6-Speed Auto ဂီယာစနစ်ဖြင့် CHEVROLET MALIBU


ယင်းကားအမျိုးအစားသည်ဆီဒန်ကားအမျိုးအစားဖြစ်သည့် Malibuသည် လှပသည်ရုပ်ထွက်၊ ကောင်းမွန်သည့်စွမ်းဆောင်ရည်၊ အဆင့်မြင့်ဇိမ်ကျမှုများအပြင်ဈေးနှုန်းအရလည်းသင့်တင့်သောကြောင့် သုံးစွဲမှုများအကြိုက်တွေ့စေမည့်ကားတစ်စီးဖြစ်ပါသည်။

၂၀၁၇ မိုဒယ် Chevrolet Malibu၏ကိုယ်ထည်တွင်ဖောင်းကြွလိုင်းများနှင့်ပိုထင်ရှားအောင် ဖော်ထုတ်ပေးထားသောကြောင့် အားအင်ပြည့်ဝမှုကိုဖော်ကျုးနေပါသည်။

ဦးပိုင်းကခရိုမီယမ်ကွပ် Grilleဒီဇိုင်းကအမေရိကန်ကားတစ်စီး၏ဟန်ပန်ကိုထင်ဟပ်နေစေပြီး ရှေ့မီးကြီးများမှာလည်း Automatic Headlamps Leveling System မီးများကိုတပ်ဆင်ပေးထား သကဲ့သို့တံခါးလက်ကိုင်များကိုလည်းကိုယ်ထည်အရောင်နှင့် ထပ်တူခရိုမီယမ်လက်ကိုင်များ အဖြစ်ပြုလုပ်ထားပါသည်။

မြန်မာနိုင်ငံတွင် Malibu ကို Trim Level အနေဖြင့် LT နှင့် LTZ ဟူ၍ဂရိတ်နှစ်မျိုးကိုတင်သွင်းရောင်းချနေပြီး LTZ ကဂရိတ်ပိုမြင့်ပါသည်။

LTZ ဂရိတ်တွင် Electronic Sunroof နှင့် LED Tail Lamp များပါဝင်လာပါသည်။

Moisture Sensitive Wiper system နှင့် Stainless Steel Dual Exhaust များမှာဂရိတ်နှစ်ခုလုံးတွင် Standard အနေဖြင့်ပါဝင်လာပါသည်။

အတွင်းခန်းတွင်သက်သောင့်သက်သာစီးနင်းနိုင်စေရန်ထိုင်ခုံများကိုအကောင်းစားသားရေကုန်ကြမ်းများအသုံး ပြုဖန်တီးထားပါသည်။

LTZ ဂရိတ်တွင်ရှစ်လက်မအရွယ်၊ LT တွင်ခုနှစ်လက်မအရွယ် Touch screen များတပ်ဆင်ပေးထားပြီး Apple Car Play မှတစ်ဆင့် Chevrolet ၏ Mylink စနစ်ဖြင့်ချိတ်ဆက်လိုက်သည်နှင့် Maps,Music,Message,Phone စသည့်လုပ်ဆောင်ချက်များကို Touch Screen မှထိန်းချုပ်လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

ဖျော်ဖြေရေးစနစ်များအတွက် LTZ ဂရိတ်မှာ Bose အသံစနစ်စပီကာကိုးလုံး၊ ပတ်လည်အသံစနစ်တို့ကိုအသုံးပြုထားပြီး နောက်ထိုင်ခုံတွင် USB Port နှစ်ခုကိုလည်းတပ်ဆင်ပေးထားပါသည်။

၂၀၁၇ မိုဒယ် Malibu တွင် 2.0 L DOHC Inline 4 DI Turbo အင်ဂျင်တပ်ဆင်ပေးထားပြီးမြင်းကောင်ရေ ၂၅၃ ကောင်အားထုတ်လုပ်ပေးနိုင်ပါသည်။

Transmission ကို 6-speed auto ဂီယာစနစ်အသုံးပြုထားပါသည်။

ဘီးလေးဘီးစလုံးတွင် Duralife Disc Brake များတပ်ဆင်ပေးထားပြီး ယင်းဘရိတ်များကို 4-Channel ABS စနစ်ဖြင့်ထိန်းကျောင်းပေးထားပါသည်။

ယာဉ်အန္တရာယ်ကင်းရှင်းရန်အတွက်အဆင့်မြင့်နည်းပညာများဖြစ်သည့် Forwarded Collision Alert, Lane Keeping Assist, Side Blind Zone Alert, Semi-automatic Parking Assist စသည့် Feature များကိုပြည့်ပြည့်စုံစုံထည့်သွင်းတပ်ဆင်ပေးထားပါသည်။

၂၀၁၇ မိုဒယ် Chevrolet Malibu ၏ဈေးနှုန်းမှာအမေရိကန်ဒေါ်လာ ၅၃၀၀၀ ဝန်းကျင်ရှိပြီး ဝန်ဆောင်မှုများအနေဖြင့်ငါးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံအပြင် ၂၄ နာရီ Roadside Assistance ဝန်ဆောင်မှုများကိုပေးလျက်ရှိပါသည်။

 

Read 2207 times