တရုတ်နိုင်ငံ မော်တော်ယာဉ် တင်ပို့မှု ၂၀၂၂ ခုနှစ်တွင် ထက်ဝက်ကျော် ပိုများ


တရုတ်နိုင်ငံ မော်တော်ယာဉ် တင်ပို့မှု ၂၀၂၂ ခုနှစ်တွင် ထက်ဝက်ကျော် ပိုများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်နိုင်ငံ၏ မော်တော်ယာဉ် တင်ပို့မှုသည် ၂၀၂၂  ခုနှစ်တွင် ၂၀၂၁ ခုနှစ်ထက် ၅၄.၄% ပိုများခဲ့သည်။ မော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဍ တစ်ခုလုံး အနေဖြင့်လည်း ကြီးထွားခဲ့ပါသည်။
  
၂၀၂၂  ခုနှစ်တွင် တရုတ်နိုင်ငံမှ ကားအစီးရေ ၃ ဒသမ ၁၁ သန်းကျော် တင်ပို့ခဲ့သည်။

၂၀၂၂  ခုနှစ်တွင် အိမ်စီးကား စီးရေ ၂.၅၃ သန်း ကို တရုတ်နိုင်ငံမှ တင်ပို့ခဲ့ပြီး ၂၀၂၁ ခုနှစ်ထက် ၅၆.၇% ပိုများခဲ့ကြောင်း တရုတ်နိုင်ငံ မော်တော်ယဉ် ထုတ်လုပ်ရေး လုပ်ငန်းရှင်များ အသင်း China Association of Automobile Manufacturers က ပြောကြားသည်။


 
၂၀၂၂  ခုနှစ်တွင် လုပ်ငန်းသုံးယာဉ် စီးရေ  ၅၈၂,၀၀၀ တင်ပို့နိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်ထက် ၄၄.၉% ပိုများခဲ့ပါသည်။ 

၂၀၂၂  ခုနှစ်တွင် စွမ်းအင်သစ် မော်တော်ယာဉ် new-energy vehicle (NEV) စီးရေ ၆၇၉,၀၀၀ တင်ပို့ခဲ့ပြီး ၂၀၂၁ ခုနှစ်ထက် ၁.၂ ဆ ရှိပါသည်။

တရုတ်ပြည်တွင်း မော်တော်ယာဉ် ထုတ်လုပ်သူများအကြား ဈေးကွက်ဝေစု ပိုမိုရရှိရန် ယှဉ်ပြိုင်မှု ပိုမိုပြင်းထန်နေသည်ဟု တရုတ်နိုင်ငံ မော်တော်ယဉ် ထုတ်လုပ်ရေး လုပ်ငန်းရှင်များ အသင်းက ပြောကြားပါသည်။

၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ တစ်နှစ်တာ မော်တော်ကားယာဉ် တင်ပို့မှုသည် အစီးရေ ၂ သန်း မိုင်တိုင်ကို ပထမဆုံးအကြိမ် ကျော်ဖြတ်ခဲ့ပါသည်။ ယခုအခါ စီးရေ ၃ သန်း မိုင်တိုင်ဆီသို့ နီးကပ်လာနေပြီ ဖြစ်ပါသည်။
Source: Xinhua၏

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 864 times