ကညနတွင်မော်တော်ယာဉ်စစ်ဆေးရခြင်းရည်ရွယ်ချက်


မှတ်ပုံတင်ထားသည့်ယာဉ်ဟုတ်မဟုတ်စိစစ်နိုင်ရန်နှင့်ယာဉ်များအများပြည်သူဆိုင်ရာလမ်းမပေါ်တွင် အန္တရာယ်ကင်းစွာမောင်းနှင်သွားလာနိုင်ရန်ရည်ရွယ်၍ စစ်ဆေးပေးရခြင်းဖြစ်ပါသည်။

ယာဉ်စစ်ဆေးရေးဌာန၏အဓိကလုပ်ငန်းတာဝန် (၃) ရပ်

(က) မော်တော်ယာဉ်မှတ်ပုံတင်ခြင်းဆိုင်ရာယာဉ်နှင့်ပတ်သက်သောလိုအပ်သည့်အချက်အလက်များရယူရန် စစ်ဆေးခြင်း။

(ခ) အများပြည်သူဆိုင်ရာလမ်းများပေါ်တွင်အန္တရာယ်ကင်းရှင်းစွာမောင်းနှင်သွားလာနိုင်မှု ရှိ/မရှိ စိစစ်ခြင်း။ (Road Worthiness & Safety of Vehicle)

***သင်စိတ်ဝင်စားနိုင်သောကျပ်သိန်း ၁၀၀ ၀န်းကျင်ဖြင့်တင်သွင်းသင့်သည့်ကားများ***

(ဂ) မော်တော်ယာဉ်များဘေးအန္တရာယ်ကင်းရှင်းရန်စံနှုန်းသတ်မှတ်ခြင်း။ (Safety Regulation of Vehicle)

မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိသောမော်တော်ယာဉ်အမျိုးအစားများ

(က) လူစီးယာဉ်

( ခ) ကုန်တင်ယာဉ် (၀န်ပေါ့)

( ဂ) ကုန်တင်ယာဉ် (၀န်လေး)

(ဃ) ခရီးသည်တင်ယာဉ်

( င) အခြားယာဉ်

( စ) နှစ်ဘီးတပ်ယာဉ်

(ဆ) သုံးဘီးတပ်ယာဉ်

( ဇ) ထရော်လာဂျီ

(စျ ) စက်ယန္တရားယာဉ်ကြီးများ

(ည) နောက်တွဲယာဉ်

ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများ

(က) ကနဦးယာဉ်စစ်ဆေးခြင်း

( ခ) သက်တမ်းတိုး (နှစ်လဲ) ယာဉ်စစ်ဆေးခြင်း

( ဂ) နယ်ဝင်ယာဉ်စစ်ဆေးခြင်း

(ဃ) လေလံယာဉ်များစစ်ဆေးခြင်း

( င) လိုအပ်ချက်အရယာဉ်စစ်ဆေးခြင်း

(စ) ကိုယ်ထည်ပြောင်း၊ အစိတ်အပိုင်းပြောင်း၊ ဆေးရောင်ပြောင်း ယာဉ်စစ်ဆေးခြင်း

(ဆ) အမည်ပြောင်းယာဉ်စစ်ဆေးခြင်း

(ဇ) မော်တော်ယာဉ်မှတ်ပုံတင်မိတ္တူ ထုတ်ပေးခြင်း အတွက် ယာဉ်စစ်ဆေးခြင်း

(စျ) စီမံချက်အရ ယာဉ်စစ်ဆေးခြင်း

ယာဉ်စစ်ဆေးခြင်းနည်းလမ်းများ

(က) မျက်မြင်ယာဉ်စစ်ဆေးခြင်း

(ခ) သီအိုရီအရတွက်ချက်စစ်ဆေးခြင်း

(ဂ) စက်ကိရိယာများဖြင့် စစ်ဆေးခြင်း

မျက်မြင်ယာဉ်စစ်ဆေးခြင်း

၁။ယာဉ်အမျိုးအမည်၊ အမျိုးအစား၊ စက်/ဘောင်၊ အတိုင်းအတာ၊ အစိတ် အပိုင်းများနှင့်မှတ်ပုံတင်ပိုင်းဆိုင်ရာအချက်အလက်များစစ်ဆေးခြင်း။

၂။ယာဉ်ကြံ့ခိုင်မှု စစ်ဆေးခြင်း

- Lighting System

- Braking System

- Steering System

- Exhaust System

- General Item

သီအိုရီအရတွက်ချက်စစ်ဆေးခြင်း

၁။ Weight distribution တွက်ချက်ခြင်း

၂။ Power Train Combination တွက်ချက်ခြင်း

၃။ Frame sectional Modulus ဖရိမ်ခံနိုင်ရည်အားစီစစ်တွက်ချက်ခြင်း

၄။ Turning Angle စီစစ်တွက်ချက်ခြင်း

၅။ Maximum Stable Turning Angle စီစစ်တွက်ချက်ခြင်း

၆။ Weight to Power Ratio တွက်ချက်ခြင်း

၇။ စီစစ်တွက်ချက်မှုများသည် ASEAN Standard Axle Load Weight and Dimension Limit ကိုက်ညီမှု ရှိ/မရှိစစ်ဆေးခြင်း

၈။ စီစစ်တွက်ချက်မှုများအရ အများပြည်သူဆိုင်ရာ လမ်းများပေါ်တွင် အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ခြင်း ရှိ/မရှိအား ထိုသီအိုရီများအရ သေချာစွာ စီစစ်တွက်ချက်သုံးသပ်၍ ခွင့်ပြုပေးခြင်း/ ပြန်လည်ပြုပြင် စေခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

စက်ကိရိယာများဖြင့်စစ်ဆေးခြင်း

၁။Weight Bridge

၂။Exhaust Emission Tester

၃။Speedometer Tester

၄။Brake Tester

၅။ Head Lamp Tester

၆။ Noise Tester

၇။ Side Slip Tester

၈။ Axle Play Tester

၉။ Pit Inspection

Read 3396 times