Changan ဘတ် ၉.၈ ဘီလီယံ အီးဗီစက်ရုံ ရင်းနှီးမြှုပ်နှံမည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်ကားလုပ်ငန်း Changan က တစ်နှစ် စီးရေ တစ်သိန်း ထုတ်လုပ်ဖို့ ရည်မှန်းထားပါသည်။
တရုတ်ကားထုတ်လုပ်သူ Changan Automobile သည် ထိုင်းနိုင်ငံတွင် လျှပ်စစ်ကား ထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာရန် မျှော်မှန်းထားပြီး အီးဗီမော်ဒယ်များ ထုတ်လုပ်ရန် စက်ရုံအတွက် ဘတ် ၉.၈ ဘီလီယံ ရင်းနှီးမြုပ်နှံမည်ဟု ကြေညာသည်။
.
ချုံကင်းမြို့ အခြေစိုက် Changan သည်
အမျိုးအစားသုံးမျိုး ထုတ်လုပ်မည်။
ဘက်ထရီများလည်း ထုတ်လုပ်မည်။
ပြည်တွင်း ရောင်းချရန်နှင့် ပြည်ပတင်ပို့ရန်အတွက် အီးဗီများနှင့် ဘက်ထရီများ ထုတ်လုပ်မည်။
ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ Board of Investment(BoI) ၏ အထွေထွေအတွင်းရေးမှူး Narit Therdsteerasukdi က BoI နှင့် Changan Automobile တို့သည် ၂၀၂၀ ခုနှစ်ကတည်းက ထိုင်းနိုင်ငံတွင် အီးဗီ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကို ဆွေးနွေးေနခဲ့သည်ဟု ပြောကြားသည်။
.
ယခုလအစောပိုင်းတွင် BoI သည် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်စီးပွားရေးသမားများကို ဖိတ်ေခါ်ရန်အတွက် ကွမ်ကျို၊ ရှန်ကျန်၊ ရှန်ဟိုင်း မြို့ကြီးများတွင် Roadshow ကျင်းပခဲ့သည်။
.
Changan Automobile သည် တရုတ်နိုင်ငံ၏ ထိပ်တန်း (၂၀)စာရင်းဝင်ကုမ္ပဏီ ဖြစ်သည်။
မော်တော်ယာဥ် ထုတ်လုပ်မှုအရ ကမ္ဘာ့အဆင့် ၁၇ တွင် ရောက်ရှိနေသည်။
ကုမ္ပဏီသည် ထိုင်းနိုင်ငံတွင် တစ်နှစ်လျှင် အီးဗီ အစီးရေ ၁ သိန်း ထုတ်လုပ်ရန် စီစဉ်ထားပြီး ကားအချို့အဝက်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဩစတြေးလျ၊ နယူးဇီလန်၊ အာဖရိကနှင့် ဗြိတိန်နိုင်ငံတို့သို့ တင်ပို့မည်ဖြစ်သည်။
Guangzhou Automobile Group ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် GAC Aion သည် ထိုင်းနိုင်ငံတွင် တစ်နှစ်လျှင် ကားအစီးရေ ၁ သိနိး ထုတ်လုပ်နိုင်မည့် အီးဗီစက်ရုံတစ်ခု ဘတ်ငွေ ၆.၄ ဘီလီယံ အသုံးပြုကာတည်ဆောက်ရန် စီစဉ်ထားကြောင်း ကြေညာခဲ့သည်။
“ကုမ္ပဏီနှစ်ခုစလုံးက ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်အားထက်သန်ကြပါတယ်။ သူတို့ရဲ့ လက်ရှိကြေညာထားတာတွေအပြင် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအသစ်နှစ်ခုကို လျှောက်ထားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု Mr Narit က ပြောကြားပါသည်။
BoI သည် ကုမ္ပဏီ ၁၇ ခုမှ ဘတ် ၈၆.၈ ဘီလီယံတန်ဖိုးရှိ အီးဗီ ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက် ၂၆ ခုကို အတည်ပြုခဲ့ပြီး ဖြစ်ပါသည်။
Source Bangkokpost
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U