ဆီစားသက်သာစေရန် မောင်းနှင်နိုင်သည့် စနစ်ပါရှိသည့်Chevrolet Suburban


Chevrolet ကားကုမ္မဏီမှထုတ်လုပ်သော ၂၀၁၆ မိုဒယ် Chevrolet Suburban ကားအမျိုးအစားသည် ပေါင် ၈၃၀၀ ကျော် နောက်တွဲယာဉ်ကို ချိတ်ဆက်မောင်းနှင်နိုင်ပါသည်။

5.3L, V8 အင်ဂျင်ကိုအသုံးပြုထားပြီး ဆီစားသက်သာစေရန် မောင်းနှင်နိုင်သည့် Eco Tec 3 စနစ်ပါရှိသည်။

အော်တိုုဂီယာခြောက်ချက်ပြောင်းလဲအသုံးပြုနိုင်ပြီး နောက်တွဲယာဉ်နှင့် ချိတ်ဆက်မောင်းနှင်သည့်အခါ အသုံးပြုနိုင်ရန် two mode မောင်းနှင်သည့် စနစ်ပါရှိပါသည်။

အင်ဂျင်၏ အမြင့်ဆုံး စွမ်းဆောင်ရည် 355HP နှင့်ရုန်းအား 383lb-ft ရှိပါသည်။

ယင်းကားကို LS, LT, LTZ စသည့်ဂရိတ်အမျိုးမျိုးထုတ်လုပ်ထားပြီး ဂရိတ်ကွဲပြားမှုအလိုက် အတွင်းခန်းတွင် ပါရှိသည့် ပစ္စည်းအမျိုးအစားကွဲပြားနိုင်ပါသည်။

Chevrolet ၏ ရှဲလ်နှစ်ထပ်ပုံစံအတိုင်းဖြစ်ပြီး ရှေ့မီးလုံးများကလည်း နှစ်ထပ်ပုံစံတပ်ဆင်ထားပါသည်။

ရှဲလ်နှစ်ထပ်၏ အလယ်တွင် Chevrolet ၏ လိုဂိုကိုတပ်ဆင်ထားပါသည်။

၂၀ လက်မ အလူမီနီယမ် အလွိုင်းဝှီးများက ကိုယ်ထည်နှင့်လိုက်ဖက်အောင် တပ်ဆင်ထားပါသည်။

အတွင်းခန်းတွင် ခုံသုံးတန်းပါရှိပြီး လူခုနှစ်ယောက်လိုက်ပါစီးနင်းနိုင်ပါသည်။

ဒုတိယတန်းနှင့် တတိယတန်းခုံများကို မလိုအပ်လို့ခေါက်သိမ်းလိုက်မည်ဆိုပါက ၁၂၁.၇ ကုဗပေကျယ်ဝန်းသည့် ကုန်ပစ္စည်းထားစရာ နေရာရရှိမည်ဖြစ်သည်။

နောက်ဘန်ပါ၏အောက်တွင် အာရုံခံကိရိယာ(sensor)တပ််ဆင်ထားသည့်အတွက် နောက်တံခါးကို အလိုအလျောက် ဖွင့်ပိတ်နိုင်ပါသည်။

Apple car play ပါရှိသည့်အတွက် အိုင်ဖုန်းတစ်ခုတွင်ပါရှိသည့်ဖန်ရှင်များကို ကားတွင်အသုံးပြုနိုင်ပါသည်။

Apple car play နှင့်ချိတ်ဆက်ပြီး ဖုန်း၊ music၊ map နှင့် message များကိုရယူအသုံးပြုနိုင်သည်။

Audio application, radio, Bluetooth တို့နှင့်လည်းချိ်တ်ဆက်အသုံးပြုနိုင်သည်။

Touch screen နှင့် ချိတ်ဆက်အသုံးပြုနိုင်သကဲ့သို့ chevrolet mylink နှင့်ချိတ်ဆက်အသုံးပြုနိုင်သည်။

သတ်မှတ်မိုင်နှုန်းအတိုင်း အလိုအလျောက်မောင်းနှင်နိုင်သည့် Adaptive Cruise control စနစ်ပါရှိသည်။

အဆင့်မြင့်ဘရိတ်စနစ်များဖြစ်သည့် front Automatic Braking Anti-Lock Braking System စနစ်များပါရှိပါသည်။

ယာဉ်၏ ပတ်လည်တွင် အာရုံခံကိရိယာများပါရှိပြီး အာရုံခံကိရိယာများပါရှိပြီး ယာဉ်မောင်းသူကို အမြဲအချက်ပြ အသိပေးနိုင်သည့် စနစ်များဖြစ်သည့် forward Collision Alert, Side Blind Zone Alert, Lane Change Alert, Rear Cross Traffic Alert နှင့် Safety Alert Driver Seat စသည့်စနစ်ပါရှိသည်။

တစ်နာရီ ၃၇ မိုင်နှုန်းအထက်မောင်းနှင်သည့်အခါ သတ်မှတ်လမ်းကြောင်းမှ လွဲချော်မသွားစေရန် စောင့်ကြည့်ထိန်းချုပ်ပေးနိုင်သည့် Lane Keep Assit စနစ်ပါရှိသည်။

အမေရိကန်၏ အဆင့်မြင့်နည်းပညာမျိုးစုံထည့်သွင်းထားသည့်အတွက်လုံခြုံစိတ်ချစွာမောင်းနှင်နိုင်ပါသည်။

၂၀၁၆ မော်ဒယ် Chevrolet Suburban ၏စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁၆၉,၀၀၀ ရှိကြောင်းသိရသည်။

 

Read 999 times