ကားဘက်ထရီ စစ်ဆေးခြင်းနှင့် အရေးထားသင့်သည့် အချက်များ အပိုင်း (၂)


ပုံမှန်အားဖြင့် ချာဂျင်အဝင်ကောင်း သော ဘက်ထရီတစ်လုံးသည် အား အပြည့်ရှိတတ်သည်။ ချာဂျင်ပုံမှန်ဝင် ရန် Charging System ကောင်းရ မည်။

Alternator နှင့် IC Regulator ကောင်းရမည်။ ဘက်ထရီတစ်လုံး၏ သက်တမ်းသည် အမျိုးအစားနှင့် အရည်အသွေးပေါ်မူတည်၍ (၂) နှစ်မှ (၄) နှစ်အထိအသုံးခံပါသည်။

သက် တမ်း (၄) နှစ်ကျော်သော ဘက်ထရီ တစ်လုံးသည် ချာဂျင်အားသွင်းစနစ် မည်မျှပင် ကောင်းစေကာမူ သွင်းလိုက် သော လျှပ်စစ်စွမ်းအားကို သိုလှောင် ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့၍ ဘက်ထရီအား မရှိဖြစ်တတ်သည်။

ပုံမှန်သက်တမ်း ရှိသေးသော ဘက်ထရီတစ်လုံးသည် အားကုန် သော ချွတ်ယွင်းချက်လက္ခဏာပြပါ က (သို့မဟုတ်) နံနက်ပိုင်း စက်နှိုး မော်တာဆွဲလျှင် မော်တာအီနေပါက ဘက်ထရီချာဂျင် အားမဝင်သောပြဿနာသာဖြစ်သည်။

ဘက်ထရီ အားမထိန်းနိုင်သော ပြဿနာမဟုတ် ပါ။

ဘက်ထရီချာဂျင်အားအပြည့် မဝင်နိုင်သော အကြောင်းရင်းများစွာ ရှိသည်။

ပန်ကာကြိုး ချောင်နေ သလား။ AC/DC ဒိုင်နမိုမီးထွက်မမှန် တာလား၊ ကာဗွန်တိုပြီးစားနေသလား၊ Alternator ဒိုင်အုပ်များမကောင်းတာ လား၊ Regulator မထိန်းနိုင်တာ လား အပြစ်ရှာဖို့လိုပါသည်။

Alternator တစ်လုံးသည် တစ်နှစ်တစ်ကြိမ် ခန့် ဆာဗစ်စင်လုပ်၍ သန့်ရှင်းဆေး ကြောသင့်သည်။

နေ့စဉ်အသုံးများ သော Taxi နှင့် စီးလုံးငှားယာဉ်များ ပို၍ပျက်စီးမှုမြန်ပါသည်။

မိသားစုသုံး အိမ်စီးကားဆိုပါက အသုံးပြုမူနည်း သဖြင့် (၂)နှစ်တစ်ကြိမ်ခန့်သာ Alternator ကို စစ်ဆေးသင့်သည်။

ဘက်ထရီခေါင်း၊ ဘက်ထရီ ကေဘယ်ကြိုး အဆက်နေရာများတွင် အက်ဆစ်ကြောင့် ဆားပေါက်တတ် သည်။

ကြာလာလျှင် ဘက်ထရီငုတ် နှင့် ဘက်ထရီခေါင်းကြားတွင် ဆား ချိုးများ အညစ်အကြေးများတတ်ပြီး ဘက်ထရီအဆက်အသွယ်ကို ထိတွေ့ မှု အားနည်းစေသည်။

ဘက်ထရီငုတ်၊ ဘက်ထရီခေါင်းအဆက်နေရာများကို ရေနွေးနှင့်လောင်းဆေးပြီး သန့်ရှင်း ပေးရမည်။

ဘက်ထရီခေါင်း အဆက် Bolt & Nut များကို တင်းကျပ်မှုရှိ ^မရှိစစ်ဆေးရမည်။

ဘက်ထရီကေ ဘယ်ကြိုးကြီးများ၏ အဖျားထိပ်ရှိ Cable Lug များ ချောင်၍လွတ်နေ တတ်ပါသည်။

ဘက်ထရီမှလာသော အနီ ရောင် ကေဘယ်ကြိုးကို စက်နှိုးမော် တာထိပ် ဆိုလိုနွိုက်ငုတ်တွင် Nut ဖြင့် ဖမ်း၍တပ်ဆင်ထားသည်။

Nut ခေါင်းချောင်နေပါက စက်နှိုးမော်တာ ဆွဲသည့်အချိန်တွင် ထိဆက်မှု အား နည်းပြီး မော်တာ အီနေတတ်သည်။

ဘက်ထရီမှ လျှပ်စစ်အားများ မော် တာသို့ အတားအဆီးမရှိ စီးဝင်နိုင မှသာ စက်နှိုးမော်တာ ရုန်းအားကောင်း မည်။

ဘက်ထရီမှာ နောက်ထပ်အရေး ကြီးတဲ့ အချက်က အက်ဆစ်ပျော်ရည် (သို့မဟုတ်) လျှပ်လိုက်ရည် (Electrolyte) ပါ။

အားပြည့်နေတဲ့ ဘက်ထ ရီတစ်လုံးရဲ့ အက်ဆစ်ဖျော်ရည်ပြင်း အားသိပ်သည်းဆဟာ 1.260 မှ 1.280 အတွင်းရှိသည်။

ဘက်ထရီအသုံးပြုမှု ကြာလာ လျှင် လျှပ်လိုက်ရည် (ခေါ်) အက် ဆစ်ဖျော်ရည် ခမ်းခြောက်ပြီး ခဲပလိပ်ပြားတောင် ပေါ်လာတတ်ပါ သည်။

အက်ဆစ်ပျော်ရည် လျော့ကျ သွားရင် ဘက်ထရီမိုးရေပဲ ထပ်ဖြည့် ပေးပါ။

ရိုးရိုးရေသန့်တွေ ထည့်လို့ မရပါ။ ဘက်ထရီအိုးခွံမှာ အက်ဆစ် ပျော်ရည် Level အနိမ့်ဆုံးလိုင်းနှင့် အမြင့်ဆုံး လိုင်းဆွဲပေးထားသည်။

လျှပ်လိုက်ရည ်ခမ်းခြောက်ပြီး ပလိပ် ပြားများပါ ပေါ်လာသည်အထိသုံးပါ က ဘက်ထရီနာပါသည်။ လျှပ်လိုက် ရည်ခမ်းသွားသဖြင့် အိုးထဲတွင် ကျန် သော အက်ဆစ်ပျော်ရည်သည် ပြင်း အားဒီဂရီတက်လာသည်။

အက်ဆစ် သိပ်သည်းဆ 1.300 ကျော်လွန်ပါက ခဲပလိပ်ပြားများ မခံနိုင်ပါ။

မိုးရေရော စပ်ပေးပါ။ ဘက်ထရီတွင်သုံးသော လျှပ်လိုက်ရည်သည် ဆာလူဖျူရစ် အက်ဆစ် (H2SO4)(၃၅) ရာခိုင်နှုန်း နှင့် ပေါင်းခံရေ (၆၅) ရာခိုင်နှုန်းပါဝင် ရောစပ်ထားသော အက်ဆစ်ဖျော်ရည် ဖြစ်သည်။

ဘက်ထရီတစ်လုံး၏ စွမ်းရည် ကို Aampere-hour (A x h) ဖြင့် ဖော်ပြသည်။

ဥပမာ 70Ah ဘက်ထရီ တစ်လုံးသည် 7amp ဖြင့် လျှပ်စစ် ထုတ်သုံးပါက 10 Hour ကြာခံသည် ဟု အဓိပ္ပာယ်ရသည်။

အမ်ပီယာကြီး လေ ဘက်ထရီအိုးကြီးလေးဖြစ်သည်။

ဘက်ထရီအားသွင်းချိန်တွင် ဘက်ထရီအိုးအတွင်းမှ ဟိုက်ဒြိုဂျင် ဓာတ်ငွေ့များ ဓာတ်ပြု၍ထွက်လာ သည်။

ဟိုက်ဒြိုဂျင်သည် မီးလောင် ပေါက်ကွဲမှု ပြင်းထန်လွန်းသော ဓာတ်ငွေ့ဖြစ်၍ သတိထားသင့်သည်။

ဘက်ထရီအားသွင်းပြီးချိန်တွင် ဟိုက် ဒြိုဂျင်ဓာတ်ငွေ့များရှိနေ၍ ဘက်ထရီ ငုတ်မှမီးပွား (Spark) ထွက်ပါက ဘက်ထရီအိုး ပွင့်ထွက်ပေါက်ကွဲတတ် သည်။

ဘက်ထရီ အက်ဆစ်သည် မျက်စိနှင့် အရေပြားတို့ကို လောင်စား စေနိုင်၍ ကိုင်တွယ်လျှင် အထူးသတိ ထားသင့်သည်။ ရာဘာလက်အိတ် စွပ်ပါ။

မျက်မှန်အကာအကွယ်ယူပြီးမှ ဘက်ထရီကိုကိုင်ပါ။

 

Read 1578 times