Chevrolet Trailblazer

၂၀၁၇ မိုဒယ်သစ် Trailblazer တွင်အပြင်ပိုင်းကားရှေ့ရုပ်ထွက်ဒီဇိုင်းကို သစ်လွင်ပြောင်းလဲထားပြီး ပိုလှပသည့် ရှေ့ရှဲလ်(Grille)၊ Hood များနှင့်ပြုလုပ်ထားပါသည်။

အတွင်းခန်းကိုPremiumအနေဖြင့်ထုတ်လုပ်ထားပြီးထိုင်ခုံသုံးတန်းပါဝင်ပြီးလူခုနှစ်ယောက်လိုက်ပါစီးနင်းနိုင် မည် ဖြစ်ပါသည်။

ထိုင်ခုံများကိုTheater-styleဖန်တီးထားပြီးဒုတိယတန်းနှင့်တတိယတန်းထိုင်ခုံများအတွက်မြင်ကွင်းပိုကောင်း မွန်အောင်ဖန်တီးထားပါသည်။

ရှေ့ဒက်ရှ်ဘုတ်နှင့်ရှေ့ခလုတ်ခုံကိုဒီဇိုင်းအသစ်နှင့်ဖန်တီးပြုလုပ်ထားပြီးအတွင်းခန်းတွင်ထိတွေ့နူးညံ့သော ပစ္စည်းများကိုအသုံးပြုထားပါသည်။

2017 Trailblazerတွင်အဆင့်မြှင့်တင်ထားသည့်ဆလင်ဒါလေးလုံးထိုး2.8LDuramax Turbo ဒီဇယ်အင်ဂျင် တပ်ဆင်အသုံးပြုထားပြီးစွမ်းဆောင်ရည်ပိုကောင်းမွန်သည့်အပြင်ဆီစားနှုန်းလည်းသက်သာ ပါသည်။

လမ်းအခြေအနေအလိုက်ဘက်စုံအသုံးပြုနိုင်အောင် 2WD, 4 WD Mode များကိုထည့်သွင်းပေးထားပါသည်။

အင်ဂျင်မှာ Euro-4 Compliant ဖြစ်ပြီး တစ်နှစ်လည်ပတ်အား 3800 Rpm မှာမြင်းကောင်ရေ နှစ်ရာအားကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပါသည်။

Premium Feature များပေါင်းစပ်ပါဝင်သည့် Trailblazer မှာစီးနင်းလိုက်ပါသူများအန္တရာယ်ကင်းစေရန် အဆင့်မြင့်လုံခြုံရေးနည်းပညာများဖြစ်သည့် Traction Control System(TCS),Panic Brake Assist(PBA),Electronic Brakeforce Distribution(EBD),Electronic Stability Control(HDC), Hill Start Assist(HAS)စသောနည်းပညာများကိုအသုံးပြုထားပါသည်။

2017မိုဒယ်Trailblazer၏ဈေးနှုန်းမှာအမေရိကန်ဒေါ်လာ၇၂၀၀၀၀န်းကျင်ဖြစ်ပြီးဝန်ဆောင်မှုများအနေဖြင့်ငါးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံပေးထားပါသည်။

Read 884 times