Chevy Bolt EV Electric car


အမေရိကန်ကားကုမ္ပဏီ General Motors မှ လူလတ်တန်းစားဈေးကွက်ကို ရည်ရွယ်သည့် ပထမဆုံးလျှပ်စစ်ကားကို စတင်ဖြန့်ဖြူးခဲ့ကြောင်းသိရသည်။

GM သည် Tesla ၏ ကြီးမားသည့် စက်ရုံရှိသည့် ဖရီးမောက်မြို့အပါအဝင် ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဖောက်သည်သုံးဦးအတွက် Chevrolet Bolt EV ကားများကိုဖြန့်ဖြူးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Bolt ကားများသည် တစ်ကြိမ်အားသွင်းထားလျှင် ၂၃၈ မိုင်အထိမောင်းနှင်နိုင်သည်ဟုသိရသည်။

ယင်းကာအတွက် သတ်မှတ်ဈေးနှုန်းသည် ဒေါ်လာ ၃၇,၄၉၅ ဖြစ်သော်လည်း သုံးစွဲသူများသည် ဇီဝလောင်စာ အခွန်အတွက် ဒေါ်လာ ၇,၅၀၀ အထိ သက်သာနိုင်မည်ဟု သိရသည်။

GM သည် ၎င်း၏ ကုမ္ပဏီကို ၂၁ ရာစု၏ ရွေ့လျားကုမ္ပဏီအဖြစ် ပြောင်းလဲဆောင်ရွက်မှု အရှိန်မြှင့်တင်နိုင်ရန် bolt ကားများကို တိုးမြှင့်ဖြန့်ဖြူးသွားမည်ဟု သိရသည်။

Tesla သည်လူလတ်တန်းစားဈေးကွက်ကို ရည်ရွယ်သည့် လျှပ်စစ်ကားModel ၃ ကို ထုတ်လုပ်နေသော်လည်း ၂၀၁၇ ခုနှစ်မတိုင်ခင်ဈေးကွက်သို့ တင်ပို့နိုင်မည်မဟုတ်သေးကြောင်းသိရသည်။

ထိုကားသည် အမေရိကန်နိုင်ငံတွင် ရောင်းအားအကောင်းဆုံးအမျိုးအစားတစ်ခုဖြစ်လာမည်ဖြစ်သည်။

Tesla ၏ ခေတ်မီသော Model S ကားများသည် ဈေးကွက်တွင် ရရှိနေပြီ ဖြစ်သော်လည်း ယင်းကားဈေးနှုန်းသည် ဒေါ်လာ ၆၈,၀၀၀ မှ စတင်သည်ကို တွေ့ရသည်။

Ford နှင့် Fisker အပါအဝင် အခြားကားကုမ္ပဏီများသည်လည်း အလားတူလျှပ်စစ်ကားများကို ထုတ်လုပ်နေသည်ကို တွေ့ရသည်။

Read 2036 times