ထိုကားမိုဒယ်ကို အွန်လိုင်းပေါ်တွင် ကိုယ်တိုင်စစ်ဆေးကြည့်ရှုနိုင်သော နည်းလမ်းရှိသည်ဟုသိရပါသည်။
ကားလောကသားတစ်ဦးမှ ကား၏ မိုဒယ်ကို လိုက်ပြီး ပြည်တွင်းအခွန်ပေးဆောင်ရာတွင်လည်းမတူညီကြောင်း၊ မိုဒယ်မြင့်ပါက ပိုများပြီး၊ အနိမ့်များတွင် မသိသာသော်လည်း စလစ်ကပ်အမြင့်ကားများတွင် သိသာကြောင်း၊ ပြည်တွင်းဈေးကွက်တွင် မျိုးဆက်တစ်ခုတူပြီး ရုပ်မပြောင်းသေးသော်လည်း မိုဒယ်မြင့်လျှင်ဈေးကွာသွားကြောင်း ပြောကြားခဲ့ပါသည်။
ကားတစ်စီးဝယ်ယူမည်ဆိုလျှင် ကားမိုဒယ်မှာ အရေးပါလှပါသည်။
ကားထုတ်လုပ်သူများသည် မျိုးဆက်တစ်ခုထဲတွင် ထုတ်လုပ်သော ခုနှစ်ကိုလိုက်ပြီး ကားအတွင်းအပြင်ပါဝင်ပစ္စည်းများ အနည်းငယ်ကွဲပြားပါသည်။
မျိုါ်ဆက်တစ်ခုပြောင်းခါနီးလျှင်လည်း Limited edition model ဆိုပြီး ထုတ်လုပ်ရောင်းကြပါသည်။
မျိုးဆက်တစ်ခုကို သုံးနှစ်မှ ခြောက်နှစ်အထိ ထုတ်လုပ်ကြပါသည်။
ထို့ကြောင့်ကားဝယ်သည့်အခါ မိုဒယ်ကို သေချာစွာမေးမြန်သင့်ပါသည်။
အကယ်၍ မသေချာခဲ့ပါက မိမိကိုယ်တိုင်အွန်လိုင်းတွင် တိုက်စစ်၍ ရပါသည်။
တစ်ချို့သော ဝက်ဘ်ဆိုက်များက ပိုက်ဆံပေးမှသာ အပြည့်အစုံကြည့်၍ ရပါသည်။
အောက်တွင်ဖော်ပြထားသော ဝက်ဘ်ဆိုဒ်လိပ်စာများမှာ အခမဲ့ဖြစ်ပါသည်။
ဂျပန်ကားများအတွက်ဆိုလျှင်
http://www.Japan-partner.com/check-manufacture-year.php
http://www.toyodiy.com/parts/q?vin=
http://ice-Jp.com/pages/mfrdate-check.html
http://beforward.aleado.com/cabinet
များတွင် စစ်ဆေးနိုင်ပါသည်။
Name plate, chassis နေရာများမှာ အင်ဂျင်ခန်း၊ တံခါးဘောင်၊ ထိုင်ခုံအောက်၊ ရှေ့လေကာမှန်အောက်ခြေတို့တွင် ရှိတက်ပါသည်။
ဥရောပဘက် အမေရိကန်ဘက်မှ ကားများအတွက်
http://www.vehiclehistory.com/vindecoder/vindecode-land.php
http://www.mycarhelpline.com/index.php
http://www.autoblog.com/2016/04/15/determine-car-model-year-vin/
များတွင် စစ်ဆေးနိုင်ပါသည်။