CATL-Huawei-Changan ဖက်စပ်လုပ်ငန်းမှ လျှပ်စစ် SUV မော်ဒယ် Shenlan S7 ထုတ်လုပ်


CATL-Huawei-Changan ဖက်စပ်လုပ်ငန်းမှ လျှပ်စစ် SUV မော်ဒယ် Shenlan S7 ထုတ်လုပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


၂၀၂၃ မေလ ၃၁ ရက်နေ့တွင်  တရုတ်နိုင်ငံ၊ နန်ဂျင်းမြို့ရှိ Changan ကားစက်ရုံတွင် Shenlan S7 ကို စတင်ထုတ်လုပ်ခဲ့သည်။
ယခု ဇွန်လကုန်တွင် စတင်ရောင်းချမည်။ ကား ချက်ချင်း အပ်နှံမည်။
ဈေးနှုန်းမှာ ယွမ် ၂၃၉,၉၀၀ မှ ယွမ် ၂၃၉,၉၀၀ အထိ (23,900 – 33,800 USD) ဖြစ်ပါသည်။
EREV (extended range electric vehicle), BEV (battery electric vehicle) နှင့် ဟိုက်ဒရိုဂျင် လောင်စာဆဲလ် ဗားရှင်း ၃ မျိုး ထုတ်လုပ်သည်။


 

 

 

ဈေးနှုန်း အတိုင်းအတာသည် BYD Song Plus DM-i နှင့် Haval Xiaolong Max တို့ကို တိုက်ရိုက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။


 Shenlan  သည် ကားထုတ်လုပ်သူ  Changan, ဘက်ထရီ ထုတ်လုပ်သူ CATL နှင့် နည်းပညာ မဟာလုပ်ငန်းကြီး Huawei တို့ အတူပူးပေါင်း လုပ်ကိုင်ကြသည့် EV brand ဖြစ်သည်။

 

 

Shenlan S7 ထုတ်လုပ်ရေးလိုင်း

 


စက်ရုံအပြင်ဘက်တွင် Shenlan S7 များကို တွေ့ရစဉ်


BEV ဗားရှင်းတွင် 160 kW မော်တာတစ်လုံး ပါပြီး 0 – 100 km/h ကို ၆.၇ စက္ကန့်ဖြင့် အရှိန်တင်ပေးသည်။ ပါဝါ စားနှုန်း 14.2 kWh/100km ရှိပြီး ကီလိုမီတာ ၅၂၀ ဝန်းကျင်အထိ သွားနိုင်သည်။

EREV ဗားရှင်းတွင် 175 kW မော်တာတစ်လုံး၊ 1.5L အင်ဂျင်တစ်လုံး ပါသည်။ ဘက်ထရီဖြင့် သွားလျှင် ၁၂၁ ကီလိုမီတာ ဝန်းကျင်အထိ သွားနိုင်သည်။ အင်ဂျင် ဆ‌ီစားနှုန်း 4.95L/100km ဖြစ်ပါသည်။

အလယ်အလတ် အရွယ်အစား SUV ဖြစ်ပြီး
အလျား 4750mm
အကျယ် 1930mm
အမြင့် 1625mm

ဘောင်ဖျောက်တံခါးများ၊ ဖျောက်ထားသော တံခါးလက်ကိုင်များ၊ ဆူညံအသံ လျေ‌ှာ့ချရန် မှန် နှစ်ထပ် သုံးထားသည်။

ကွန်ပျူတာ ပလက်ဖောင်းတွင် Qualcomm Snapdragon 8155 ချစ်ပ်အတွဲစုံ သုံးထားသည်။
အဆင့်မြှင့်ပေးခြင်းများကို အင်တာနက်မှတစ်ဆင့် OTA (over the air) ဖြင့် ပေးအပ်မည်။
စမတ်ဖုန်း ကြိုးမဲ့အားသွင်းစနစ် ပါသည်။

Source: AutoHome, PCAuto, Sohu
 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 284 times