နိုင်ငံပိုင် ကားလုပ်ငန်း Changan ထိုင်းမှာ စက်ရုံ ထူထောင်ရန် ဒေါ်လာ ၁၂၅ သန်း ရင်းနှီးမြှုပ်နှံမည်


နိုင်ငံပိုင် ကားလုပ်ငန်း Changan ထိုင်းမှာ စက်ရုံ ထူထောင်ရန် ဒေါ်လာ ၁၂၅ သန်း ရင်းနှီးမြှုပ်နှံမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ထိုင်းနိုင်ငံတွင် BYD နှင့် Great Wall Motors အပါအဝင် တရုတ်ကားလုပ်ငန်းများ ရင်းနှီးမြှုပ်နှံလျက် ရှိရာ  တရုတ်အစိုးရပိုင် ကားလုပ်ငန်း Changan Automobile ကလည်း ပြည်ပဈေးကွက်သို့ တိုးချဲ့သည့်  အစီအစဉ်အရ ထိုင်းနိုင်ငံတွင် စက်ရုံများ ထူထောင်မည် ဖြစ်သည်။ 

Changan Automobile သည် တရုတ်နိုင်ငံတွင် Ford Motor နှင့်လည်းကောင်း၊ Mazda Motor နှင့် လည်းကောင်း ဖက်စပ်လုပ်ငန်း ထူထောင်ထားသည်။ 
ထိုင်းနိုင်ငံတွင် အီးဗီကဏ္ဍကို လုပ်ကိုင်မည် ဖြစ်သည်။ 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကင်း အခြေစိုက်သည့် ကုမ္ပဏီ Changan Automobile သည်  နှစ်စဉ် အစီးရေ  ၁ သိန်းအထိ ထုတ်လုပ်မှု စွမ်းရည်ရှိသော စက်ရုံကို တည်ထောင်ရန် ယွမ် ၁.၈၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၅၁ သန်း) သုံးစွဲမည်ဖြစ်သည်။ ၎င်းစက်ရုံမှ ထုတ်လုပ်သည့် ကားများကို ထိုင်း၊ ဩစတေးလျ၊ နယူးဇီလန်၊ ယူကေ၊ တောင်အာဖရိကတို့တွင် ရောင်းချမည်ဖြစ်ကြောင်း ဩဂုတ်လ ၂၄ ရက်တွင်  ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံတွင် ခြေကုပ်ယူပြီး နိုင်ငံတကာဈေးကွက်ထဲသို့ ခုန်ဝင်မည်ဟု ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။ 
နောက်နောင်တွင် စက်ရုံကို တစ်နှစ်လျှင် အစီးရေ ၂ သိန်းအထိ ထုတ်လုပ်နိုင်အောင် တိုးချဲ့သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသော်လည်း အချိန်ဇယားကို ဖော်ပြထားခြင်း မရှိချေ။ စက်ရုံတည်ဆောက်မည့်နေရာကိုလည်း ဖော်ပြထားခြင်း မရှိပါ။


ကမ္ဘာ့ အကြီးဆုံး စွမ်းအင်သစ်မော်တော်ယာဉ် ထုတ်လုပ်သူ BYD ၊ တရုတ်ပြည်မတွင် SUV အများဆုံး ထုတ်လုပ်သည့် Great Wall Motor ၊ အီးဗီ လုပ်ငန်းသစ်  Hozon New Energy Automobile တို့သည်လည်း ထိုင်းတွင် ခြေကုပ်ရယူရန် စက်ရုံ တည်ဆောက်လျက် ရှိသည်။ 

Changan အနေဖြင့် ထိုင်းမှ ကားစက်ရုံသည် ကုမ္ပဏီ၏ ပထမဆုံး ပြည်ပစက်ရုံ ဖြစ်လာမည်။ 
၂၀၂၃ ဧပြီလတွင် Changan က ၂၀၃၀ အထိ ပြည်ပတွင် ကန်ဒေါ်လာ ၁၀ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံသွားမည်၊ တရုတ်ပြည်ပြင်ပတွင် ကားအစီးရေ ၁.၂ သန်း ရောင်းချရန် ရည်မှန်းထားသည်ဟု ကြေညာခဲ့သည်။ 

Changan  သည် ယမန်နှစ်က ကားအစီးရေ ၂.၃၅ သန်း ရောင်းချခဲ့ပြီး အီးဗီ ၂၇၁,၂၄၀ စီး ပါဝင်သည်။ 

Source SCMP

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 2479 times