တရုတ်နိုင်ငံ ကမ္ဘာ့အများဆုံး  မော်တော်ယာဉ် တင်ပို့သည့် နိုင်ငံဖြစ်လာ


တရုတ်နိုင်ငံ ကမ္ဘာ့အများဆုံး  တင်ပို့သည့် နိုင်ငံဖြစ်လာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ယခုနှစ် ပထမသုံးလပတ်တွင် တရုတ်နိုင်ငံသည် ဂျပန်နှင့် ဂျာမနီတို့ကို ကျော်တက်ကာ မော်တော်ယာဉ် ကမ္ဘာ့အများဆုံး   တင်ပို့သည့် နိုင်ငံအဖြစ်သို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည်။ စုစုပေါင်း ကားအစီးရေ ၁.၀၅၉ သန်း တင်ပို့ခဲ့သည်။
ယခင်က ကမ္ဘာ့အများဆုံး  တင်ပို့သည့် နိုင်ငံဖြစ်ခဲ့သော ဂျပန်နိုင်ငံသည် ပထမ ၃ လပတ်တွင် စီးရေ ၁.၀၄၇ သန်း တင်ပို့ခဲ့သည်။

တရုတ်နိုင်ငံ မော်တော်ယာဉ်တင်ပို့မှုတွင် Tesla China, SAIC, Chery, Geely, Great Wall Motors, Changan နှင့် BYD တို့ တင်ပို့မှုများ ပါဝင်ခဲ့သည်။

 

လက်ရှိတွင် SAIC သည် မော်တော်ယာဉ် တင်ပို့မှု အများဆုံး ဖြစ်သည်။ ၎င်း၏ brand တစ်ခု ဖြစ်သော MG ကို အများဆုံး တင်ပို့ခဲ့သည်။
ပျမ်းမျှအားဖြင့် တရုတ်ပြည်မှ တင်ပို့သည့် ကား ၃ စီးတွင် ၁ စီးသည် SAIC ထုတ်လုပ်သည့် ကား ဖြစ်သည်။
နာမည်ကြီးနေသည့် BYD သည် နဝမမြောက် အများဆုံးတင်ပို့သည့် ကားလုပ်ငန်းသာ ဖြစ်ပြီး စီးရေ ၅၈,၀၀၀ မျှသာ တင်ပို့ခဲ့သည်။
.
ယခုနှစ် ပထမ ၄ လ (ဇန်နဝါရီမှ ဧပြီအထိ) တွင် တရုတ်ပြည်ရှိ ကားထုတ်လုပ်သူများသည် စီးရေ ၁.၃၇ သန်း တင်ပို့ခဲ့သည်။

 

 


၂၀၂၃ ခုနှစ် ဧပြီလတွင် စီးရေ ၃၇၆,၀၀၀ တင်ပို့ခဲ့သည်ဟု တရုတ် မော်တော်ယဉ် ထုတ်လုပ်သူလုပ်များ အသင်း China Association of Automobile Manufacturers က စာရင်း ထုတ်ပြန်သည်။
.
တရုတ်နိုင်ငံ  အကောက်ခွန် အထွေထွေ ဦးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းအရ ၂၀၂၃ ခုနှစ် ပထမ ၃လပတ်တွင် တရုတ်ပြည်ဖြစ် မော်တော်ယာဉ်များ တင်သွင်းမှု အများဆုံး ထိပ်တန်း(၁၀) စာရင်းဝင် နိုင်ငံများမှာ
ရုရှား၊
အမေရိကန်၊
မက္ကဆီကို၊
ဗြိတိန်၊
ဘယ်လ်ဂျီယံ၊ 
ဂျပန်၊ 
ဩစတြေးလျ၊
ဂျာမနီ၊ 
အာရပ်စော်ဘွားများ ပြည်ထောင်စု၊
တောင်ကိုရီးယား
တို့ ဖြစ်ပါသည်။
.


တရုတ်ပြည်ဖြစ် မော်တော်ယာဉ်များကို --
အာဖရိကတွင် အီဂျစ်နှင့် တောင်အာဖရိသို့ အများဆုံး တင်ပို့ခဲ့သည်။ 
အာရှတွင် ဆော်ဒီအာရေးဗီးယား၊ အိန္ဒိယ၊ ထိုင်းနှင့် ဗီယက်နမ်တို့ထံ အများဆုံး တင်ပို့ခဲ့သည်။ 
ဥရောပတွင် ရုရှားနှင့် ယူကေ တို့ထံ အများဆုံး တင်ပို့ခဲ့သည်။
မြောက်အမေရိကတွင် အမေရိကန်၊ မက္ကဆီကိုနှင့် ကာရေဘီယံနိုင်ငံများသို့ အများဆုံး တင်ပို့ခဲ့သည်။ 
တောင်အမေရိကတွင် ဘရာဇီး၊ ချီလီ၊ ပီရူးနှင့် အီကွေဒေါ တို့ထံ အများဆုံး တင်ပို့ခဲ့သည်။
.
ယခုနှစ်တွင် စီးရေ ၄ သန်းအထိ ရောက်ရှိမည်ဟု တရုတ်နိုင်ငံ အိမ်စီးကား အသင်း Chinese Passenger Car Association က ကြိုတင်ခန့်မှန်းထားပါသည်။ သို့ဖြစ်ရာ ၂၀၂၃ တွင် တရုတ်ပြည်သည် ဂျပန်ကို ကျော်တက်ပြီး မော်တော်ယာဉ် ကမ္ဘာ့အများဆုံး တင်ပို့သည့် နိုင်ငံ ဖြစ်လာမည်။
.
၂၀၂၀ ပြည်နှစ် မတိုင်ခင် ၁၀ နှစ်တာတွင် တရုတ်ပြည်ဖြစ် မော်တော်ယာဉ်တင်ပို့မှုသည် တစ်နှစ်လျှင် စီးရေ ၁ သန်း ဝန်းကျင်သာ ရှိသည်။
၂၀၂၁ တွင် စီးရေ ၂ သန်းကျော်သို့ ခုန်တက်သွားခဲ့သည်။ တောင်ကိုရီးယားကို ကျော်တက်ပြီး ကမ္ဘာ့ တတိယအများဆုံး တင်ပို့သည့် နိုင်ငံ ဖြစ်လာသည်။ ဂျပန်သည် အများဆုံးနှင့် ဂျာမနီသည့် ဒုတိယအများဆုံး ဖြစ်ခဲ့ပါသည်။
၂၀၂၂ တွင် တရုတ်ပြည်ဖြစ် မော်တော်ယာဉ် စီးရေ ၃.၁၁ သန်း ပြည်ပသို့ တင်ပို့သည်။ ဂျာမနီကို ကျော်တက်ပြီး  မော်တော်ယာဉ် ကမ္ဘာ့တတိယအများဆုံး တင်ပို့သည့်နိုင်ငံ အဖြစ်သို့ ရောက်ရှိခဲ့သည်။

Source: Sina, 36kr
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 189 times