ဂျပန်မှာ မီးနီစောင့်နေစဉ် အီးဗီအားသွင်းစနစ် စမ်းသပ်


ဂျပန်မှာ မီးနီစောင့်နေစဉ် အီးဗီအားသွင်းစနစ် စမ်းသပ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


မီးပွိုင့်တွင် မီးနီစောင့်နေစဉ် အီးဗီကို ကြိုးမဲ့အားသွင်းစနစ်ဖြင့် အားသွင်းပေးခြင်းကို တိုကျိုမြို့အနီးရှိ Kashiwa-no-ha Smart City တွင် စမ်းသပ်နေသည်။ 
တိုကျိုနှင့် ချီဘာ တက္ကသိုလ်တို့မှ စမ်းသပ်သုတေသနပြုခြင်း ဖြစ်ပါသည်။ တာယာလုပ်ငန်း Bridgestone ၊ ယာဉ်အပိုပစ္စည်း လုပ်ငန်းများ ဖြစ်သည့် NSK နှင့် Denso အပါအဝင် ကုမ္ပဏီ ၉ ခုတို့က ပံ့ပိုးကူညီပါသည်။

 

 

အီးဗီနှင့် ပလပ်ထိုးအားသွင်း ဟိုက်ဘရစ် ကားများကို အားသွင်းပေးနိုင်ပါသည်။ 
ကားတွင် လျှပ်စစ်ဓာတ်အား ရယူပေးသည့် ကိရိယာများ တပ်ဆင်ပေးထားရမည် ဖြစ်ပါသည်။

 

 

 


 အားသွင်းချိန် ၁၀ စက္ကန့်ဖြင့် ခရီးတာ ၁ ကီလိုမီတာ (၀.၆ မိုင်) အတွက် အားဖြည့်ပေးနိုင်ပါသည်။ သို့ဖြစ်ရာ မီးပွိုင့်တွင် ၁ မိနစ် ရပ်စောင့်ရပါက ၆ ကီလိုမီတာအတွက် အားဖြည့်ပေးမည် ဖြစ်ပါသည်။
စမ်းသပ်ကာလမှာ မတ်လ ၁၀ ရက်နေ့အထိ ဖြစ်ပါသည်။ 
Source electrek
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1577 times