2020 ခုနှစ် စက်တင်ဘာလ စောင့်မျှော်ကြည့်ရှုရမည့်ကားများ


(၁) Kia Sonet

Sonet ကိုသြဂုတ်လအတွင်းက ပြသခဲ့ပါတယ်။ Kia သည် ၄ ​​မီတာခွဲ SUV အစိတ်အပိုင်းတွင်ပြိုင်ပွဲဝင်ရန်ကြိုတင်ဘွတ်ကင်ဖွင့်ခဲ့သော ကားဖြစ်ပါတယ်။ Hyundai Venue ကဲ့သို့ အင်ဂျင်သုံးမျိုးသုံးစားဖြင့် ထုတ်လုပ်မည်ဖြစ်သော်လည်း ဂီယာအတွက် ရွေးချယ်မှု ပြုလုပ်နိုင်မည်ဟု ဆိုပါတယ်။ Sonet သည် လေဝင်လေထွက်စနစ်ပါ ရှေ့ထိုင်ခုံများ၊ ၁၀.၂၅ လက်မ စခရင်အရွယ်ရှိ သတင်းအချက်အလက် touchscreen စနစ်နှင့် ၁.၅ လီတာ ဒီဇယ်အင်ဂျင်အတွက် ဂီယာ ၆ ချက် အော်တိုဂီယာ စသည့် အစိတ်အပိုင်းများကို ရရှိမည် ဖြစ်ပါတယ်။

 

Cars To Watch Out For In September 2020

(၂) Toyota Urban Cruiser
Urban Cruiser သည် Maruti Suzuki Vitara Brezza ကဲ့သို့ ၁.၅ လီတာဓာတ်ဆီအင်ဂျင်နှင့်တူညီပြီး ထူးခြားသစ်လွင်သော ရှေ့မျက်နှာပြင်ရှိပါတယ်။ လက်ထိုးနှင့် အော်တို ဂီယာ နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။

 

Toyota Urban Cruiser Pre-launch Bookings Officially Open; Variant Lineup Revealed


(၃) Skoda Rapid Automatic

BS6 Skoda Rapid ကို ၂၀၂၀ ပြည့်နှစ်အလယ်ပိုင်းတွင်ဖြန့်ချိခဲ့ပြီး ၁.၀ လီတာ turbo-petrol engine သစ်နှင့် ဂီယာ၆ ချက်လက်ထိုးဂီယာဖြင့် တပ်ဆင် ထားပါတယ်။ ယခုအခါ အော်တိုဂီယာ ၆ ချက်ဖြင့်လည်း ထုတ်လုပ်ပေးပါတယ်။ Cruise control , auto AC နှင့် touchscreen infotainment system တို့ပါ၀င်ပါတယ်။

Skoda Rapid Automatic Variants Revealed; Only The Base-spec Rider Variant Given A Miss

 

(၄) Mercedes-Benz EQC

စက်တင်ဘာလတွင် Mercedes-Benz EQC ကို စတင်မိတ်ဆက်ခြင်းနှင့်အတူ ပိုမို၍ ဇိမ်ကျသောပုံစံဖြင့်ပြုလုပ်ထားပါတယ်။ ၎င်းသည်ကုန်အမှတ်တံဆိပ်၏ ပထမဆုံး ပစ္စည်းစုံ အပြီးအစီးပါတဲ့ SUV ကားများဖြစ်ပြီး ပထမဆုံး ၂၀၂၀ Aprilလတွင် ရောက်ရှိမည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ကူးစက်ရောဂါနှင့်ပိတ်ဆို့မှုကြောင့် နှောင့်နှေးခဲ့ရတယ်လို့ သိရပါတယ်။ EQC သည် ဇိမ်ရှိရှိ စီးရမယ့် SUV ဖြစ်ပြီး အားအပြည့်ဖြည့်ပြီးပါက 400km ကျော် ခရီးသွားနိုင်သည်ဟုဆိုပါတယ်။ ၎င်း၏ လျှပ်စစ်မော်တာနှစ်ခုမှာ စုစုပေါင်း 408PS နှင့် 760Nm output ရှိပါတယ်။

 

Mercedes-Benz EQC Electric SUV To Launch In April 2020

 

(၅) Tata Nexon Special Edition

Tata Nexon ကားသစ်ကို အပြင်ဘက်တွင် လိမ္မော်ရောင်ဖြင့် ဆင်မြန်းထားပြီ Nexon ၏အထူးထုတ်ကုန်သည်အလယ်အလတ်တန်းစား mid-spec XZ အမျိုးအစားကိုအခြေခံပါတယ်။ XZ မှာ Auto AC ၊ Touchscreen သတင်းအချက်အလက်စနစ်၊ ရာသီဥတုထိန်းချုပ်မှု နှင့် Cruise ထိန်းချုပ်မှုကဲ့သို့သောသက်သောင့်သက်သာမှုရှိအောင် တပ်ဆင်ထားပါတယ်။

Cars To Watch Out For In September 2020

 

By Myanmar Automobile Guide 

Ref:cardekho

Read 4936 times