ကျပ်သိန်း ၁၅၀ ဝန်းကျင်ဖြင့် ရွေးချယ်သင်တဲ့ City Car (Chevrolet Spark)


Chevolet က ထုတ်လုပ်ထားတဲ့ Mini Hetchback ကားအမျိုးအစား Spark ဟာအရွယ်အစား သေးငယ်ပြီး ဆီစားနှုန်းတဲ့ အတွက် မြို့အတွင်းမောင်းနှင်မယ်ဆိုရင် အထူးသင့်တော်တဲ့ ကားတစ်စီးဖြစ်ပါတယ်။

Spark ဟာ လူငယ်တွေ ကြိုက်နှစ်သက်မယ့် ဆွဲဆောင်မှုရှိတဲ့ Aerodynamic ဒီဇိုင်းနဲ့ တည်ဆောက်ထားပြီး ဆီစားနှုန်းကို သက်သာတဲ့ အတွက် လောင်စာဆီကုန်ကျစရိတ် လျှော့ချပေးနိုင်တဲ့ ကားအမျိုးအစား ဖြစ်ပါတယ်။ City Car ဖြစ်တဲ့ Chevrolet Spark ကို ၁၉၉၈ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်အထိ Daewoo Motor ကနေ ထုတ်လုပ်ခဲ့သလို ၂၀၁၁ ခုနှစ် နောက်ပိုင်းကစပြီးတော့ အခုချိန်ထိ GM Korea ကနေလည်း ထုတ်လုပ်နေပါတယ်။

အပြင်ပိုင်း နှင့်အတွင်ူခန်း အပြင်အဆင်

Suzuki Swift ၊ Toyota Vitz တို့နဲ့ ခပ်ဆင်ဆင်တူပြီး အမြင်ဆန်တဲ့ ရှေ့မီးကြီး ၊ ဆန်းသစ်တဲ့ Radiator Grille ၊ လှပတဲ့ နောက်မီးခွက် ၊ နောက်တံခါးလက်ကိုင်တို့က တခြားကားတွေနဲ့ နှုန်းယဉ်ရင် တစ်မူးထးခြားပါတယ်။ ကားရဲ့ အလျားက ၃,၅၉၅ မီလီမီတာရှည်ပြီးတော့ အနံ ၁,၅၉၇ မီလီမီတည နဲ့ အမြင့် ၁,၅၂၂ မီလီမီတာ ရှိတဲ့အတွက် မြို့တွင်းသုံးဖို့ သင့်တော်တဲ့ အနေအထားဖြစ်ပါတယ်။ Spark ဟာ Mini Carဆိုပေမဲ့ အတွင်းခန်းကျယ်ဝန်းတဲ့အတွက် လူငါးယောက်အထိ အသာလေတင်ဆောင်နိုင်ပါတယ်။ နောက်ခန်းထိုင်ခုံတွေကို ၆၀း၄၀ အချိုးခေါက်လိုက်ရင် Luggage Space အကျယ် ၈၃၇ မီလီမီတာအထိ ဆံ့မှာဖြစ်ပါတယ်။ အတွင်းခန်းကို Pakage နှစ်မျိုးနဲ့ ရရှိနိုင်ပြီး Leather ထိုင်ခုံ ၊ DVD Player ၊ Back Camera ထည့်သွင်းထားတာရှိသလို ရှန်မွိုင်းထိုင်ခုံ ၊ CD Player ၊ Radio တပ်ဆင်ထားပါတယ်။

အင်ဂျင်အမျိုးအစား

ဆလင်ဒါ လေးလုံးထိုး Inline DHOC အမျိုးအစြား ၉၉၅ စီစီ အင်ဂျင်တပ်ဆင်ထားပြီး ၄ Speed Auto ဂီယာစနစ် ဖြစ်ပါတယ်။ အင်ဂျင်လည်ပတ်အား 6,400 Rpm မှာ မြင်းကောင်ရေ ငါးဆယ်အား ထွက်ရှိပါတယ်။ ဆီတိုင်ဂီက ၃၆ လီတာ ဝင်ဆံ့ပြီး ပျမ်းမျှဆီစာနှုန်းအနေနဲ့ ကီလိုမီတာ တစ်ရာအတွက် ခြောက်လီတာပဲ ကုန်ကျမှာ ဖြစ်ပါတယ်။ Spark ကို ၁ဝဝဝ စီစီအင်ဂျင်အပြင် ၁၄ဝဝ စီစီနဲ့လည်း ထုတ်လုပ်ထားပါတယ်။

ဈေးနှုန်း

Chevrolet Spark ၂၀၁၅ မိုဒယ်ကို ၁ဝဝဝ စီစီအင်ဂျင် ၊ နယ်လိုင်စင်နံမှတအမြင့်ထဲက ဝယ်ယူမယ်ဆိုရင် ကျပ်သိန်း ၁၅၀ နဲက ၁၇၀ ကြားရှိပြီး ၁၄၀၀ စီစီ နံပါတ်အနိမ့် ရန်ကုန်လိုင်စင်ထဲ ဝယ်ယူမယ်ဆိုရင်တော့ ကျပ်သိန်း ၁၄၀ ဝန်းကျင် ရှိပါတယ်။

Read 1990 times