စင်ကာပူတွင် ကားအုံနာအတွက် ကုန်ကျစရိတ် စံချိန်သစ်တင်


စင်ကာပူတွင် ကားအုံနာအတွက် ကုန်ကျစရိတ် စံချိန်သစ်တင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


စင်ကာပူတွင် ကားပိုင်ဆိုင်ခွင့် လက်မှတ်သည် ယခုအခါ အမေရိကန်ဒေါ်လာ ၁၁၅,၀၀၀ အထိ ရောက်ရှိနေသည်။
မော်တော်ယဉ်တစ်စီးကို မဝယ်ရသေးခင် ကားပိုင်ဆိုင်ခွင့် လက်မှတ်အတွက် ကုန်ကျစရိတ်က တနင့်တပိုး ဖြစ်နေသော်လည်း ကားပိုင်ဆိုင်ခွင့် လက်မှတ် Certificate of Entitlement (COE) ကို ဝယ်ယူလိုသူ များပြားနေဆဲ ဖြစ်ပါသည်။


စင်ကာပူတွင် COE များကို အောက်တိုဘာလတွင် ဒုတိယအကျော့ လေလံဆွဲရာတွင် စင်ကာပူဒေါ်လာ ၁၅၈,၀၀၄ (အမေရိကန်ဒေါ်လာ ၁၁၅,၀၀၀) ဖြင့် အမြင့်ဆုံး စံချိန်သစ် တင်ခဲ့သည်။


ကုန်းလမ်းပို့ဆောင်ရေး အာဏာပိုင် Land Transport Authority မှ ထုတ်ပြန်သော အချက်အလက်များအရ Certificate of entitlement (COE) လေလံများသည် အဓိက မော်တော်ယာဥ် အမျိုးအစားအားလုံးတွင် ဈေးအမြင့် အသစ်သို့ ရောက်ရှိခဲ့သည်။


အမျိုးအစား B နှင့် E တွင်ပါရှိသော ကားကြီးများအတွက် COE များသည် ယခုနှစ် ဩဂုတ်လမှစတင်၍ လေလံ ခြောက်ကြိမ်ဆက်တိုက် မြင့်တက်ခဲ့ပါသည်။


မြေရှားပါးသောနိုင်ငံ ဖြစ်သဖြင့်  ကားလမ်းများပေါ် မောင်းနှင်သည့် ယာဉ်အရေအတွက်ကို COE ဖြင့် ချုပ်ကိုင်ထားပါသည်။ လမ်းများပေါ် မောင်းနှင်ရန် COE ရှိဖို့ မဖြစ်မနေ လိုအပ်ပါသည်။ COE သက်တမ်းမှာ ၁၀ နှစ် ဖြစ်ပါသည်။ COE ကို လေလံတင် ရောင်းချပေးပါသည်။
ကိုဗစ်လွန်ကာလတွင် ကိုယ်ပိုင်ကား ဝယ်စီးလိုသူများ များပြားလာသဖြင့် လေလဲတွင် ဈေးပိုပေးပြီး ပြိုင်ဆိုင်ကြရာ COE ဈေးနှုန်းများ ခေါင်ခိုက်အောင် မြင့်တက်လာပါသည်။ 


COE ၃,၀၂၃ စောင်အတွက် လေလံဝင်ပြိုင်သူများ ၂,၆၉၇ ဦး ရှိခဲ့ပါသည်။ 


လာမည့် နိုဝင်ဘာမှ ဇန်နဝါရီအထိ ကာလအတွက်စုစုပေါင်း COE ခွဲတမ်းသည် ၁၂.၉% တိုးလာမည်ဖြစ်သည်။ သို့သော် ဝယ်လိုအားက ပိုများနေဦးမည် ဖြစ်ရာ ဈေးနှုန်းများ ထပ်တက်ဦးမည်ဟု ခန့်မှန်းထားကြပါသည်။
Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 6247 times