တရုတ်နိုင်ငံသည် မော်တော်ယာဉ်တင်ပို့မှုတွင် ကမ္ဘာ့အဆင့်(၂)နေရာတွင်ရောက်ရှိ


တရုတ်နိုင်ငံသည် မော်တော်ယာဉ်တင်ပို့မှုတွင် ကမ္ဘာ့အဆင့်(၂)နေရာတွင်ရောက်ရှိ

 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

တရုတ်နိုင်ငံ၏ မော်တော်ယာဉ် တင်ပို့မှုမှာ ပြီးခဲ့သည့် စက်တင်ဘာလက အရှိန်အဟုန် ဆက်လက်တည်ရှိနေခဲ့ပြီး ကမ္ဘ့ာ နံပါတ် (၂) မော်တော်ယာဉ် အများဆုံး တင်ပို့သည့်နိုင်ငံနေရာ ရရှိထားခြင်းကို ခိုင်မာစေခဲ့ကြောင်း၊ စက်တင်ဘာလတွင် တရုတ်နိုင်ငံ၏ ဆိပ်ကမ်းများမှ ကား အစီးရေ ၃၁၀,၀၀၀  တင်ပို့ခဲ့ကြောင်း  ၁၁-၁၀-၂၂ တွင် ထုတ်ပြန်သော တရုတ်နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများ အသင်း China Association of Automobile manufacturers ၏ အချက်အလက်များအရ သိရသည်။
.
 ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ အချက်အလက်များအရ စံချိန်တင် အများဆုံး တင်ပို့ခဲ့သည့်  သြဂုတ်လထက် ၂.၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သော်လည်း မော်တော်ယာဉ်တင်ပို့မှုမှာ တစ်နှစ်ထက်တစ်နှစ် ၇၄ ရာခိုင်နှုန်းနီးပါး တက်လာခဲ့ကြောင်း၊ ပထမသုံးလပတ်အတွင်း စုစုပေါင်း တင်ပို့မှုမှာ အစီးရေ ၂ ဒသမ ၁၂ သန်းရှိပြီး တစ်နှစ်ထက်တစ်နှစ် ၅၅ ရာခိုင်နှုန်း တိုးလာပြီး ၂၀၂၁ ခုနှစ် စုစုပေါင်းတင်ပို့မှုထက်ပိုမိုခဲ့ပါသည်။ 

တရုတ်နိုင်ငံသည် ဩဂုတ်လတွင် ဂျာမနီနိုင်ငံကို ကျော်တက်ခဲ့ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး မော်တော်ယာဉ် တင်ပို့ရောင်း ချသူနေရာကို ရရှိခဲ့ပါသည်။ ယခုအခါ ဂျပန်သည် ပထမနေရာတွင် ရှိနေပြီး တရုတ်နိုင်ငံသည့် ဒုတိယနေရာတွင် ရှိနေပါသည်။  ယခုနှစ် ပထမ ရှစ်လအတွင်း တရုတ်နိုင်ငံမှ အစီးရေ ၁.၈၂ သန်းခန့် တင်ပို့ခဲ့ပါသည်။
အလားတူကာလအတွင်း ဂျာမနီနိုင်ငံမှ တင်ပို့မှုမှာ အစီးရေ ၁.၆၆ သန်းရှိကြောင်း ဂျာမန် မော်တော်ယာဉ်စက်မှုလုပ်ငန်းအသင်းမှ သိရသည်။ 
.
တရုတ်ကားထုတ်လုပ်သူများသည် ၎င်းတို့၏ ကမ္ဘာ့စျေးကွက်ရှာဖွေရေးတွင် ပြန်လည်အားဖြည့်နေကြသည်။
စက်တင်ဘာလတွင် နိုင်ငံ၏ အကြီးဆုံး SUV နှင့် ပစ်ကပ် ထုတ်လုပ်သူ Great Wall Motors သည် နိုင်ငံရပ်ခြားတွင် ကား အစီးရေ ၁၈,၀၀၀ ကျော် ရောင်းချခဲ့ပြီး ယင်းသည် တစ်လအတွင်း Great Wall Motors မှ စုစုပေါင်းရောင်းချရမှု၏ ငါးပုံတစ်ပုံရှိပါသည်။  ယခုနှစ်အထိ ပြည်ပသို့ အစီးရေ ၁၁၂,၀၀၀ ရောင်းချခဲ့ရပြီး တစ်နှစ်ထက်တစ်နှစ် ၁၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ ၎င်း၏ Go-Global နည်းဗျူဟာကို အရှိန်မြှင့်လုပ်ဆောင်နေသည်ဟု ကား ထုတ်လုပ်သူမှ ပြောကြားခဲ့သည်။ 
၉-၁၀-၂၂ တွင် ထိုင်းဈေးကွက်တွင်း ဝင်ရောက်ခဲ့သော  plug-in hybrid H6 SUV သည် မိနစ် ၄၀ ကြာမြင့်သည့် မိတ်ဆက်ပွဲအတွင်း ယင်းမော်ဒယ်အတွက် ကြိုတင်အမှာစာ ၁,၀၀၀ ကျော် ရရှိခဲ့ကြောင်း ကားထုတ်လုပ်သူမှ ပြောကြားခဲ့သည်။ 
.
တရုတ်နိုင်ငံ အိမ်စီးကားအသင်း China Passenger Car Association ၏ အထွေထွေအတွင်းရေးမှူး Cui Dongshu က လျှပ်စစ်ကားများနှင့် plug-in hybrid များပါဝင်သော စွမ်းအင်သစ်သုံးကား New Energy Vehicle NEV များသည် တရုတ်နိုင်ငံ ၏ မော်တော်ယာဉ်တင်ပို့မှုအတွက် မောင်းနှင်အား အသစ်တစ်ခုအဖြစ် ပေါ်ထွက်နေကြောင်း ပြောကြားခဲ့သည်။ ပထမသုံးလပတ်တွင် NEV တင်ပို့မှုသည် စုစုပေါင်းယူနစ် ၃၈၉,၀၀၀ ရှိခဲ့ပြီး ယမန် နှစ် အလားတူကာလထက် နှစ်ဆဖြစ်ပါသည်။ 
 အဆိုပါယာဉ်များ၏ ထိပ်တန်းသုံးနေရာများမှာ ဘယ်လ်ဂျီယံ၊ ဗြိတိန်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း ဂျာမန် ကားအငှားကုမ္ပဏီ Sixt သည် တရုတ်နိုင်ငံ BYD မှ လျှပ်စစ်ကားအစီးရေ ၁၀၀,၀၀၀ ဝန်းကျင် ဝယ်ယူရန်အတွက် ယခုလအစောပိုင်းတွင် သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါဝယ်ယူမှုသည် ၂၀၂၈ ခုနှစ်တွင် အပြီး သတ်ဆောင်ရွက်မည်ဖြစ်သည်။ သဘောတူညီချက်၏ ပထမအဆင့်တွင် BYD သည် Sixt သို့ အီးဗီ စီးရေ ထောင်ပေါင်းများစွာကို ယခုနှစ် စတုတ္ထသုံးလပတ်တွင် စတင်ရောင်းချနိုင်ဖွယ်ရှိပါသည်။ 
.
တရုတ်နိုင်ငံ၏ အကြီးဆုံးကားထုတ်လုပ်သူ SAIC Motor သည် စက်တင်ဘာလတွင် ကားအစီးရေ ၉၉,၀၀၀ တင်ပို့ခဲ့ပါသည်။ ၎င်းကားများထဲမှ MG4 EV ၁၀,၀၀၀ သည် ဥရောပသို့ တင်ပို့ရန်ဖြစ်ပြီး နိုင်ငံအသီးသီးရှိ ကားအရည်အသွေး စံချိန်စံညွှန်း အသစ်များအပေါ် အခြေခံထုတ်လုပ်ပေးထားပါသည်။  စတုတ္ထသုံးလပတ်တွင်  နိုင်ငံပေါင်း ၂၀ ခန့်တွင် စတင်ရောင်းချမည်ဖြစ်သည်။ အဆိုပါမော်ဒယ်  တစ်နှစ်တာရောင်းအားသည်  အစီးရေ ၁၀၀,၀၀၀ အထိရောက် ရှိနိုင်သည်ဟု မျှော်မှန်းထားသည်။   ၎င်း၏ ရောင်းအားသည် ပထမဆုံးပြည်ပဈေးကွက်ဖြစ်သော  ဥရောဈေးကွက်တွင် ကြီးထွားလာစေရန် အထောက်အကူ ရရှိမည်ဖြစ်ကြောင်း ကားထုတ်လုပ်သူမှ ပြောကြားခဲ့ပါသည်။
SAIC သည် ရည်မှန်းချက် တစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ဥရောပ၌ အနည်းဆုံး NEV အစီးရေ ၂၄၀,၀၀၀ ရောင်းချရန် ရည်မှန်းထားပြီး ထိုနှစ်တွင်ပင် နိုင်ငံရပ်ခြားဈေးကွက်များသို့ ကားအစီးရေ ၁.၅ သန်း ပို့ ဆောင်ရန် ရည်မှန်းထားပါသည်။ 
 ပထမသုံးလပတ်တွင် တရုတ်နိုင်ငံပြင်ပတွင် စီးရေ ၆၈၈,၀၀၀ ရောင်းချခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၅၆ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ပါသည်။ 
Source Chinadaily

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

Read 474 times