တရုတ်က ဂျပန်ကို ကျော်တက်ကာ ကမ္ဘာ့နံပါတ် (၁) ကား အများဆုံး တင်ပို့ရောင်းချသည့်နိုင်ငံ ဖြစ်လာနိုင်


တရုတ်က ဂျပန်ကို ကျော်တက်ကာ ကမ္ဘာ့နံပါတ် (၁) ကား အများဆုံး တင်ပို့ရောင်းချသည့်နိုင်ငံ ဖြစ်လာနိုင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်နိုင်ငံသည် ဂျာမနီကို ကျော်တက်ကာ ကမ္ဘာ့ဒုတိယအကြီးဆုံး ကားတင်ပို့သူ ဖြစ်လာသည်။
ယခုအခါ ဂျပန်ကို ကျော်တက်ပြီး ကမ္ဘာ့နံပါတ် (၁) ကား အများဆုံး တင်ပို့ရောင်းချသည့်နိုင်ငံ ဖြစ်လာမည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေသည်။

လျှပ်စစ်မော်တော်ကားဝယ်လိုအား တဟုန်ထိုး မြင့်တက်နေခြင်းကြောင့် တရုတ်နိုင်ငံမှ  မော်တော်ယာဥ် တင်ပို့မှုသည် ကိုဗစ် ကပ်ရောဂါ မဖြစ်ပွားမီက အဆင့်ထက် ကျော်လွန်သွားခဲ့သည်။
ဂျပန်နှင့် ထိုင်းတို့သည် ကိုဗစ် ကပ်ရောဂါ မဖြစ်ပွားမီက အဆင့်သို့ ပြန်မရောက်ကြသေးချေ။

Tesla ၏ အကြီးဆုံး ကားစက်ရုံဖြစ်သည့် Gigafactory Shanghai မှ ထုတ်လုပ်သည့် အီးဗီများကို ပြည်ပသို့ တင်ပို့နေခြင်းကလည်း တရုတ်မှ ကားတင်ပို့သည့် အရေအတွက်ကို သိသိသာသာ မြင့်တက်စေသည်။

Moody’s Analytics ၏ အဆိုအရ ၂၀၂၃ အကုန်တွင် တရုတ်သည် ဂျပန်ကို ကျော်တက်သွားနိုင်ဖွယ် ရှိနေသည်။
တရုတ်သည် ၂၀၂၁ တွင် တောင်ကိုရီးယားကို ကျော်တက်ခဲ့ပြီး ၂၀၂၂ တွင် ဂျာမနီကို ကျော်တက်ခဲ့သည်။ ၂၀၂၃ တွင် ဂျပန်ကို ကျော်တက်ဖို့ အရှိန်အဟုန် ရရှိနေသည်။
ဂျပန်သည် နံပါတ်(၁) နေရာကို ၂၀၁၉ ခုနှစ်တွင် စတင်ရောက်ရှိခဲ့ပြီး တောက်လျှောက် သရဖူ ဆောင်းထားခဲ့သည်မှာ ၂၀၂၂ ခုနှစ်အထိ ဖြစ်သည်။

တလတာ တင်ပို့မှုကို ကြည့်လျှင် ယမန်နှစ်က ပျမ်းမျှအားဖြင့် တရုတ်သည် ဂျပန်ထက် အစီးရေ ၁၇၁,၀၀၀ လျော့နည်းသည်။ ယခုနှစ် ဧပြီမေဇွန် ဒုတိယ ၃ လပတ်တွင် အစီးရေ ၇၀,၀၀၀ ဝန်းကျင်သာ ကွာခြားသည်။

"ဒီအရှိန်အဟုန်နဲ့ဆိုရင် တရုတ်က ဒီနှစ်ကုန်မှာ ဂျပန်ကို ကျော်တက်မယ့် လမ်းကြောင်းပေါ်ရောက်နေတယ်" ဟု Moody’s မှ စီးပွားရေး ပညာရှင်များက ပြောကြားသည်။
Source cnbc
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 2027 times