အာမခံစနစ်များပါရှိသော အလယ်တန်း ဆီဒန်အမျိုးအစား Chevrolet Malibu


အကောင်းဆုံးဆုတံဆိပ်များ ရရှိထားသော Chevrolet Malibu အလတ်တန်းစား ဆီဒန် အမျိုးအစားအသစ်စက်စက်ကားကို ချက်ပလက်မြန်မာက အထူးအစီအစဉ်များနှင့် ရောင်းချပေးနေပါသည်။

Chevrolet Malibu ကို 1.5L အင်ဂျင်နှင့် 2.0L အင်ဂျင်နှစ်မျိုးဖြင့် အသုံးပြုထားပြီး ဆလင်ဒါလေးလုံးထိုး အင်ဂျင်ဖြစ်ပြီး အော်တိုဂီယာခြောက်ချက်ပြောင်းလဲ အသုံးပြုနိုင်ပါသည်။

မြင်းကောင်ရေ 160hp ရှိပြီး 2.0L တွင် မြင်းကောင်ရေ 250hp အထိ ရှိပါသည်။

Chevrolet Malibu ၏ ပထမမျိုးဆက်ကို ၁၉၆၄ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပြီး မျိုးဆက်ကိုးခုအထိ ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။

ရှေ့ရှဲလ်ပုံစံက ချက်ပလက်၏ အစဉ်အလာအတိုင်း နှစ်ထပ်ရှဲလ်ပုံစံဖြစ်ပြီး အလယ်တွင် ချက်ပလက်၏ လိုဂိုကို တပ်ဆင်ထားပါသည်။

အပေါ်ရှဲလ်နှင့် လိုက်ဖက်အောင် ရှေ့မီးလုံးတစ်စုံကို တပ်ဆင်ထားပြီး Automatic High Beam စနစ်ဖြစ်၍ ညပုံရိပ်များကို မြေမျက်နှာသွင်ပြင်အလိုက် ချိန်ညှိပေးနိုင်သလို တစ်ဖက်က ယာဉ်မောင်း အာရုံမထွေပြားအောင်လည်း ချိန်ညှိပေးနိုင်ပါသည်။

ယာဉ်မောင်းသူထိုင်ခုံသည် နည်းလမ်းရှစ်မျိုးနှင့် လိုအပ်သလို ထိန်းညှိပေးနိုင်ပြီး မိမိစိတ်ကြိုက် အနေအထားကို မမ်မိုရီသွင်းထားနိုင်ပါသည်။

၁.၇ လက်မ အလွိုင်းဝှီးများကို ကိုယ်ထည်နှင့် လိုက်ဖက်အောင် တပ်ဆင်ထားပြီး သော့တံမလိုသော Keyless entry စနစ်ပါရှိပါသည်။

စပီကာခြောက်လုံး သို့မဟုတ် စပီကာ ကိုးလုံး အထိပါရှိသော အဆင့်မြင့်အသံစနစ် ပါရှိပြီး Wireless Charging ပါရှိသည့်အတွက် ဖုန်းအားသွင်းကြိုးမလိုဘဲ ဖုန်းအားသွင်း နိုင်ပါသည်။

Touchscreen Interface with Navigation စနစ်ပါရှိသည့်အတွက် ယာဉ်လမ်းကြောင်းပြစနစ်များကိုကြည့်ပြီး မရောက်ဖူးသေးသည့်ဒေသများကို အလွယ်တကူမောင်းနှင်နိုင်ပါသည်။

Front and Rear Parking Brake Sensors ပါရှိသည့်အတွက် ယာဉ်မောင်းနှင်သူမမြင်နိုင်သော နေရာများကို ဆင်ဆာများနှင့် အာရုံခံသိရှိနိုင်သလို ကားပါကင်ထိုးသည့်အခါတွင်လည်း လွယ်ကူစေပါသည်။

Electronic Parking Brake အပါအဝင် အဆင့်မြင့် ဘရိတ်စနစ်များ ပါရှိသည့်အတွက် အရေးပေါ်အခြေအနေများတွင် အတိအကျ ရပ်တန့်နိုင်ပါသည်။

Adaptive Cruise Control စနစ်ပါရှိသည့်အတွက် သတ်မှတ်အမြန်နှုန်းအတိုင်း အလိုအလျောက် မောင်းနှင်နိုင်သော ခလုတ်များ ပါရှိပါသည်။

Automatic Collision Avoidance System သည် ယာဉ်တိုက်မှုများ မဖြစ်အောင် အလိုအလျောက်ကြိုတင်ရှောင်ရှားပေးနေမည် ဖြစ်ပါသည်။

ကလေးများအတွက် အထူးလုံခြုံစိတ်ချရသော စနစ်ပါရှိပြီး ယာဉ်မောင်းသူများအတွက် အသက်ကယ်လေအိတ်စနစ်ပါရှိသည့်အတွက် လုံခြုံစိတ်ချစွာနှင့် မောင်းနှင်နိုင်ပါသည်။

မေလအတွင်းတွင် Chevrolet Malibu တစ်စီးဝယ်ယူသူတိုင်းအတွက် Car Black Box, Car Body Coating အခမဲ့၊ သုံးနှစ် သို့မဟုတ် ကီလို ၆၀၀၀၀ အခမဲ့ဝန်ဆောင်မှုနှင့် တစ်နှစ်စာ အလုံးစုံ အာမခံရရှိမည်ဖြစ်ပါသည်။

၂၀၁၈ မိုဒယ် Chevrolet Malibu အသစ်စက်စက် ကားအမျိုးအစား၏ ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၅၅၀၀၀ ဖြစ်ပြီး ဝင်ငွေကိုတော့ ဝယ်သူမှ ဆောင်ရမည်ဖြစ်ပါသည်။

ချက်ပလက်မြန်မာကားအရောင်းပြခန်းကို အမှတ် ၂၄၂၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်တွင် ဖွင့်လှစ်ထားပြီး ဖုန်း-၀၁ ၉၀၀၀၆၂၁ ကို ဆက်သွယ်နိုင်ပါသည်။

 

Read 828 times