သက်ကြီး ကားနှင့်ဆိုင်ကယ် တက္ကဆီယာဉ်မောင်း တစ်ဦးလျှင် ဘတ်တစ်သိန်း ထောက်ပံ့ရန် စီစဉ်


သက်ကြီး ကားတက္ကဆီယာဉ်မောင်းများနှင့် မော်တော်ဆိုင်ကယ်တက္ကဆီ ယာဉ်မောင်းများ စုစုပေါင်း ၁၆,၀၀၀ ဦးခန့်ကို တစ်ဦးလျှင် ဘတ်တစ်သိန်း ငွေကြေအထောက်အပံ့ ပေးဖို့ စီစဉ်နေကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး Suchart Chomklin က ပြောကြားခဲ့ပါတယ်။
ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးထိခိုက်ခဲ့တာအတွက် ထောက်ပံ့ကြေး ပေးအပ်တာ ဖြစ်ပါတယ်။

Mr Suchart  က ပြောကြားခဲ့တာမှာမော်တော်ဆိုင်ကယ်တက္ကဆီ ယာဉ်မောင်းများနှင့် ကားတက္ကဆီယာဉ်မောင်းများထဲမှာ သအက် ၆၅ နှစ်နှင့်အထက် ရှိသူများကို  အထူးပေးငွေတစ်ရပ်အဖြစ် ပေးအပ်မှာ ဖြစ်ပါတယ်။ 
အထောက်အပံ့ပေးဖို့ အဆိုပြုချက်ကို အစိုးရ ကက်ဘိနက်မှ အတည်ပြုပေးခဲ့ပြီး ပို့ဆောင်ရေးဝန်ကြီး Saksayam Chidchob က မှတ်တမ်းတင်ခဲ့ပါတယ်။ 

Mr Suchart  က ပြောကြားခဲ့တာ တက္ကဆီယာဉ်မောင်း ၁၆,၀၀၀ ဦးခန့်ကို ငွေကြေးအထောက်အပံ့ပေးဝေဖို့ ဘတ်ဂျက် ဘတ် ၁.၆ ဘီလျံခန့် သုံးစွဲမှာ ဖြစ်ပါတယ်။ 

ငွေပေးမယ့် အစီအစဉ်က တစ်လ ဘတ် ငါးသောင်းဖြင့် နှစ်လဆက်တိုက် ပေးတာ ဖြစ်ချင်ဖြစ်မယ်။ သို့မဟုတ် တစ်လုံးတစ်ခဲတည်း ဘတ်တစ်သိန်း ပေးထာ ဖြစ်ချင်ဖြစ်မယ်လို့ ဆိုပါတယ်။ 

ထောက်ပံ့ကြေး ပေးရမယ့် လူစာရင်းကို အများသုံးယာဉ် ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားသူများထဲမှ သတ်မှတ်ချက်နဲ့ ကိုက်ညီသူများကို ရွေးထုတ်ပြီး ပြုစုမှာ ဖြစ်ပြီး စာရင်းပြုစုပြီးတဲ့အခါမှာ အဆိုပါ အထောက်အပံ့ကို ပေးအပ်မှာ ဖြစ်ပါတယ်။
 

 

bangkokpost.com

Read 3293 times