အင်ဒိုနီးရှားကို  အရှေ့တောင်အာရှ ထုတ်လုပ်မှု ဗဟိုချက်အဖြစ် Chery ထားရှိမည်


အင်ဒိုနီးရှားကို  အရှေ့တောင်အာရှ ထုတ်လုပ်မှု ဗဟိုချက်အဖြစ် Chery ထားရှိမည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အင်ဒိုနီးရှားနိုင်ငံတွင် Chery ၏ ပထမဆုံး လျှပ်စစ်ကားကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်တွင် ထုတ်လုပ်ခဲ့ပါသည်။

တရုတ်နိုင်ငံမှ မော်တော်ကားကုမ္ပဏီ Chery ၏ ကားစက်ရုံသည် ဂျာကာတာမြို့တော်၏ အရှေ့ဘက်ရှိ ဘက်ကာစီမြို့တွင် တည်ရှိပါသည်။

 

ယခုနှစ်တွင် Chery သည် ဓာတ်ဆီအင်ဂျင်ကားများနှင့် လျှပ်စစ်ကားများကို ထုတ်လုပ်မည်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံတွင် ရောင်းချခြင်းအပြင် ဗီယက်နမ်၊ ထိုင်းနှင့် ဖိလစ်ပိုင်တို့ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများသို့ တင်ပို့မည် ဖြစ်သည်။

 

 အင်ဒိုနီးရှား ပြည်တွင်းနှင့် အရှေ့တောင်အာရှ ဈေးကွက်များအတွက် ကားထုတ်လုပ်မှု အခြေစိုက်စခန်း ထူထောင်ရန် ကတိပြုထားကြောင်း PT Chery Sales Indonesia (CSI) ၏ အမှုဆောင် ဒုတိယဥက္ကဋ္ဌ Qu Ji Zong က ပြောကြားသည်။ 

၎င်းရည်မှန်းချက် အကောင်အထည် ဖော်ရန် အင်ဒိုနီးရှားတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်သွားမည် ဖြစ်သည်။ 

 

"အင်ဒိုနီးရှားသည် အာရှတွင် Chery ၏ ကားတင်ပို့သည့် ပထမဆုံးနိုင်ငံ ဖြစ်လာလိမ့်မည်"ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ 

 

 Chery သည် ၂၀၂၂ ခုနှစ်ကတည်းက အင်ဒိုနီးရှားတွင် ဓာတ်ဆီအင်ဂျင်ကားများကို completely knocked-down  (CKD) အစီအစဥ်ဖြင့် PT Handal Indonesia Motor ၏ စက်ရုံတွင် တပ်ဆင် ထုတ်လုပ်ခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ဓာတ်ဆီအင်ဂျင်ကား မော်ဒယ်များ ဖြစ်သည့် Omoda 5 နှင့် Tiggo 7 Pro တို့ကို အင်ဒိုနီးရှား ပြည်တွင်းမှာ ရောင်းချရန် ထုတ်လုပ်ခဲ့သည်။

လျှပ်စစ်ကားကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် စတင်ထုတ်လုပ်ခဲ့သည်။ 

 

၎င်းစက်ရုံတွင် Chery က ရူပီယာ ၂၅၀ ဘီလီယံ (ကန်ဒေါ်လာ ၁၅.၈၈ သန်း) ရင်းနှီးမြှုပ်နှံထားသည်။

Chery သည် လာမည့် ၅ နှစ်တာအတွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်သွားမည် ဖြစ်ပါသည်။

Source Jakartapost


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL

Read 328 times