တရုတ်နိုင်ငံ ၃ လတာ ကားတင်ပို့မှု စီးရေ ၁ သန်းနီးပါးသို့ ရောက်ရှိ


တရုတ်နိုင်ငံ ၃ လတာ ကားတင်ပို့မှု စီးရေ ၁ သန်းနီးပါးသို့ ရောက်ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ယခုနှစ် ပထမသုံးလပတ် တွင် တရုတ်နိုင်ငံ၏ မော်တော်ယာဥ် တင်ပို့မှု အားကောင်းခဲ့ကြောင်း ကားလုပ်ငန်းကဏ္ဍ အချက်အလက်များအရ သိရသည်။ 
ယင်းကာလအတွင်း စုစုပေါင်း ကားအစီးရေ ၉၉၄,၀၀၀ တင်ပို့ခဲ့သည်။
ယမန်နှစ် ပထမသုံးလပတ်ထက် ၇၀.၆% ပိုများကြောင်း တရုတ်နိုင်ငံ မော်တော်ယဉ် ထုတ်လုပ်ရေး လုပ်ငန်းရှင်များ အသင်း China Association of Automobile Manufacturers မှ အချက်အလက် ထုတ်ပြန်သည်။

 အိမ်စီးကား တင်ပို့မှုသည် ယမန်နှစ်ထက် ၈၂.၉ % ပိုများသည်အထိ ခုန်တက်ခဲ့ပြီး အစီးရေ ၈၂၆,၀၀၀ တင်ပို့ခဲ့သည်။

လုပ်ငန်းသုံးယာဉ် တင်ပို့မှုသည် ယမန်နှစ်ထက် ၂၈.၁ % ပိုများခဲ့ပြီး စီးရေ ၁၆၈,၀၀၀ တင်ပို့ခဲ့သည်။


ဇန်နဝါရီမှ မတ်လအတွင်း စွမ်းအင်သစ်သုံး ‌မော်တော်ယာဉ် တင်ပို့မှုမှာ ယမန်နှစ်ထက် ၂ ဆကျော် ပိုများခဲ့ပြီး အစီးရေ ၂၄၈၀၀၀ တင်ပို့ခဲ့သည်။
Source China Association of Automobile Manufacturers

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 228 times