တရုတ်မှ ထိုင်းသို့ ကားများ တင်ပို့ရန် ကားတင်သင်္ဘောလိုင်းသစ် စတင်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်နှင့် ထိုင်းနိုင်ငံတို့ကို ချိတ်ဆက်ရန်အတွက် ပုံမှန် ကားတင်သင်္ဘော (ro-ro) လမ်းကြောင်းသစ်ကို တရားဝင် စတင်ဖွင့်လှစ်လိုက်ကြောင်း တရုတ်မီဒီယာများက ကြေညာခဲ့သည်။
ဒီဇင်ဘာ ၁၆ ရက်က နင်းဘိုမြို့ဆိပ်ကမ်းမှ တရုတ်ကားတင်သင်္ဘော CHANG DA LONG ထွက်ခွာခြင်းဖြင့် လိုင်းသစ်ကို စတင်လိုက်သည်။ China Merchants မှ စီမံခန့်ခွဲသော CHANG DA LONG ကားတင်သင်္ဘောပေါ်တွင် တရုတ်နိုင်ငံမှာ ထုတ်လုပ်သည့် ကားစီးရေ ၁,၂၀၀ ကျော် တင်ဆောင်ထားသည်။ ထိုင်းနိုင်ငံ လန်ချာဘန်ဆိပ်ကမ်းသို့ ပို့ဆောင်မည် ဖြစ်သည်။
လောလောဆယ်တွင် တစ်လလျှင် ၂ ကြိမ် ပုံမှန် ပြေးဆွဲသွားမည် ဖြစ်သည်။
CHANG DA LONG ကားတင်သင်္ဘောသည် အိမ်စီးကားစီးရေ ၂,၀၀၀ အထိ တင်ဆောင်နိုင်သည်။
အပြန်ခရီးစဉ်အတွက် ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိသော်လည်း ထိုင်းနိုင်ငံတွင် ထုတ်လုပ်သော ဂျပန်ကားအမှတ်တံဆိပ် မော်တော်ယာဉ်များ တင်ဆောင်လိမ့်မည်ဟု မျှော်လင့်ရသည်။ အဆိုပါကားများသည် ဂျပန်ပြည်တွင်းဈေးကွက်အတွက် ထိုင်းနိုင်ငံတွင် ထုတ်လုပ်ထားသော ကားများ ဖြစ်သည်။ ၎င်းကားများကို ဂျပန်ဆိပ်ကမ်းသို့ တင်ပို့ပြီးသည့်နောက် တရုတ်နိုင်ငံသို့ ခရီးဆက်ပြီး ခရီးစဉ် အဆုံးသတ်မည် ဖြစ်သည်။
.
CHANG DA LONG ၏ အချက်အလက်များ
AIS Name CHANG DA LONG
Type Vehicle carrier FleetMon Vehicle carrier Icon
Flag China Flag of China
IMO 9471197
MMSI 413473010
Callsign BUDH
Year Built 2012
Length 141 m
Width 25 m
Draught 6.1 m / 2.0 m / 11.3 m Avg/Min/Max
Speed 11.4 kn / 18.7 kn Avg/Max
Manager China Merchants
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U