အောက်တိုဘာ ၄ ရက်မှစ၍ယာဉ်မောင်းနှင့် ယာဥ်နောက်လိုက်များအားစစ်တောင်းတံတား (မုပ္ပလင်) တွင် Test စစ်ဆေးခြင်းဆောင်ရွက်မည်။ Positive ထွက်သူ သတ်မှတ်နေရာတွင် ကုသမှုခံယူပြီး ကျန်သူမှာ Negative ဖြစ်သော်လည်း Q ဝင်ရမည်။
အောက်တိုဘာလ ၄ ) ရက်မှစ၍ မွန်ပြည်နယ်ဝင်ပေါက်သို့ဝင်ရောက်လာသည့် ရန်ကုန်၊ပဲခူး၊နေပြည်တော်တို့မှယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား စစ်တောင်းတံတား( မုပ္ပလင်)တွင် Testစစစ်ဆေးခြင်းဆောင်ရွက်မည်ဖြစ်ပြီး Negထွက်သောယာဉ်ကိုဝင်ခွင့်ပြုမည်ဖြစ်ပြီး Posထွက်ပါက အဆိုပါယာဥ်မောင်း၊ယာဉ်နောက်လိုက်သည် ဘီးလင်းဒေါင်းရပ်ဆေးရုံတွင်၎င်း၊ကျန်တစ်ဦးမှာ Negထွက်သော်လည်း တစ်စီးတည်းအတူတူဖြစ်၍ ကျိုက်ထိုCBFQစခန်းတွင် Qဝင်ရမည်ဖြစ်ကြောင်းသိရသည်။
"မွန်၊ကရင်၊တနင်္သာရီအစိုးရအဖွဲ့များမှ၎င်းတို့နယ်မြေအတွင်းသို့ရန်ကုန်၊ပဲခူး၊နေပြည်တော်ဘက်မှလာတဲ့ ခရီးသည်တွေကိုလက်မခံကြောင်း၊စေလွှတ်ပေးခြင်းမပြုရန်နှင့် အခြေခံစားကုန်များ၊ဆေးနှင့်ဆေးပစ္စည်းကုန်တင်ယာဥ်များ၊စက်သုံးဆီတင်ဆောင်သောယာဥဉ်များကိုသာယာဉ်မောင်းယာဉ်နောက်လိုက်နှစ်ဦးလိုက်ပါခွင့်ပြုပေးရန်မွန်ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့်အကြောင်းကြားလာပါတယ်။
မွန်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ကွင်းဆင်းပြီး ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ခရီးသွားများ ဝင်ခွင့်မပြုရန်နှင့် အခြေခံစားကုန်များ၊ဆေးနှင့်ဆေးပစ္စည်းကုန်တင်ယာဥ်များ၊စက်သုံးဆီတင်ဆောင်သောယာဥ်များကိုသာယာဥ်မောင်းယာဥ်နောက်လိုက်နှစ်ဦးလိုက်ပါခွင့်ပြုပေးရန်အဝင်ယာဥ်များအား ပိုမိုတင်းကြပ်ဆောင်ရွက်သွားရန်၊ Covid-19 Testပြုလုပ်နိုင်ရေးအတွက်စစ်ဆေးမယ့်နေရာ၊ဆရာဝန်/သူနာပြုများထားရှိရန်နေရာ၊စစ်ဆေးမည့်အစီအစဥ်များ၊ယာဥ်ရပ်နားမည့်နေရာများနှင့်ပါတ်သက်၍ လုပ်ငန်းလမ်းညွှန်ချက်၊လိုအပ်တဲ့ဖြည့်ဆည်းမှုတွေ ပြုလုပ်ပေးပါတယ်။
"အောက်တိုဘာလ ၄ ရက်ကစပြီး အဝင်ယာဥ်များအားပိုမိုတင်းကြပ်ဆောင်ရွက်သွားပါမယ်၊ Test စစ်ဆေးန်ုင်ဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေ ဆောင်ရွက်ပြီးပါပြီ၊ကျန်းမာရေးအဖွဲ့တွေကလည်း အသင့်ဖြစ်နေကြပါပြီ Negထွက်သောယာဉ်ကိုသာပေးဝင်ပါမယ်။Posထွက်ပါကထွက်တဲ့ယာဥ်မောင်း၊ယာဉ်နောက်လိုက်ဘီးလင်းဒေါင်းရပ်ဆေးရုံမှာ ဆေးကုသမှုခံယူရပါမယ်။
"ကျန်တစ်ဦးက Negထွက်သော်လည်း တစ်စီးတည်းအတူတူဖြစ်၍ကျိုက်ထိုCBFQစခန်းတွင် Qဝင်ရမှာ ဖြစ်ပါတယ်။
"အခုအချိန်မှာခရီးမသွားတာအကောင်းဆုံးပါ။ Maskတပ်ပါ။လက်ဆေးပါ။Home stayနေကြပါ။ကျန်းမာရေးဝန်ကြီးဌာနမှညွှန်ကြားချက်များကိုလိုက်နာကြပါလို့ ပြောချင်ပါတယ်"ဟု စစ်တောင်းတံတား( မုပ္ပလင်)တွင် ကြီးကြပ်ဆောင်ရွက်နေသည့် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်က အသေးစိတ်ရှင်းလင်းပြောကြားသည်။
"သည်ကနေ့ညနေမှာ အားလုံးအသင့်ဖြစ်နေပါပြီ။ ကျွန်တော်ကိုယ်တိုင် စတင် အစစ်ဆေးခံပါတယ်။ Neg အဖြေထွက်ပါတယ်။ တစ်ဆက်တည်းမှာ ရောက်နှင့်နေတဲ့ ယာဉ်အဖွဲ့တွေကိုလည်း စတင် စစ်ဆေးနေပါပြီ"ဟု ထပ်မံရှင်းလင်းပြောကြားသည်။
Transcom News