဂျာမနီနိုင်ငံမှ တင်ပို့တဲ့ အစီးရေ ၁၈၀,၀၀၀ ကို ကျော်လွန်ကာ ကမ္ဘာပေါ်တွင် မော်တော်ယာဉ် တင်ပို့မှု စီးရေအရ ဒုတိယအများဆုံး ဖြစ်လာပါသည်။ ပထမနေရာတွင် ဂျပန်နိုင်ငံ ရှိနေဆဲ ဖြစ်ပါသည်။

ဂျပန်နှင့် ဂျာမနီတို့သည်  မော်တော်ယာဉ် ကမ္ဘာ့အများဆုံး တင်ပို့ရောင်းချသူများ ဖြစ်ကြသည်မှာ ကြာပါပြီ။

 အမေရိကန်သည် ၂၀၁၃ ခုနှစ်မှ စတင်ကာ ဂျပန် မော်တော်ယာဉ် တင်သွင်းမှု အများဆုံးနိုင်ငံ ဖြစ်ခဲ့ပါသည်။ 
ဂျပန်နိုင်ငံ၏ မော်တော်ယာဉ်တင်ပို့မှု စီးရေ စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကျော်ကို အမေရိကန်သို့ တင်ပို့ပါသည်။ ဂျပန်နိုင်ငံ၏ မော်တော်ယာဉ်တင်ပို့မှု စီးရေ ဒုတိယအများဆုံးမှာ ဩစတေးလျ ဖြစ်ပြီး တရုတ်နိုင်ငံသည် တတိယအများဆုံး ဖြစ်ပါသည်။
ဥရောပဈေးကွက်တွင် ဂျာမန်ကားများက ကြီးစိုးထားပါသည်။ ဂျာမန်ကားများ ဒုတိယအများဆုံး တင်ပို့သည့်နိုင်ငံမှာ အမေရိကန် ဖြစ်ပါသည်။ ဒုတိယအများဆုံး တင်ပို့သည့်နိုင်ငံမှာ ကနေဒါ ဖြစ်ပြီး တတိယအများဆုံး တင်ပို့သည့်နိုင်ငံမှာ တရုတ် ဖြစ်ပါသည်။

ယခုအခါ အီးဗီခေတ်ပြောင်းကာလမှာ ဥရောပဈေးကွက်သည် တရုတ်ကားထုတ်လုပ်သူများအတွက် ကြီးမားသောအခွင့်အလမ်းတစ်ခုဖြစ်ပါသည်။
ယခုနှစ် ပထမရှစ်လအတွင်း တရုတ်ကားထုတ်လုပ်သူများသည် ဥရောပသို့ ကားအစီးရေ ၁၉၃,၀၀၀ တင်ပို့ခဲ့ကြောင်း တရုတ်နိုင်ငံ အိမ်စီးကားအသင်း China Passenger Car Association (CPCA) အဆိုအရ သိရသည်။
BYD သည် ယခုနှစ်ကုန်တွင် ဥရောပနိုင်ငံ ၁၀ နိုင်ငံကျော်သို့ ဝင်ရောက်ရန် ရည်မှန်းချက် ထားရှိသည်။
NIO သည် ၂၀၂၅ နှစ်ကုန်တွင် အီးယူနိုင်ငံလေးခုတွင် လုပ်ငန်းလည်ပတ်ရန် မျှော်လင့်ထားသည်။ ရာနှင့်ချီသော ဘက်ထရီလဲလှယ်ရေးစခန်းများကို NIO ကားများအတွက် တည်ဆောက်နေပါသည်။

2022 Paris Motor Show တွင် Great Wall Motors, BYD, နှင့် Leapmotor ကဲ့သို့သော တရုတ်ကားထုတ်လုပ်သူများသည် ၎င်းတို့၏ နောက်ဆုံးပေါ် လျှပ်စစ်ကားများကို ခင်းကျင်းပြသထားသည်ကို တွေ့ရှိရသည်။ Great Wall Motors WEY Coffee 01 ကို ပွဲထုတ်ပြသခဲ့သည်။ 

ပို့ကုန် ကားတန်ဖိုးအရ အမေရိကန်၊ မက္ကဆီကို၊ ဂျပန်၊ ဘယ်လ်ဂျီယံ၊ ဗြိတိန်၊ ရုရှား၊ ဂျာမနီ၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် ဆော်ဒီအာရေဗျတို့သည် တရုတ်နိုင်ငံမှ မော်တော်ကားတင်ပို့သည့် ထိပ်တန်းဆယ်နိုင်ငံဖြစ်သည်။ ၎င်းနိုင်ငံများသို့ စုစုပေါင်း ပို့ကုန် ကားတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၆.၀၇ ဘီလီယံ ဖြစ်ပြီး တရုတ်နိုင်ငံ၏ စုစုပေါင်း ကားတင်ပို့မှု၏ ၄၆ ရာခိုင်နှုန်း ဖြစ်ပါသည်။

တရုတ်ကားထုတ်လုပ်ရေး လုပ်ငန်းတစ်ခုချင်းအရ ကြည့်လျှင် SAIC သည် တရုတ်နိုင်ငံ၏ မော်တော်ယာဉ် တင်ပို့ရောင်းချမှု စီးရေ စုစုပေါင်း၏ ၂၄% ဖြင့် ထိပ်ဆုံးမှာ ဆက်လက် တည်ရှိနေခဲ့သည်။
ကားအစီးရေ ၅ သိန်းကျော် (SAIC-GM ကဲ့သို့သော ဖက်စပ်လုပ်ငန်းမှ ကားများ တင်ပို့မှု မပါဝင်ပါ) တင်ပို့ခဲ့ပါသည်။
နိုင်ငံရပ်ခြားတွင်ရောင်းချသည့် တရုတ်ကားသုံးစီးတွင် တစ်စီးမှာ SAIC မှ ကားဖြစ်ပါ သည်။
SAIC သည် ၂၀၂၁  ခုနှစ်တွင် ကားအစီးရေ ၆၉၇,၀၀၀ တင်ပို့ခဲ့သည်။


Chery ၏ပြည်ပရောင်းအားသည် ၂၀၂၂ ခုနှစ် ပထမကိုးလအတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်းကားတင်ပို့မှု၏ ၃၇% ရှိသည်။ Tiggo 7 မော်ဒယ် အပြင် Tiggo 5X၊ Tiggo 3X၊ Tiggo 9 နှင့် Jetour X70 အပါအဝင် နောက်ထပ် Chery မော်ဒယ် ခုနစ်ခုသည် ဇန်နဝါရီလမှ စက်တင်ဘာလအထိ တရုတ်နိုင်ငံမှ တင်ပို့မှုအများဆုံး ထိပ်တန်းကား ၂၀ ထဲတွင် ပါဝင်ခဲ့သည်။

၂၀၂၁ သည် Chery ၏ ပြည်ပသို့တင်ပို့မှုနှစ် ၂၀ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ပြီး အစီးရေ ၂၇၀,၀၀ နီးပါး တင်ပို့ခဲ့သည်။

Geely သည် ၂၀၂၂ ခုနှစ် ပထမကိုးလအတွင်း စီးရေ ၁၄၂,၀၀၀ တင်ပို့ခဲ့သည်။ 


 

Source: CAAM, Sohu, CPCA

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

Read 742 times