၂၀၂၄ တွင် အီးဗီ ၄ သိန်းခွဲ ရောင်းချရန် Changan Deepal ရည်မှန်းထား


၂၀၂၄ တွင် အီးဗီ ၄ သိန်းခွဲ ရောင်းချရန် Changan Deepal ရည်မှန်းထား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Deepal SL03 ဆီဒင်

 

 

Deepal သည် လာမည့်နှစ်တွင် ကမ္ဘာတစ်ဝှမ်းတွင် လျှပ်စစ်ကားအစီးရေ ၄၅၀,၀၀ ရောင်းချနိုင်ရန် ရည်ရွယ်ပြီး ဥရောပနှင့် အာဆီယံဈေးကွက်များသို့ တိုးချဲ့သွားမည်ဖြစ်ကြောင်း Deepal ၏ စီအီးအို ဖြစ်သူ Deng Chenghao က နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကြေညာခဲ့သည်။

ချန်းဂန်း၏ ပြည်ပဈေးကွက်အသစ် ထိုင်းနိုင်ငံတွင် Deepal S07 နှင့် Deepal L07 ဆီဒင်မော်ဒယ် တို့ကို ပွဲထုတ်ပြသခဲ့သည်။

 

 

၎င်းမော်ဒယ် ၂ ခုစလုံးကို ထိုင်းနိုင်ငံ ရယောင်းပြည်နယ်ရှိ ချန်းဂန်း၏ ကားစက်ရုံအသစ်တွင် ထုတ်လုပ်မည်။ ယခု နိုဝင်ဘာလတွင် ၎င်းစက်ရုံအသစ်ကို စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြီးစီးမည်။
S07 နှင့်  L07 တို့ကို 2023 Thailand International Auto Show တွင် ပြသရောင်းချမည်။

တရုတ်ပြည်တွင် L07 ကို SL03 မော်ဒယ်အမည်ဖြင့် ရောင်းချလျက်ရှိသည်။ 
BEV, EREV, FCEV ဗားရှင်း ၃ မျိုးဖြင့် ထုတ်လုပ်သည်။
BEV သည် Battery Electric Vehicle ဘက်ထရီသုံး လျှပ်စစ်ကားစစ်စစ် ဖြစ်ပြီး EREV  သည်  extended-range electric vehicle ကို ဆိုလိုသည်။ PHEV plug-in hybrid electric vehicle ပလပ်ထိုးအားသွင်း အင်ဂျင် ဘက်ထရီ နှစ်မျိုးစပ် လျှပ်စစ်ကား ဖြစ်ပြီး အင်ဂျင်ကို ဘီးများ လှည့်ရန် အသုံးမပြုဘဲ ဘက်ထရီ အားသွင်းပေးသည့် မီးစက်အတွက်သာ သုံးစွဲသည်။ ထိုသို့ အားသွင်းပေးသည် ခရီးတာ ပိုဝေးဝေး သွားနိုင်စေသဖြင့် ခရီးတာ ဆန့်ထုတ်ထားသည့် လျှပ်စစ်ကား extended-range electric vehicle EREV ဟု သုံးနှုန်းကြသည်။ 

 FCEV သည် Fuel Cell Electric Vehicle လောင်စာဆဲလ်သုံး လျှပ်စစ်ကားကို ဆိုလိုသည်။ ဟိုက်ဒြိုဂျင်ဖြင့် မောင်းနှင်သည်။


 

Deepal SL03 ဆီဒင်


Deepal S07 ကို တရုတ်ပြည်တွင် S7 မော်ဒယ်အမည်ဖြင့် ရောင်းချသည်။ အရွယ်အစား အလယ်အလတ် SUV ဖြစ်သည်။ ဒုတိယမြောက် မော်ဒယ် ဖြစ်ပြီး ဇွန်လ ၂၅ ရက်တွင် စတင်ရောင်းချခဲ့သည်။

SL03 ဈေးနှုန်းမှာ ယွမ် ၁၇၈,၉၀၀ (25,000 USD) ဖြစ်ပါသည်။
S7 ဈေးနှုန်းမှာ ယွမ် ၁၈၄,၉၀၀  (25,900 USD) ဖြစ်ပါသည်။

 

Deepal S7 SUV

 


 ဒီးပဲ Deepal သည် ချန်းဂန်း Changan ၏ လျှပ်စစ်ကား အမ‌ှတ်တံဆိပ်တခု ဖြစ်သည်။
ချန်းဂန်းသည် တရုတ်ပြည်၏ သက်တမ်းအရင့်ဆုံး ကားလုပ်ငန်း ဖြစ်သည်။ နိုင်ငံပိုင် ကားလုပ်ငန်း ကြီး၄ကြီးတွင် အငယ်ဆုံး ကားလုပ်ငန်း ဖြစ်သည်။
ကြီး၄ကြီးမှာ
• SAIC
• FAW
• Dongfeng
• Changan
တို့ ဖြစ်ပါသည်။

Deepal သည် ၂၀၂၄ ခုနှစ်တွင် မော်ဒယ်အသစ် နှစ်ခုကို မိတ်ဆက်မည်ဟု ချန်းဂန်းက ကြေညာခဲ့သည်။
၎င်းမော်ဒယ် အသစ်နှစ်ခု စမတ်ဖုန်းထုတ်လုပ်သူအဖြစ် လူသိများသည့် ဟွာဝေးနှင့် အတူပူးပေါင်း လုပ်ကိုင်မည် ဖြစ်သည်။ 
Changan နှင့် Huawei တို့သည် ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာကို နိုဝင်ဘာလ ၂၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ဖက်စပ်လုပ်ငန်း ထူထောင်မည်ဖြစ်ပြီး အသေးစိတ် အချက်အလက်များ ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီမှုကို ၆ လအတွင်း ပြီးပြတ်ဖို့ ရည်မှန်းထားသည်။ 

 

Deepal S7 SUV

 

Changan သည် Deepal အတွက် ကြီးမားသော ရည်မှန်းချက် ထားရှိသည်။ ရေရှည် ရည်မှန်းချက်အဖြစ် တနှစ်လျှင် အစီးရေ ၁ သန်းခွဲ ရောင်းချနိုင်ရန် ရည်မှန်းထားသည်။ 
 
ချန်းဂန်းသည် အီးဗီများကို အီတလီတွင် ဒီဇိုင်းထုတ်သည်။ Deepal S7 နှင့် SL03 တို့ကို အီတလီနိုင်ငံ တူရင်းမြို့တွင် အခြေစိုက်သည့် ဒီဇိုင်းအဖွဲ့မှ ဒီဇိုင်းထုတ်ပေးသည်။ 

ဒီးပဲ အောက်တိုဘာလ ရောင်းအားမှာ ၁၅,၅၁၃ စီးဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀၂,၄၁၇ စီး ရောင်းချခဲ့သည်။ 
ယခုနှစ် ၂၀၂၃ ခုနှစ်တွင် အစီးရေ ၂ သိန်း ရောင်းချရန် ရည်မှန်းထားပါသည်။
Source carnewschina 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 794 times