CHEVROLET ORLANDO


Orlando ကို ၂၀၁၁ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ဲပြီး ပြည်တွင်းဈေးကွက်ကို ၂၀၁၇ မိုဒယ်အဖြစ်စတင်မိတ်ဆက်ခဲ့ပြီးဖြစ်ပါသည်။

ဂရိတ်ခွဲ(Trim Level) အနေဖြင့် LS၊ LT ၊ LTZ ဟူ၍သုံးမျိုးထုတ်လုပ်ထားသော်လည်း ပြည်တွင်းဈေးကွက်တွင် LT ဂရိတ်တစ်မျိုးတည်းကိုသာ တင်သွင်းရောင်းချသည်ကို တွေ့ရသည်။

Orlando ကိုခေါင်မိုးတန်းနိမ့်နိမ့်နှင့် Crossover ကားတစ်စီးပုံစံ ကိုယ်ထည်ကောက်ကြောင်းအဖြစ် ဖန်တီးတည်ဆောက်ထားသောကြောင့် လေခွင်းအားကောင်းမွန်စေပါသည်။

ရှေ့မျက်နှာစာတွင် နှစ်ထပ်ရှလ်ပုံစံ ခရိုမီယမ်အနားကွပ် Radiator Grille၊ Automatic Halogen Headlamps နှင့် နှင်းခွဲမီးတစ်စုံတို့ကို တပ်ဆင်ပေးထားပါသည်။

နောက်ကြည့်မှန်နှင့် တံခါးလက်ကိုင်တွေကို ကိုယ်ထည်အရောင်အတိုင်း ပြုလုပ်ပေးထားပြီး ကားနောက်ဖုံးလက်ကိုင်ကို ခရိုမီယမ်နှင့် ပြုလုပ်ထားပါသည်။

ကိုယ်ထည်အရောင်မှာ Summit ၊ Silver ၊ Brown ၊ Blue ၊Black အစရှိသောအရောင်ငါးမျိုးရရှိနိုင်မည့်ဖြစ်ပါသည်။

အတွင်းခန်းမှာ Fabric ထိုင်ခုံတွေကို အသုံးပြုထားပြီး ထိုင်ခုံသုံးတန်းပါဝင်သောကြောင့် လူခုနှစ်ဦး လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပါသည်။

ဒုတိယတန်းနှင့် တတိယတန်းထိုင်ခိုင်များကို Theater-style ကဲ့သို့အနည်းငယ်မြှင့်ထားပြီး ပိုမိုကောင်းမွန်သောမြင်ကွင်းကိုပေးစွမ်းနိုင်မည်ဖြစ်ပါသည်။

စတီယာရင်မှတစ်ဆင့် Audio Control ပြုလုပ်နိုင်မည်ဖြစ်ပြီး Cruise Control စနစ်၊ မိုးရွာသောအခါ ရေသုတ်တံကို အလိုအလျောက်အလုပ်လုပ်စေသော Rain Sensitive Windsceen Wiper စသော အဆင့်မြင့် feature အပြင် ဖျော်ဖြေရေးအတွက် စပီကာခြောက်လုံး၊ CD Player နှင့် အခြားချိတ်ဆက်မှု အထောက်အပံ့တွေကို လည်းထည့်သွင်းထားသည်ကို သိရသည်။

စီးနင်းလိုက်ပါသူများအတွက် သက်သောင့်သက်သာဖြစ်စေရန် Automatic Aircon စနစ်အသုံးပြုထားပြီး ထိုင်ခုံဒုတိယတန်းတွင် AC Ventilation တပ်ဆင်ပေးထားသည်ကို လည်းတွေ့ရပါသည်။

၂၀၁၇ ခုနှစ်မိုဒယ် Orland မှာ ဆီစားနှုန်းသက်သာသော ဆလင်ဒါလေးလုံးထိုး 1.8 L DOHC, ECOTEC, DCVVT တပ်ဆင်ထားပြီး မြင်းကောင်ရေ ၁၄၁ ကောင်အားအထိ ထုတ်လုပ်ပေးနိုင်စွမ်းရှိပါသည်။

Transmission အတွက် 6-Speed Auto ဂီယာစနစ်ပါဝင်ပြီး Tiptronic Feature ပါဝင်သောကြောင့် Manual ဂီယာပုံစံအနေဖြင့်လည်း မောင်းနှင်နိုင်မည်ဖြစ်ပါသည်။

လုံခြုံရေးစနစ်အနေဖြင့် အရှိန်နှင့် ဘရိတ်အုပ်လိုက်သောအခါစလစ်မဖြစ်အောင်ကာကွယ်သည့် Anti-lock Braking System(ABS)၊ လမ်းအနေအထားပေါ်မူတည်၍ ဘီးတစ်ဘီးချင်းစီအလိုက် မတူညီသော ဘရိတ်ဖိအားများပို့လွှတ်ပြီး တစ်ဘီးချင်းစီအလိုက် ဘရိတ်ဖမ်းပေးနိုင်သော Electronic Stability Program(ESP)၊ ထိုင်ခုံခါးပတ်သတိပေးစနစ်၊ ကားပါကင်ထိုးရာတွင်အထောက်အကူပေးနိုင်သည့် Rear Parking Sensor ၊တံခါးပေါက်တွေကို တစ်နေရာတည်းကထိန်းချုပ်နိုင်သော Central Door Lock နှင့် အသက်ကယ်လေအိတ်နှစ်လုံးတို့ကို ထည့်သွင်းတပ်ဆင်ပေးထားသည်ကို တွေ့ရသည်။

၂၀၁၇ မိုဒယ် Orlando ကားသစ်၏ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၃၉.၀၀၀ (မြန်မာငွေကျပ် ၅၃၈ သိန်း) ဖြစ်ပြီး ဝန်ဆောင်မှုအနေဖြင့် ငါးနှစ် (သို့မဟုတ်) ကီလိုမီတာတစ်သိန်းအာမခံပေးသွားမည်ဖြစ်ပါသည်။

Read 2321 times