Chery ထုတ်လုပ်ပေးသည့် ပထမဆုံး ဟွာဝေး စမတ်ကား ကြိုပွိုင့်အရောင်းစတင်


Chery ထုတ်လုပ်ပေးသည့် ပထမဆုံး ဟွာဝေး စမတ်ကား ကြိုပွိုင့်အရောင်းစတင်

et Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တရုတ် တယ်လီကွန်း ကုမ္ပဏီကြီး Huawei Technologies သည် တရုတ် ကားထုတ်လုပ်သူ Chery Automobile နှင့် ထုတ်လုပ်သည့်  ပထမဆုံး စမတ်ကား မော်ဒယ်ကို အကြိုရောင်းချမှု စတင်လိုက်ပြီ ဖြစ်သည်။


ဈေးနှုန်း ယွမ် ၂၅၈,၀၀၀(USD35,415) ဖြင့် စတငါသည့် စမတ်ကား Luxeed S7 သည် ဆီဒင်အမျိုးအစား ဖြစ်ပါသည်။ 
Luxeed S7 တွင် ဟွာဝေး နောက်ဆုံးထုတ် လည်ပတ်စနစ် operating system ဖြစ်သော HarmonyOS 4 အသုံးပြုထားပါသည်။
မျိုးဆက်သစ် မော်တာစနစ် သုံးထားသည်ဟု ဟွာဝေးက ပြောကြားသည်။
 Luxeed S7 ကို နိုဝင်ဘာလ ၂၈ ရက်တွင် အရောင်းစဖွင့်မည်။

 ဟွာဝေးသည် ကားမော်ဒယ်များကို ဒီဇိုင်းထုတ်သော်လည်း ကိုယ်တိုင်ကိုယ်ကျ ကားတပ်ဆင်ထုတ်လုပ်ခြင်း မပြုပါ။ ကားထုတ်လုပ်သည့် လုပ်ငန်းများနှင့် ပူးပေါင်းပြီး ထုတ်လုပ်ပါသည်။
စမတ်ကားအမှတ်တံဆိပ် Aito ကို ကားထုတ်လုပ်သူ Seres Group နှင့် အတူပူးပေါင်း လုပ်ကိုင်သည်။ ယခုအခါ ပြန်လည်မွမ်းမံပြီး တကျော့ပြန်ရောင်းချသည့် Aito M7 မော်ဒယ် ရောင်းအား ကောင်းနေပါသည်။
Aito M5 ကို ဝယ်ယူသူများထံ အစီးရေ ၁၂၀,၀၀၀ ကျော် ပေးပို့ခဲ့ပြီးပြီ ဖြစ်ပါသည်။
ထုတ်လုပ်နေဆဲဖြစ်ပြီး ကြိုပွိုင့်အမှာစာ လက်ခံနေသည့် Aito M9 တွင် စရန်ငွေ ပြန်မအမ်းသည့် အမှာစာ ၂၅,၀၀၀ ကျော် ရရှိထားပါသည်။

ဟွာဝေးသည် စမတ်ကား အမှတ်တံဆိပ် Luxeed ကို Chery Automobile နှင့်အတူပူးပေါင်း လုပ်ကိုင်သည်။

ဟွာဝေးသည် ကားထုတ်လုပ်သူများနှင့် ပူးပေါင်း လုပ်ကိုင်သည့်အခါ လည်ပတ်စနစ်အတွက် ဟွာဝေး၏ HarmonyOS ကို ပေးအပ်ပါသည်။ လျှပ်စစ်မော်တာ၊ အင်ဖိုတိန်းမင့်နှင့် ထိန်းချုပ်ရေးစခရင် အစရှိသည့် ပစ္စည်းအစိတ်အပိုင်းများကို ဟွာဝေးက ထုတ်လုပ်ပေးပါသည်။ ယာဉ်တစီးလုံး၏ ကိစ္စအဝဝ အလုံးစုံကို ခြုံငုံပေးထားသည့် Smart Selection ကို ပေးအပ်ပါသည်။

Huawei သည် Seres နှင့် Chery Auto တို့အပြင် BAIC BluePark နှင့်လည်းကောင်း၊ JAC Motors နှင့်လည်းကောင်း Smart Selection အစီအစဉ်ဖြင့် ပူးပေါင်းလုပ်ကိုင်လျက် ရှိပါသည်။

Source  Yicai Global
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1438 times