CATL အီးဗီဘက်ထရီ စက်ရုံသစ် တစက္ကန့် ဆဲလ်တခု၊ ဘက်ထရီ တထုပ် ၂ မိနစ်ခွဲဖြင့် ထုတ်လုပ်


CATL အီးဗီဘက်ထရီ စက်ရုံသစ် တစက္ကန့် ဆဲလ်တခု၊ ဘက်ထရီ တထုပ် ၂ မိနစ်ခွဲဖြင့် ထုတ်လုပ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ထုတ်လုပ်သည့် ဘက်ထရီ ပမာဏ စုစုပေါင်းအရ ကမ္ဘာ့အကြီးဆုံး ဘက်ထရီလုပ်ငန်း Contemporary Amperex Technology (CATL) သည် Tesla၊ Mercedes-Benz၊ BMW နှင့် အခြားသော အမှတ်တံဆိပ်များအတွက် အီးဗီဘက်ထရီ အဓိက ပေးသွင်းသူ ဖြစ်သည်။

CATL သည် တစ်စက္ကန့်လျှင် ဆဲလ်တစ်ခု ထုတ်လုပ်နိုင်သည်ဟု ဆိုထားသော ဘက်ထရီ စက်ရုံတွင် ထုတ်လုပ်မှုကို စတင်လိုက်ပြီ ဖြစ်သည်။

 


ထုတ်လုပ်မှုလိုင်းတလျှောက် ၉၅% ကိုအလိုအလျောက်စနစ်များ အသုံးပြုထားသဖြင့် မြန်ဆန်သည်။ 
တရုတ်ကုမ္ပဏီ CATL ၏ ၎င်းစက်ရုံအသစ်သည် အကျယ်အဝန်း ၀.၉၅ စတုရန်း ကီလိုမီတာရှိပြီး စက်ရုံစီမံကိန်းကို အဆင့် နှစ်ဆင့်ဖြင့် အကောင်အထည် ဖော်ပါသည်။ တနှစ်လျှင် ဘက်ထရီထုပ်များ စုစုပေါင်း ၆၀ ဂစ်ဂါဝပ်နာရီ (gigawatt-hours GWh/ အထိ ထုတ်လုပ်နိုင်စွမ်း ရှိသည်။ 
ကန်ဒေါ်လာ သန်း ၉၆၀ ကုန်ကျသည့် ပထမအဆင့် ပြီးစီပြီဖြစ်ပြီး တနှစ်လျှင် 30 GWh အထိ ထုတ်လုပ်နိုင်စွမ်း ရှိသည်။ 

 စက်ရုံ ထုတ်လုပ်ရေးလိုင်းသည် တစက္ကန့်လျှင် ဆဲလ်တခု ပြီးစီးသည်။ ဆဲလ်များကို ထုပ်ပိုးပြီး ဘက်ထရီထုပ် ထုတ်လုပ်ရာ၌ ၂ မိနစ်ခွဲဖြင့်ဘက်ထရီ တထုပ် ထုတ်လုပ်နိုင်သည်။ 

CATL သည်  ယခုနှစ် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ဘက်ထရီထုပ်များ စုစုပေါင်း 93 GWh နီးပါး ထုတ်လုပ်ခဲ့သည်။ 
ယခုနှစ် တနှစ်တာတွင် 200 GWh ဝန်းကျင် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။ အခြား အီးဗီ ဘက်ထရီထုပ် ထုတ်လုပ်ရေးလုပ်ငန်းများ ဖြစ်သည့် LG Solution, BYD, Panasonic, SK On တို့ထက် စုစုပေါင်း GWh ပိုများမည် ဖြစ်ပါသည်။


Source: CATL, Cnevpost
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 2902 times