CB Bank Car Loan ဝန်ဆောင်မှုအကြောင်း


CB Bank ရဲ့ Car Loan ဆိုတာကတော့ ကိုယ်ပိုင်ကားပိုင်ဆိုင်လိုသော မြန်မာနိုင်ငံသားများအတွက် လစဉ်ပုံမှန်ဝင်ငွေတစ်ခုရှိလျှင် ဝယ်ယူလိုသောကားတန်ဖိုး၏ အနည်းဆုံး ၃၀% ကို ကနဦးပေးသွင်းငွေအနေဖြင့် ပေးသွင်းပြီး ချေးငွေသက်တမ်းအများဆုံး (၅) နှစ်ထိရယူပြီး လစဉ်အရစ်ကျစနစ်ဖြင့်ပြန်လည်ပေးဆပ်နိုင်သော ဘဏ္ဍာရေးအထောက်အပံ့အစီအစဉ်တစ်ခု ဖြစ်ပါသည်။

CB Bank Car Loan ဝန်ဆောင်မှုအားလျှောက်ထားခြင်းအားဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများမှာ :-

လစဉ်ပုံမှန်ဝင်ငွေရှိရုံဖြင့် စိတ်ကူးထဲကကားလေးကို အလွယ်တကူပိုင်ဆိုင်နိုင်ခြင်း။

ချေးငွေအများဆုံး ၇၀% အထိရယူပြီး ကိုယ်ပိုင်ကားလေးဝယ်ယူနိုင်ခြင်း။

ကားအသစ်အတွက် ချေးငွေသက်တမ်းအများဆုံး (၅)​ နှစ်ထိရယူနိုင်ပြီး အသုံးပြုပြီးသောကားအတွက် ချေးငွေသက်တမ်းအများဆုံး (၂) နှစ်အထိ ရယူနိုင်ခြင်း။ တို့ရရှိနိုင်ပါသည်။

CB Bank Car Loan လျှောက်ထားလိုလျှင်အသက် ၁၈ နှစ်ပြည့်ပြီး လစဉ်ပုံမှန်ဝင်ငွေတစ်ခုရှိတဲ့ မြန်မာနိုင်ငံသားတိုင်း လျှောက်ထားနိုင်ပါသည်။ နီးစပ်ရာဘဏ်ခွဲများတွင် မေးမြန်းစုံစမ်းပြီး လိုအပ်သော စာရွက်စာတမ်းများနှင့်တကွ လျှောက်ထားနိုင်သလို CB Bank Customer Service ဖုန်းနံပါတ် ၀၁-၂၃၁၇၇၀ သို့လည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

CB Bank Car Loan နှုန်းထား နှင့် အဖိုးအခများ

ကနဦးပေးသွင်းရမည့်နှုန်း    :    ၃၀%

ကားအသစ် အတိုးနှုန်း    :    ၁၀% (amortization)

အသုံးပြုပြီးသော ကား အတိုးနှုန်း    :    ၉ % (flat)

ဝန်ဆောင်ခ    :    အများဆုံး ၃% (ချေးငွေပမာဏပေါ်တွင်)

ကားအသစ် ချေးငွေသက်တမ်း    :    ၅ နှစ် (အများဆုံး)

အသုံးပြုပြီးသောကား ချေးငွေသက်တမ်း    :    ၂ နှစ် (အများဆုံး)

ချေးငွေစောဆပ်ခြင်း    :    ပေးဆပ်ရန်ကျန်ရှိသော ချေးငွေလက်ကျန်ပမာဏ၏ (၃%) တို့ဖြစ်ပါသည်။

CB Bank Car Loan အား လျှောက်ထားသူများ၏ လိုအပ်ချက်များ

အာမခံသူ အနည်းဆုံး (၁) ဦး ရှိရပါမည်။

ကိုယ်ရေးအချက်အလက်များ

မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း (မိတ္တူ)

ရပ်ကွက်ထောက်ခံစာ (မူရင်း)

ဝင်ငွေအထောက်အထား

ဘဏ်စာရင်း အနည်းဆုံး (၆) လစာ

လစာထောက်ခံချက်များ

ဝန်ထမ်းဖြစ်ပါက Company Letter Head ဖြင့် သက်ဆိုင်ရာ HR မှ ထောက်ခံထားသော ဌာန

ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ပါက ကုမ္ပဏီလိုင်စင် (သို့မဟုတ်) လုပ်ငန်းလိုင်စင် (မိတ္တူ) တို့လိုအပ်ပါသည်။

CB Bank Car Loan တွင် Brand New Car (ကားအသစ်) အမျိုးအစားများနှင့် Used Car (အသုံးပြုပြီးသောကား) အမျိုးအစားများကို ရွေးချယ်လျှောက်ထားနိုင်ပါတယ်။ Brand New Car ကိုတော့ အတိုးနှုန်းတစ်နှစ်လျှင် ၁၀% (Amortization) ဖြင့် ချေးငွေသက်တမ်း ၅ နှစ်ထိ လျှောက်ထားနိုင်ပြီးတော့ Used Car ကိုတော့ အတိုးနှုန်းတစ်နှစ်လျှင် ၉% (Flat) ဖြင့် ချေးငွေသက်တမ်း ၂ နှစ်ထိ လျှောက်ထားနိုင်ပါသည်။

Read 326 times