ထိုင်းမှာ မော်တော်ယာဉ် သုတေသနစင်တာ တရုတ်အစိုးရ ဖွင့်လှစ်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်နိုင်ငံသည် အရှေ့တောင်အာရှ၏ အကြီးဆုံး မော်တော်ယာဥ်ဈေးကွက် တည်ရှိရာ ထိုင်းနိုင်ငံတွင် တရုတ်ကားထုတ်လုပ်သူများကုိရာ ကူညီရန်အတွက် မော်တော်ကားသုတေသနစင်တာကို ဖွင့်လှစ်ပါသည်။
တရုတ်နိုင်ငံ မော်တော်ယာဉ် နည်းပညာနှင့် သုတေသန စင်တာ China Automotive Technology and Research Center (CATARC)က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ဒေသဆိုင်ရာဌာနခွဲတခု ထူထောင်ပါသည်။ CATARC ၏ စတုတ္ထမြောက် ဌာနခွဲဖြစ်သည်။
CATARC သည် ဂျပန်၊ ဆွစ်ဇာလန်နှင့် ဂျာမနီတို့တွင်လည်း ဌာနခွဲ ဖွင့်လှစ်ထားပါသည်။
CATARC သည် ထိုင်း၊ အင်ဒိုနီးရှားနှင့် အခြားပတ်ဝန်းကျင်နိုင်ငံများတွင် မော်တော်ယာဥ်ဆိုင်ရာ စံနှုန်းများနှင့် စည်းမျဉ်းများကို မှတ်တမ်းမှတ်ရာများ ထားရှိမည် ဖြစ်သည်။
အရှေ့တောင်အာရှတွင် နိုင်ငံအလိုက်ကွဲပြားသည့် ထောက်ပံ့ကြေးများ၊ သွင်းကုန်အခွန်အခများနှင့် လက်မှတ်စစ်ဆေးမှုများအတွက် စံနှုန်းများကို လေ့လာမှတ်သားပေးနေမည် ဖြစ်သည်။
အရှေ့တောင်အာရှသို့ ချဲ့ထွင်နေသော တရုတ်ကားထုတ်လုပ်သူများသည် သိလိုသည့် အချက်အလက်များကို CATARC ဌာနခွဲထံမှ ရယူနိုင်မည် ဖြစ်သည်။
Source Asia Nikkei
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U