Chevrolet Myanmar မှ ၂၀၁၈ မိုဒယ် SUV ကားအမျိုးအစားအသစ်နှစ်မျိုး စတင်မိတ်ဆက်ပေး


အမေရိကန် အမှတ်တံဆိပ် Chevorlet ကားများကို တရားဝင်တင်သွင်းဖြန့်ချိနေသော Pacific Alpine Myanmar ကုမ္ပဏီမှ ၂၀၁၈ မိုဒယ် SUV အမျိုးအစားဖြစ်သည့် Trax နှင့် Tahoe ကားအသစ်နှစ်စီးကို Chevrolet ၏ ရန်ကုန် 3S အရောင်းပြခန်းတွင် မိတ်ဆက်ပြသခဲ့ပြီး ရောင်းချနေပြီဖြစ်သည်။

၂၀၁၈ မိုဒယ် Chevrolat Trax ၏ မျက်နှာစာတွင် Dual Port Grille အသစ်ကို ရှေ့မီးလုံးနှင့်ဆက်ပေးထားပြီး မီးခွက်ကို Fender ထဲဝင်နေသည့် ပုံစံဖန်တီးထားကာ Halogen Projector ရှေ့မီးကြီးများကို LED နေ့လင်းမီးတန်းနှင့် ပေါင်းစပ်ပေးထားသည်။

Fog Lamp ကိုလည်း Chrome နှင့် အနားကွပ်ထားပြီး နောက်ဘက်ပိုင်းတွင်းလည်း နှစ်ထပ်ပုံစံမီးခွက်များ တပ်ဆင်ပေးထားသည်။

ဆလင်းဒါလေးလုံးထိုး 1.4L တာဘိုအင်ဂျင်ကို Automatic 6-Speed Gear နှင့် တွဲဖက်ထားပြီး မြင်းကောင်ရေအား ၁၄၀ အထိ ထုတ်ပေးနိုင်သည်။

ကားအတွင်းခန်းကို ကျယ်ဝန်းအောင် ဖန်တီးထုတ်လုပ်ထားပြီး မတော်တဆ ယာဉ်အန္တရာယ် ကာကွယ်ပေးနိုင်ရန် Safety Airbag ခြောက်လုံးအထိတပ်ဆင်ပေးထားသလို ကားကိုယ်တည်ကို တောင့်တင်းခိုင်မာသည့် Steel Structure ဖြင့်လည်း တည်ဆောက်ထားသည်။

၂၀၁၈မိုဒယ် Chevrolet Tahoe သည် ခုနှစ်ယောက်စီး SUV ကားအမျိုးအစား ဖြစ်သည်။

Tahoe တွင် ပြင်ပဆူညံသံများ လျော့ပါးစေပြီး လေခွင်အားကောင်းမွန်အောင် ကားကိုယ်ထည်အပေါ် သက်ရောက်မည့် တန်ပြန်လေထုကို ခွင်းထုတ်ပေးနိုင်ရန် ကားတံခါးနှင့် ရှေ့စက်ဖုံးမျက်နှာပြင်ပေါ်တွင် လေခွင်းလိုင်းများ ထည့်၍ ဖန်တီးထုတ်လုပ်ထားသည်။

ကား၏အလေးချိန် လျော့ကျစေရန် ခိုင်ခံ့ပေါ့ပါးသည့် အလူမီနီယမ်စက်ဖုံးတို့ကို တပ်ဆင်ထားသည်။

မျက်နှာစာတွင် နေ့လင်းမီးစနစ်၊ Projecor ရှေ့မီးကြီးနှင့်အတူ Chevrlet ၏ ပင်ကိုဟန် ပြောင်လက်နေသည့် ခရိုမီယမ်နှစ်ထပ်ရှဲလ်နှင့် တွဲဆက်ထားသည်။

Tahoe တွင် Eco Tec 3 နည်းပညာအသုံပြုထားသည့် 5.3 LV8 အင်ဂျင်တပ်ဆင်ထားပြီး မြင်းကောင်ရေ ၃၃၅ ကောင်အား ထုတ်ပေးနိုင်သည်။

ကားအတွင်းခန်းတွင် Mylink System ၊ Apple Car Play ၊ Blue Ray စသည့် နည်းပညာမြင့် ဖျော်ဖြေရေး အသုံးအဆောင်များနှင့် Wireless Chaneding ပါဝင်သည်။

Side Bind Zone Alert ၊ Rear Cross Traffic Alert ၊ Forward Collision Alert ၊ Cruise Control ၊ Automatic Front Breaking စသည့် အဆင့်မြင့်လုံခြုံရေးစနစ်များလည်း ပါဝင်ပြီး အသက် ကယ်လေအိတ်ခြောက်လုံးလည်း ပါဝင်သည်။

Trax မိုဒယ်ကို LT ဂရိတ်တစ်ခုတည်းဖြင့် ရရှိမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ လေးသောင်းခွဲနှင့် Tahoe မိုဒယ် ကို အမေရိကန်ဒေါ်လာ ၁၆၉၀၀၀ ဖြင့် ရောင်းချပေးနေကြောင်းသိရသည်။

 

Read 1377 times