Chevrolet Colorado High Country


Chevrolet ကားကုမ္ပဏီမှထုတ်လုပ်သော ၂၀၁၇ မော်ဒယ် Chevrolet Colorado High Country အယ်ဘယ်ကပ်ကားအမျိုးအစားသည်ယာဉ်နောက်ပိုင်းထရပ်ကိုယ်ထည်ကျယ်ဝန်းသည့်အတွက်မြန်မာနှစ်သစ်ကူးသင်္ကြန်ပွဲတွင် ရေပက်ခံထွက်ရန် သင့်တော်ပါသည်။

သင်္ကြန်လည်သည့်အခါ ဖျော်ဖြေရေးပိုင်းနှင့် သတင်းအချက်အလက်များကိုဖော်ပြပေးနိုင်ရန် information စနစ်ပါရှိပါသည်။

၂၀၁၇ မော်ဒယ် Chevrolet Colorado High Country ၏ဈေးနှုန်းမှာအမေရိကန်ဒေါ်လာ ၄၉,၀၀၀ ရှိပါသည်။

အင်ဂျင်မှာ 2.8L,Duramax four-cylinder disel ကိုအသုံးပြုထားပြီး Variable Geometry Turbocharger(VGT)           စနစ်တို့ပါဝင်အသုံးပြုထားပါသည်။

လောင်စာအဖြစ်ဒီဇယ်ကိုအသုံးပြုပြီးအော်တိုဂီယာခြောက်ချက်ပြောင်းလဲအသုံးပြုနိုင်ပါသည်။

ဆီစားနှုန်းသက်သာပြီး သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုအနည်းဆုံးဖြစ်စေသောအင်ဂျင်အမျိုးအစားဖြစ်သည်။

ရှေ့လေဝင်ပေါက်ကျယ်ဝန်းပြီးနှစ်ထပ်ခရိုမီယမ်ရှဲလ်၏အလယ်တွင်ယင်းကုမ္ပဏီ၏အမှတ်တံဆိပ်ကို တပ်ဆင်ထားပါသည်။

အတွင်းဘက်ကို ရှည်လျားသွားသော Projector head lamp မီးလုံးများက ညပုံရိပ်များကို ထင်ရှားပြတ်သားအောင်ပြသပေးနိုင်သည့်အပြင် ဆန့်ကျင်ဘက်အရပ်မှ မောင်းနှင်လာသောယာဉ်မောင်းများ၏ အမြင်အာရုံကိုစူးရှမှုမဖြစ်စေရန်လည်းအလိုအလျောက်ချိန်ညှိပေးပါသည်။

LED day-time running lampပါဝင်ပါသည်။

ပစ်ကပ်၊ ဒယ်ဘက်ကပ်အမျိုးအစားဖြစ်သော်လည်း အတွင်းခန်းကျယ်ဝန်းစေရန်စီမံပေးထားပါသည်။

Chevrolet၏အဆင့်မြင့်ဒီဇိုင်းများနှင့်မွမ်းမံထားသောရှေ့ခန်းပိုင်းအတွင်းတွင်ဇိမ်ခံကားတစ်စီးကဲ့သို့ခံစားနိုင်စေပါသည်။

နောက်ပိုင်းထရပ်ကိုယ်ထည်ကျယ်ဝန်းသည့်အတွက်ကုန်တင်ကားတစ်စီးကဲ့သို့လည်းအသုံးပြုနိုင်မည် ဖြစ်သည်။

ရှေ့လေကာ၏အထက်တွင် အာရုံခံကိရိယာတပ်ဆင်ထားပြီး သတ်မှတ်လမ်းကြောင်းမှသွေဖည်သွားသည်နှင့် မီးနီနှင့်ရော အသံနှင့်ပါအချက်ပြသတိပေးနိုင်သည့် Lane Departure Warning စနစ်ပါရှိပါသည်။

ယာဉ်၏ရှေ့တွင် အတားအဆီးများတွေ့ရသည့်အခါတွင် အချက်ပြပေးနိုင်သည့် forward collision alert ပါရှိပါသည်။

တာယာတစ်လုံးချင်းစီ၏ လေဖိအားကိုစောင့်ကြည့်သတိပေးနိုင်သည့် Tire Pressure Monitor စနစ်လည်း ပါရှိပါသည်။

MyLink Infotainment စနစ်မှာ Apple car play နှင့် Android auto စနစ်များကို အထောက်အကူပြုသည့်အပြင် Siri eye free စနစ်မှတစ်ဆင့်အသံနှင့် အမိန့်ပေးခိုင်းစေမှုများပြုလုပ်နိုင်ပါသည်။

ထို့ပြင် Chevrolet ၏အဆင့်မြင့်နည်းပညာများဖြစ်သည့် Anti-lock Braking System(ABS) စနစ်၊ Electronic StabilityControl(ESC) စနစ်ကဲ့သို့ အဆင့်မြင့်ဘရိတ်စနစ်များနှင့် နည်းပညာမျိုးစုံထည့်သွင်းထားသောကြောင့် မြို့ပေါ်နှင့် နယ်ဝေးလမ်းကြမ်းခရီးများမှာပါ လုံခြုံစိတ်ချစွာ မောင်းနှင်နိုင်မည်ဖြစ်ပါသည်။

Read 3100 times