တရုတ်နှစ်သစ်ကူးအားလပ်ရက် ၁၁ နိုင်ငံသို့ ကားအစီးရေ ၂၄,၀၀၀ Chery ပေးပို့


တရုတ်နှစ်သစ်ကူးအားလပ်ရက် ၁၁ နိုင်ငံသို့ ကားအစီးရေ ၂၄,၀၀၀ Chery ပေးပို့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွင်း နိုင်ငံပေါင်း ၁၁ နိုင်ငံသို့ ကားအစီးရေ ၂၄,၀၀၀ Chery ပေးပို့ခဲ့သည်။

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံမှ ကားအစီးရေ ၃.၁၁ သန်းကို တင်ပို့ခဲ့ပြီး ၎င်းတို့အနက် Chery ၏ ကားများ ၄၅၂,၉၀၀ စီး ၊ ၁၄.၅ ရာခိုင်နှုန်း ပါဝင်ခဲ့သည်။

 တရုတ်နိုင်ငံ၏ မော်တော်ယာဥ်ဈေးကွက်သည် ပြိုင်ဆိုင်မှုပြင်းထန်လာချိန်တွင်  အချို့သော ကားကုမ္ပဏီများသည် ပြည်ပဈေးကွက်များကို ထက်ထက်သန်သန် ချဲ့ထွင်လျက်ရှိသည်။

Chery သည် တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွင်း ဥရောပ၊ အလယ်ပိုင်းအာရှ၊ ဩစတြေးလျနှင့် တောင်အမေရိကနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံသို့ ကားအစီးရေ ၂၄,၀၀၀ ပေးပို့ခဲ့သည်။ နိုင်ငံပေါင်း ထက်ဝက်ကျော်သို့ ကားတင်သင်္ဘောများ ဆိုက်ရောက်ခဲ့ပြီး ကားများ ချပေးခဲ့ပြီးပြီဖြစ်ကြောင်း Chery က အတည်ပြုပြောကြားသည်။

Chery မော်တော်ယဉ် ၃၂၈၆ စီး တင်ဆောင်လာသည့် ကားတင်သင်္ဘော တစ်စီးသည် ဇန်နဝါရီ ၂၁ ရက်တွင် ရှန်ဟိုင်းဆိပ်ကမ်းမှ ထွက်ခွာခဲ့ပြီး တူရကီနှင့် အခြားဥရောပဈေးကွက်များသို့ တစ်လအတွင်း ရောက်ရှိရန် မျှော်လင့်ထားကြောင်း ကားထုတ်လုပ်သူ Chery မှ ပြောကြားခဲ့သည်။

တရုတ်နှစ်သစ်ကူး အားလပ်ရက်မှာ ဇန်နဝါရီ ၂၁ မှ ၂၇ ရက်အထိ ဖြစ်သည်။

တရုတ်နိုင်ငံ၏ ဇန်နဝါရီတွင် အိမ်စီးကားများ လက်လီရောင်းချမှုသည် အစီးရေ ၁.၃၆ သန်းရှိမည်ဟု ခန့်မှန်းထားပြီး ယမန်နှစ် ၂၀၂၁ ဇန်နဝါရီလထက်  ၃၄.၆ ရာခိုင်နှုန်း ကျဆင်းကာ ၂၀၂၂ ဒီဇင်ဘာလထက် ၃၇.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း တရုတ်နိုင်ငံ အိမ်စီးကားအသင်းChina Passenger Car Association  (CPCA) က ဇန်နဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

     Advertisement

Click Here >  Baho

စွမ်းအင်သစ် အိမ်စီးကားများ၏ လက်လီရောင်းချမှုသည် ယခင်နှစ် ၂၀၂၁ ဇန်နဝါရီလကထက် ၁.၈ ရာခိုင်နှုန်း တိုးလာသော်လည်း ၂၀၀၂  ဒီဇင်ဘာလထက် ၄၃.၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း CPCA မှ ပြောကြားခဲ့သည်။

Chery သည် တရုတ်နိုင်ငံ၏ ထိပ်တန်း အိမ်စီးကား တင်ပို့မှုအမှတ်တံဆိပ်အဖြစ် စာရင်းဝင်သည်။ ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံမှ တင်ပို့သည့်ကား ခုနစ်စီးလျှင် တစ်စီးသည် Chery မှ ထုတ်လုပ်ထားသည့် ကားဖြစ်သည်။
၂၀၂၁ ထက် ၂၀၂၂ တွင် ၆၈% ပိုမို တင်ပို့နိုင်ခဲ့သည်။
Chery တင်ပို့သည့်ကားများတွင် အများစုသည် သမားရိုးကျ  အင်ဂျင်ကားများ ဖြစ်သည်။
Source cnvepost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1416 times