ဘက်ထရီသည် အမြဲတမ်းအားပြည့်၍ ကျန်းမာရေး ကောင်းမွန်နေရမည်။
ဘက်ထရီ ကျန်းမာမှ ကားကို စိတ်တိုင်းကျ လိုရာစေနိုင်မည်။
ကားဘက်ထရီ တစ်လုံးသည် ကားတစ်စီးလုံး၏ အသက်ဝိဉာဉ်ဖြစ်သည်။
ကားတစ်စီးလုံး၏ ထိန်းချုပ်မှုစနစ်အားလုံးသည် လျှပ်စစ်ဝါယာများဖြင့်သာ သွားသည်။
Electrical System, Charging, Aircon System အားလုံး တွင် ဘက်ထရီသည်မပါမဖြစ် အဓိက ကျသည်။
ကားတစ်စီးထိန်းသိမ်းရေးတွင် ဘက်ထရီစစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်းသည်လည်း အရေးကြီးသော အချက်ဖြစ်သည်။
ဘက်ထရီနှင့် စပ်လျဉ်း၍ အခြားသိထားသင့်သော အချက်များလည်းရှိသည်။
အအေးဓာတ်လွန်ကဲသော တောင်ပေါ်ဒေသများတွင် ဘက်ထရီသည် ပို၍အရေးကြီးသည်။
ဘက်ထရီ၏ အဓိကတာဝန်သည် အင်ဂျင်စက်စတင်နှိုးရန်အတွက် အားကောင်းသော လျှပ်စစ်စီးကြောင်းကို ထုတ်ပေးရန်ဖြစ်ပြီး အခြားတာဝန်များကိုလည်း ထမ်းဆောင်ရသည်။
ကားတစ်စီးလုံး၏ Electrical System တွင် တည်ငြိမ်သော DC လျှပ်စစ်ဗို့အား (12 Volt/24 Volt) ကို ထိန်းသိမ်းထားရန် ကားစက်ရပ်ထားသော အချိန်တွင်လည်း လိုအပ်သော Power Supply ကိုပေးရန်၊ကားမီး ထွန်းရန်၊ TV, CD Player နှင့် ရေဒီယိုများဖွင့်ရန်တို့အတွက်ဖြစ်သည်။
ဘက်ထရီစစ်ဆေးခြင်း
ဂရုစိုက်ထိန်းသိမ်းခြင်း
ကားတစ်စီးတွင် ဘက်ထရီ အသစ်တစ်လုံး လဲလှယ်တပ်ဆင်ပေး လိုက်ရုံဖြင့် မပြီးသေးပါ။
ဘက်ထရီကို နေ့စဉ်သုံးနေသဖြင့် အချိန်တန်လျှင် တဖြည်းဖြည်း ချွတ်ယွင်းပျက်စီး တတ်သည်မှာ သဘာဝဖြစ်သည်။
ဘက်ထရီအိုးထဲတွင် အားဝင်လိုက် အားပြန်ထုတ်သုံးလိုက် (Charging/Discharging) ဖြစ်စဉ်သည် အမြဲဖြစ်နေပြီး ဓာတုပြောင်းလဲမှုဖြစ်စဉ် များလည်းအမြဲရှိသည်။
ထို့ကြောင့် ဘက်ထရီအိုးတွင် ဓာတုပွန်းစားမှုများ ရှိသည်။
ဘက်ထ ရီအက်ဆစ်ရည် ခမ်းခြောက်ခြင်း၊ ခဲပြားများ၊ ဓာတ်ပြောင်းလဲရာ မှ ပွန်းစားခြင်း၊ ဘက်ထရီငုတ်များ နှင့် ဘက်ထရီခေါင်းများတွင် ဓာတ်ဆား များပေါက်ခြင်း၊ ဘက်ထရီ Over-charging ဖြစ်ခြင်း၊ အက်ဆစ်ရည် များ သိပ်သည်းဆ ပြောင်းလဲခြင်း စ သောဖြစ်စဉ်များသည် ဘက်ထရီ အသုံးပြုနေသမျှ ဖြစ်ပေါ်နေသည်။
ထို့ကြောင့် သင့်ကားမှ ဘက်ထရီကို ဂရုစိုက် ထိန်းသိမ်းရန်နှင့်လိုအပ်လာလျှင် ဘက်ထရီစစ်ဆေးပေးခြင်းတို့ ကို ဆောင်ရွက်ပေးသင့်သည်။
ဘက်ထရီစစ်ဆေးရန် ဘက်ထရီဟိုက်ဒြိုမီတာ၊ ဒစ်ဂျစ်တယ်မီတာ (သို့မဟုတ်) မာတီမီတာ တစ်လုံး လိုအပ်သည်။
Safety ဖြစ်ရန်အတွက် ရာဘာလက်အိတ်တစ်စုံနှင့် မျက်စိ ကာကွယ်ရန်အတွက် မျက်မှန်တစ် လက်လိုသည်။
ပထမဦးစွာ ဘက်ထရီဗို့အား အခြေအနေကို တိုင်းတာစစ်ဆေးမည်။
ကားသော့ကို Off အနေအထားတွင် ထားပါက ဘက်ထရီအလုပ်မလုပ်ဘဲ နားနေမည်။
ဘက်ထရီအားဝင်ရောက် မှုအခြေအနေ (State of Charge) ကို စစ်ဆေးရန် မီတာ၏အနီရောင် (အဖို ကြိုး) ကြိုးစထောက်တံကို ဘက်ထရီ အဖိုငုတ်တိုင် (+) တွင်ထောက်ပါ။
ဗို့ မီတာ၏ အမကြိုးစဖြစ်သော အနက်ရောင်ငုတ်ကို ဘက်ထရီအမငုတ် (-) နှင့် ဆက်သွယ်လိုက်ပါ။
ဗို့မီတာဒိုင်ခွက်တွင် ဘက်ထရီ၏ ချာဂျင်အားပမာဏကို သိရှိနိုင်သည်။
ဘက်ထရီဗို့အား 12.66 V ရှိလျှင် ဘက်ထရီအားအပြည့်ရှိသည်။
12.45 Volt သာရှိလျှင် (၇၅) ရာခိုင်နှုန်းသာ ရှိသည်။
12.24 V အထိ ကျဆင်း သွားလျှင် ဘက်ထရီအား ထက်ဝက် သာ ကျန်တော့သည်။
အကယ်၍ ဗို့ အား 12.06 V ကျော်ကျော်လေးသာ ပြလျှင် သင့်ကားဘက်ထရီကို ချာဂျင် အရေးတကြီး ပြန်သွင်းပါ။
အားပြည့်နေသော ကားဘက် ထရီတစ်လုံး၏ အက်ဆစ်သိပ်သည်း ဆသည် 1.265 ရှိရမည်။
အက်ဆစ် သိပ်သည်းဆကျသွားခြင်း၊ နည်းပါး သွားခြင်းသည် ဘက်ထရီအားလျော့ သွားကြောင်း ဖော်ပြနေသည်ဟု မှတ်ယူရမည်။
အက်ဆစ်ပြင်းအား 1.225 သာရှိလျှင် ဘက်ထရီ၏ ချာဂျင်အား သည် (၇၅) ရာခိုင်နှုန်းသာကျန်သည် ဟု အဓိပ္ပာယ်ရသည်။
အကယ်၍ အက်ဆစ်ပြင်းအား 1.190 သာရှိလျှင် ထိုဘက်ထရီ၏ စွမ်းအားသည် (၅၀) ရာခိုင်နှုန်းသာ ကျန်သည်ဟု အဓိပ္ပာယ်ရသည်။
ဘက်ထရီအားကောင်း မကောင်း သိရှိနိုင်ရန် ဘက်ထရီအခန်းတိုင်း၏ ပလပ်အဖုံးများကိုဖွင့်ပြီး ဟိုက်ဒြို မီတာဖြင့် အက်ဆစ်ပြင်းအားကို တိုင်းကြည့်ပါ။
အက်ဆစ်ပြင်းအား နည်းလေ အားမရှိလေဖြစ်ပါမည်။ ဘက်ထရီတစ်လုံးတွင် Cell အခန်း (၆) ခန်းပါရှိသဖြင့် တစ်ခန်းနှင့် တစ်ခန်း အက်ဆစ်၏အရည် Level မညီညာဘဲ ရှိတတ်သည်။
အက်ဆစ် အရည် Level တစ်ညီတည်းရှိအောင် ညှိပေးရသည်။