မတ်လကုန်တွင် စတင်မိတ်ဆက်မည့် Chevrolet မိုဒယ်ကားသစ်နှစ်မျိုး


Chevrolet Myanmar မှ 2017 ကားမိုဒယ်သစ်နှစ်မျိုးမှာ Double Cab ကားအမျိုးအစား Colorado High Country နှင့် SUV ကားအမျိုးအစား Trailblazer တို့ဖြစ်ပြီး မတ်လ ၃၁ ရက်မှ ဧပြီ ၂ ရက်အထိမန္တလေး မင်္ဂလာ Shopping mall တွင်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

Chevrolet ၏ 2017 ကားသစ်နှစ်မျိုးစလုံးမှာ ရုပ်ပိုင်းဆိုင်ရာနှင့် အတွင်းခန်းဒီဇိုင်းများပြောင်းလဲသွားပြီး Advanced Technology များထည့်သွင်းပေါင်းစပ်ထားသောကားဖြစ်ကြောင်းသိရသည်။

မိတ်ဆက်ပြသမည့် ကားမိုဒယ်သစ်နှစ်မျိုးမှာ 2.8L Turbo ဒီဇယ်အင်ဂျင်ကားများဖြစ်ပြီး Colorado High Country ကိုအမေရိကန်ဒေါ်လာ 49,000၊ Trailblazer ကိုအမေရိကန်ဒေါ်လာ 72,000 ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

Read 2526 times