ပစ္စည်းထားရန် အလွန်ကျယ်ပြန့်သည့် Cargo Space များကို ဖန်တီးမည့် Chevrolet Tahoe 2018


အမေရိကန်အခြေစိုက် ကမ္ဘာကျော် အမှတ်တံဆိပ် Chevrolet ၏ များစွာထင်ရှားသည့် Tahoe SUV သည် ခရီးသည် ခုနစ်ယောက်စီးပုံစံ၊ Full Size Crossover ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် လူသုံးအများဆုံး SUV ကားစာရင်းဝင်လည်း ဖြစ်သည်။

ယင်းကား၏ ကြီးမားခံ့ထည်သည့် ကိုယ်ထည်၊ ခံ့ညားမှုရှိသည့် ဒီဇိုင်းနှင့်အတူ ယုံကြည်အားထားနိုင်ခြင်း၊ အဆင့်မြင့်လုံခြုံရေးစနစ်များစွာပါရှိခြင်း၊ စွမ်းအားမြင့်အင်ဂျင်စနစ် တပ်ဆင်ထားခြင်းနှင့် လုပ်ဆောင်ချက်များစွာ ထည့်သွင်းထားခြင်းတို့သည် Tahoe ၏ လူကြိုက်များရသည့် အချက်များဖြစ်ကြသည်။

ယင်းသို့သော ထူးခြားချက်များဖြင့် ကမ္ဘာ့ထိပ်တန်း SUV လောက၌ ထင်ရှားသည့် Chevrolet Tahoe ၏ 2018 Tahoe မိုဒယ်ကို များစွာဆန်းသစ်သည့်ဒီဇိုင်း၊ နောက်ဆုံးပေါ်နည်းပညာများ စုံလင်စွာပါရှိခြင်းနှင့် အဆင့်မြင့်နည်းပညာသုံး လုံခြုံရေးစနစ်များစွာ ထည့်သွင်းထားမှုများဖြင့် ဖန်တီးထားပြီး Tahoe ၏ အစဉ်အလာချစ်သူများသာမက Full Size Crossover ချစ်သူများပါ နှစ်သက်စေရန် ရည်ရွယ်ထုတ်လုပ်ထားပါသည်။

2018 Chevrolet Tahoe SUV ၏ အပြင်ဘက်ဒီဇိုင်းမှာ ခံ့ထည်ပြီး စွမ်းဆောင်ရည် အထူးပြည့်ဝသည့် ပုံစံ ဖန်တီးထား၍ တွေ့မြင်ရသူများ အနေဖြင့် (လမ်းအခြေအနေမျိုးစုံ အတွက်) စိတ်ချယုံကြည်မှု အပြည့်အဝ ပေးစွမ်းနိုင်သည့်အမြင်ကို ရရှိစေမည် ဖြစ်သည်။

ကားအရှေ့ဘက်ဒီဇိုင်းကို ဆန်းသစ်မှု၊ ခံ့ညားမှုတို့ဖြင့် ပေါင်းစပ် ဖန်တီးထားပြီး အလွန်လှပသည့် ရှေ့မီးကြီးအား Projector Beam Headlamps with HID စနစ်ဖြင့် ဖန်တီးထားမည်ဖြစ်ကာ နှင်းခွဲမီးများလည်း ပါဝင်ပါမည်။

ကြီးမားခံ့ထည်သည့် ဘေးဘက်ကိုယ်ထည်တွင် အလူမီနီယမ် ဘီးများနှင့် ပစ္စည်းများချည်နှောင်ရန် Rack Side Rail များ တွေ့မြင်ရပါမည်။

ကားအနောက်ဘက်တွင်လည်း ကြီးမားခံ့ထည်သည့် နောက်ဖုံး ပါဝင်ပြီး ယင်းနောက်ဖုံး၌ ပုန်းကွယ်နေသည့်ဒီဇိုင်းဖြင့် ဖန်တီးထားသည့် ရေသုတ်တံ ပါဝင်မည်ဖြစ်ကာ နောက်ဖုံးကိုလည်း Programmable Power ဖြင့် ဖွင့်/ပိတ်နိုင်မည်ဖြစ်၍ အသုံးပြုသူများ နှစ်ခြိုက်စေမည် ဖြစ်သည်။

ထို့ပြင် ကားအတွင်းခန်း အနောက်ဘက်ရှိ တတိယခုံတန်းနှင့် ဒုတိယခုံတန်းတို့ကိုလည်း ပါဝါဖြင့် ခေါက်/သိမ်းနိုင်မည် ဖြစ်သည်။

ထူးခြားမှုမှာ 2018 Chevrolet Tahoe တွင် ပစ္စည်းထားရန် အလွန်ကျယ်ပြန့်သည့် Cargo Space ဖန်တီးမည် ဖြစ်ပြီး ဒုတိယနှင့် တတိယထိုင်ခုံများကို ခေါက်သိမ်းလိုက်ပါက ၂,၆၈၂ လီတာအထိကျယ်သည့် Cargo Space ကို ရရှိနိုင်မည်ဖြစ်သည်။

ထို့အပြင် ယာဉ်ကို အဝေးထိန်းစနစ်ဖြင့် စက်နှိုးနိုင်သည့် (Remote Engine Start) စနစ်အား 2018 Tahoe တွင် ထည့်သွင်းထားသည့်အတွက် ယခုကဲ့သို့ ပူပြင်းသည့်ရာသီများ၌ ကားအပြင်မှ မိနစ်ပိုင်းခန့် ကြိုတင်စက်နှိုးထားနိုင်မည်ဖြစ်၍ ကားချစ်သူများ အကြိုက်တွေ့မည်ဟု ယုံကြည်မိပါသည်။

2018 Chevrolet Tahoe ၏ အတွင်းခန်းသည် အလွန်ကျယ်ဝန်းသပ်ရပ်သည့်ပုံစံရှိပြီး လုပ်ဆောင်ချက်များစွာလည်း စုံလင်စွာပါရှိမည်ဖြစ်သည်။

ခရီးသည်ခုနစ်ယောက်စီး ခုံသုံးတန်း ကားအမျိုးအစား Tahoe တွင် ဒုတိယတန်း၌ ထိုင်ခုံနှစ်ခု သီးခြားပါရှိမည်ဖြစ်ပြီး တတိယခုံတန်းသို့ လွယ်ကူစွာဝင်ရောက်နိုင်မည့် လျှောက်လမ်းငယ်လည်းပါရှိပါမည်။

ထိုင်ခုံများကို တန်ဖိုးကြီးသားရေများဖြင့် ချုပ်လုပ်ထားမည်ဖြစ်ပြီး ရှေ့ထိုင်ခုံများ တွင် အပူ/အအေးစနစ် ပါဝင်ပါမည်။

အတွင်းခန်း၌ ပစ္စည်းထည့်ရန် နေရာများစွာ ပါရှိမည်ဖြစ်ပြီး Cup Holder ၁၅ ခုခန့်လည်း ပါရှိမည်ဖြစ်သည်။ Center Console တွင်လည်း ကျယ်ဝန်းသည့် ပစ္စည်းထည့်ရန် နေရာ ပါရှိပါမည်။

Tahoe တွင် နည်းပညာပါဝင်မှုများအနေဖြင့် ရှစ်လက်မ Diagonal Color Touch Screen ကို ကားအတွင်းခန်း Center Area ၌ တပ်ဆင်ထားမည်ဖြစ်ပြီး ၎င်းအား တင်/ချ ပြုလုပ်နိုင်ပါမည်။

ယင်း Screen တွင် Chevrolet ၏ နာမည်ကျော် MyLink အပါအဝင် အခြားသော App များ၊ Bluetooth Wireless Technology အစရှိသည့် ပါဝင်မှုများစွာ ထည့်သွင်းထားမည် ဖြစ်သည်။

ထို့ပြင် မီတာဒိုင်ခွက်၌ ယာဉ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ကြည့်ရှုရန်အတွက် 4.2 Inch Diagonal Screen ပါရှိပါမည်။

ထို့ပြင် အရေအတွက် ၁၂ ခုအထိရှိသည့် Charging နေရာများ ပါဝင်မည်ဖြစ်ပြီး ယင်းတို့အနက် USB Port ခြောက်ခုခန့်သည် Phone ၊ Tablet နှင့် အခြားသော Device များအတွက် ဖြစ်ပါသည်။

Keyless Entry with Push Button ၊ စပီကာ ၁ဝ လုံးပါရှိသည့် Bose Centerpoint Surround Sound System ၊ Ambient Air Vent ၊ Rear Seat DVD Player with Remote Control ၊ Tri Zone Automatic Climate Control ၊ Wireless Charging ၊ Sunroof ၊ Back-Up Camera ၊ Heads-up Display စသည့် လုပ်ဆောင်ချက်များစွာ ကိုလည်း စုံလင်စွာထည့်သွင်းထားမည် ဖြစ်သည်။

2018 Chevrolet Tahoe တွင် အင်ဂျင်အနေဖြင့် မြင်းကောင်ရေ ၃၅၅ ကောင်အားထွက်ရှိသည့် 5.3 L Eco Tec 3 V8 အင်ဂျင်နှင့် 6 Speed Automatic Gear Box တို့ကို တွဲဖက်တပ်ဆင်ထားပါသည်။

အဆိုပါ အင်ဂျင်သည် Active Fuel Management ၊ Direct Injection and VVT စနစ်သုံး အင်ဂျင်ဖြစ်ပြီး ဂီယာသည် လျှပ်စစ်စနစ်ဖြင့် ထိန်းချုပ်နိုင်သည့် အမျိုးအစားဖြစ်ကာ Overdrive နှင့် Tow/Haul/ Mode များ ပါရှိပါသည်။ ဆီတိုင်ကီသည်လည်း ၉၈ လီတာခန့်အထိ ဝင်ဆံ့နိုင်ပါသည်။

2018 Chevrolet Tahoe တွင် အဆင့်မြင့်နည်းပညာသုံး လုံခြုံရေးစနစ် များစွာပါရှိပါသည်။

အဓိကပါဝင်သည့် လုံခြုံရေးပါဝင်မှုများမှာ Fully Airbags System ၊ Hill Decent Control 4WD Only ၊ Lane Keep Assist ၊ Forward Collision Alert ၊ Brake Assist Start စသည်တို့ ဖြစ်ကြသည်။

ထို့ပြင် Driver Assist Package ၊ Adaptive Cruise Control စသည့် ပါဝင်မှုများကိုလည်း အပိုဆောင်းအနေဖြင့် မှာယူရရှိနိုင်ပါမည်။

2018 Chevrolet Tahoe ကားအမျိုးအစား ကို အမေရိကန် ဒေါ်လာ ၁၆၉,ဝဝဝ ဖြင့် Chevrolet Myanmar မှ ရောင်းချပေးမည်ဖြစ်ပြီး ဝန်ဆောင်မှုအနေဖြင့် ငါးနှစ်၊ သို့မဟုတ် ကီလိုမီတာတစ်သိန်း အာမခံပေးထားကြောင်း သိရသည်။

Read 722 times