နိုင်ငံတကာအဆင့်မှီ မိုးလုံလေလုံ မော်တော်ယာဉ်အရောင်းပြပွဲကြီး ( Carsdb Autoshow Reloaded 2019 )


ရန်ကုန်မြို့တွင် အကြီးကျယ်ဆုံး နဲ့ အခမ်းအနားဆုံး CarsDB Auto Show ပွဲကြီးပြန်လာပါပြီ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့က ရာသီဥတုအခြေအနေကြောင့် CarsDB Auto Show Yangon 2018 ပွဲကြီးကို မထင်မှတ်ပဲ ရပ်နားလိုက်ရပေမယ့် ကားချစ်သူလူကြီးမင်းများအတွက် ပိုမိုထူးခြားဆန်းသစ်ပြီး ခမ်းနားထည်ဝါမှုတွေနဲ့အတူ အခြားနိုင်ငံတွေမှာလိုမျိုး ရာသီဥတုကို ငဲ့နေစရာမလိုပဲ ခမ်းနားထည်ဝါတဲ့ Indoor Auto Show Experience ကိုအပြည့်အဝ ပေးစွမ်းနိုင်မည့်အပြင် brand new cars တွေရော used cars တွေပါ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မှာဖြစ်လို့ လာမည့် ၂၀၁၉ ဇန်နဝါရီလ ၁၉ ရက် မှ ၂၁ ရက် သုံးရက်တိုင်တိုင် နံနက်၁ဝနာရီမှ ည၈နာရီအထိ ရန်ကုန်မြို့ရှိ The One Entertainment Park တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။


ထိုကဲ့သို့ ကျင်းပပြုလုပ်ရခြင်းမှာ ကား ထုတ်လုပ်သူများ၊ ဖြန့်ဖြူးရောင်းချသူများ၊ ကားနှင့် ဆက်စပ်သည့် လုပ်ငန်းများ၊ မော် တော်ယာဉ်အရစ်ကျဝယ်ယူနိုင်သော ဘဏ် နှင့်အာမခံလုပ်ငန်းများမှတဆင့် ဈေးကွက် အတွင်းရှိ မိမိလိုအပ်သော ကားသစ်၊ တပတ် ရစ်ကားနှင့်မော်တော်ယာဉ်နှင့်သက်ဆိုင် သောဝန်ဆောင်မှုအမျိုးမျိုးကို ပြည်သူများ တစ်နေရာတည်း၌ စိတ်ကြိုက်ဝယ်ယူနိုင်ရန် အတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။


ပြပွဲတွင် Brand New ကားအသစ်များအ ဖြစ်ၤ fFord , Toyota , Jaguar , Land Ro-ver ,Mercedes-Benz,BMW , Volvo , Nissan, GAC, Suzuki, KIA, Mazda, Chevrolet, Mitsubishi,Yutong နှင့် ံHyundai Truck & Bus တို့မှကား အသစ် များကို ပြသသွားမည့်အပြင် စမ်းသပ်မောင်း နှင်ခွင့်လည်း ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။

ထို့ပြင် တပတ်ရစ်ကားများ၊ မော်တော် ယာဉ်အပိုပစ္စည်းများ၊ မော်တော်ယာဉ်နှင့် ဆက်စပ်သော ဝန်ဆောင်မှု ဆောင်ရွက်ပေး သည့် လုပ်ငန်းများမှလည်း ပါဝင်ပြသသွား မည်ဖြစ်ကြောင်း သိရပါတယ်။

Date : Jan 19 at 10 AM – Jan 21 at 8 PM (3 days from now) 
Address: The ONE Entertainment Park (Paw San Hmwe Street, Yangon, 11181)

Read 426 times