တောင်တက်တောင်ဆင်းခရီးများအတွက် လုံးဝအဆင်ပြေသော Chevrolet Trax 2018


၂၀၁၈ မိုဒယ် Chevrolet Trax သည် subcompact SUV ကားအမျိုးအစားဖြစ်ပြီး hill start assist နှင့် hill descent control စနစ်များ ပါရှိသည့်အတွက် တောင်တက်တောင်ဆင်းခရီးများတွင် လွယ်ကူချောမွေ့စွာဖြင့် မောင်းနှင်နိုင်ပါသည်။

၂၀၁၈ မိုဒယ် Chevrolet Trax သည် L.4L တာဘိုအင်ဂျင်ဖြစ်ပြီး ဓာတ်ဆီအင်ဂျင်ဖြစ်သည့်အပြင် အော်တိုဂီယာ ခြောက်ချက်ပြောင်းလဲ အသုံးပြုနိုင်ပါသည်။

နှစ်ထပ်ရှဲလ်ပုံစံဖြစ်ပြီး အောက်ဘက် ရှဲလ်က ပိုပြီး ကျယ်ဝန်းပါသည်။

အောက်ရှဲလ်အလျားတန်း ငါးတန်းပါရှိသကဲ့သို့ အပေါ်ရှဲလ်တွင် အလျားလိုက်အတန်း တစ်တန်းသာ ပါရှိပြီး အလယ်တွင် Chevrolet ၏ လိုဂိုတံဆိပ် တပ်ဆင်ထားပါသည်။

အပေါ်ရှဲလ်၏ တစ်ဖက်စီတွင် ရှေ့မီးလုံးကြီးများကို အတွင်းဘက်အထိ ရှည်လျားစွာတပ်ဆင်ထားပါသည်။

ရှေ့မီးလုံးများသည် Projector head lamps ဖြစ်၍ ကျယ်ဝန်းသော ညပုံရိပ်များကို လိုအပ်သလို ချိန်ညှိပြသပေးနိုင်ပါသည်။

Automatic on-off LED daytime running lights များသည် အလိုအလျောက် အဖွင့်အပိတ်စနစ်ပါရှိပြီး Daylight LED မီးလုံးများ တပ်ဆင်ထားပါသည်။

မိုးရွာသွန်းသောအချိန်နှင့် မြူနှင်းထူထပ်သော အချိန်များတွင်ထွင်းဖောက်ပြီး အလင်းပြပေးနိုင်သော front fog lamp နှင်းခွဲမီးလုံးများ တပ်ဆင်ထားပါသည်။

အလိုအလျောက်ချိန်ညှိနိုင်သော နောက်ကြည့်မှန်များပါရှိပြီး ကားအမိုးပေါ်တွင် roof-mounted side rails နှင့် roof antenna များ ပါရှိပါသည်။

ငါးယောက်စီးကားအမျိုးအစားဖြစ်ပြီး ရှေ့ထိုင်ခုံများသည် အလိုအလျောက် စိတ်ကြိုက်အနေအထား ချိန်ညှိနိုင်ပါသည်။

အတွင်းခန်း၏ အပူချိန်ကို လျှော့ချပေးနိုင်သော အော်တိုအဲကွန်းစနစ်ပါရှိပါသည်။

ခုနစ်လက်မ အယ်လ်အီးဒီဒစ်ပလေးပါရှိပြီး စပီကာခြောက်လုံး ပါရှိသော အဆင့်မြင့် အသံစနစ် ပါရှိပါသည်။

My Link စနစ်ပါရှိပြီး FM/AM ရေဒီယို၊ အမ်ပီသရီးများနှင့် ချိတ်ဆက်အသုံးပြုနိုင်ပါသည်။

အဆင့်မြင့်ဘရိတ်စနစ်များဖြစ်သော Anti-Lock Braking System (ABS) နှင့် Brake Assist စနစ်များ ပါရှိပါသည်။

မြန်နှုန်းမြင့် မောင်းနှင်သည့်အခါ ကုတ်အား ကောင်းမွန်အောင် ထိန်းချုပ်ပေးသော Traction Control System (TCS) စနစ်ပါရှိပါသည်။

တာယာလေးလုံးအတွင်းတွင်ရှိသော လေပေါင်အခြေအနေကို စောင့်ကြည့်သတိပေးနိုင်သော time pressure monitoring system ပါရှိပါသည်။

ယာဉ်ရပ်ထားစဉ်တွင် လုံခြုံစိတ်ချစေသော anti-thief alarm system ပါရှိပြီး အသက်ကယ်လေအိတ် ခြောက်လုံးအထိ ပါရှိသည့်အတွက် လုံခြုံစိတ်ချစွာဖြင့် မောင်းနှင်နိုင်ပါသည်။

၂၀၁၈ မိုဒယ် Chevrolet Trax အသစ်စက်စက်ကားအမျိုးအစား၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄၂၀၀၀ ဝန်းကျင်ရှိပါသည်။

ဝယ်ယူသူများအနေဖြင့် ငါးနှစ် သို့မဟုတ် ကီလိုတစ်သိန်း အာမခံရရှိမည်ဖြစ်ပါသည်။

Pacific Alpine Myanmar Co.,Ltd မှ တင်သွင်းပြီး Chevrolet ကားအရောင်းပြခန်းများတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။

 

Read 879 times