ဂျာမန်ကားဆိပ်ကမ်းမှာ ကားများ စုပြုံလျက်ရှိ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဂျာမန် ကားဆိပ်ကမ်း ဖြစ်တဲ့ Port of Bremerhaven ဟာ ဥရောပရဲ့ စတုတ္ထအကြီးဆုံးဆိပ်ကမ်းဖြစ်ပြီး မော်တော်ယာဉ်အမျိုးမျိုး တင်ပို့တဲ့ အချက်အချာ ဆိပ်ကမ်းလည်း ဖြစ်ပါတယ်။
ယခုအခါ ကားတွေကို သင်္ဘော အတင်အချ လုပ်တဲ့အခါ မောင်းတင်/မောင်းချ roll on/roll off မောင်းနှင်ပေးမဲ့ ယာဉ်မောင်း အလုံအလောက် မရရှိသဖြင့် ဘရောမာဟေဗင် ဆိပ်ကမ်းမှာ ကားများ ကုန်းပေါ်မှာရော၊ ရေထဲမှာပါ စုပုံနေပါတယ်။
Tesla၊ Chrysler နှင့် Jeep မိခင်ကုမ္ပဏီ Stellantis၊ Renault၊ BMW နှင့် Volvo တို့ အကျပ်ရိုက်နေပါတယ်။
ကားတင်သင်္ဘောလုပ်ငန်းကဏ္ဍမှာ ဦးဆောင်လုပ်ငန်းဖြစ်တဲ့ Wallenius Wilhelmsen ကားတင်သင်္ဘောလိုင်းက ဘရောမာဟေဗင်ဆိပ်ကမ်းအတွက် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွက် သင်္ဘောပေးဖို့ ငြင်းပယ်ထားပြီး ဒီဇင်ဘာလအထိ ဖြစ်သွားနိုင်တယ်လို့ ပြောကြားပါတယ်။ Wallenius Wilhelmsen အနေဖြင့် ပို့ဆောင်လိုတဲ့ ကားအရေအတွက်က များနေပြီး ပေးနိုင်တဲ့ ကားတင်သင်္ဘော မလုံမလောက် ဖြစ်နေချိန်မှာ တင်မရ ချမရ ဖြစ်နေတဲ့ ဘရောမာဟေဗင် ဆိပ်ကမ်းအတွက် ကားတင်သင်္ဘော မပေးဖို့ ဆုံးဖြတ်တာ သဘာဝကျပါတယ်။
.
“ဒီနှောင့်နှေးမှုတွေက အလွန်တရာ ကြီးမားပါတယ်” လို့ Crane Worldwide Logistics မှ ဒေသဆိုင်ရာ ဒါရိုက်တာ Andreas Braun က ပြောကြားခဲ့ပါတယ်။
.
အမေရိကန်နှင့် မက္ကဆီကို နိုင်ငံများမှာ ထုတ်လုပ်ပြီး ဥရောပဈေးကွက်သို့ တင်ပို့တဲ့ ကားများကို သယ်ဆောင်လာတဲ့ ကားတင်သင်္ဘောများလည်း ကုန်ချဖို့ စောင့်ဆိုင်းနေကြရပါတယ်။
.
Bremerhaven ဟာ ဥရောပမှာ စတုတ္ထအကြီးဆုံး ကွန်တိန်နာဆိပ်ကမ်းဖြစ်ပါတယ်။ တစ်နှစ်လျှင် TEU [twenty-foot equivalent unit]( ပေ ၂၀ ကွန်တိန်နာနှင့် ညီမျှသော ယူနစ်) ၅ သန်း ကိုင်တွယ်ပေးပါတယ်။
ကားစီးရေ ၁ ဒသမ ၇ သန်း ကိုင်တွယ်ပေးပါတယ်။
ကွန်တိန်နာဆိပ်ခံမှာ စုပြုံကျပ်စို့ခြင်း မရှိဘဲ အသင့်အတင့် အခြေအနေမှာ ရှိပါတယ်။
ကားအတင်အချဆိပ်ခံဘက်မှာသာ ပြဿနာ တက်နေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ Shanghai Gigafactory မှ ပေးပို့တဲ့ Tesla ကားများ၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်တို့မှာ ပေးပို့တဲ့ အခြား brand များရဲ့ ကားများ သင်္ဘောပေါ်မှာ ဆက်ရှိနေပါတယ်။
.
ကားတင်ပို့မှုအတွက် အခရာကျတဲ့ အချကအချာဆိပ်ကမ်းမှာ ယာဉ်မောင်းမရသဖြင့် အခက်အခဲ ရှိနေချိန်မှာ ကမ္ဘာ့ကားတင်သင်္ဘော လိုအပ်ချက်က သယ်ပို့လိုတဲ့ ကားစီးရေအရ သင်္ဘော ၁၃ စီး ဝန်းကျင် ထပ်မံလိုအပ်နေတယ်လို့ ရေကြောင်းသုတေသနလုပ်ငန်း VesselsValue မှ ကားတင်သင်္ဘောအထူးပြုဌာနမှ ဌာနမှူး Dan Nash က ပြောကြားပါတယ်။
"ဒါက Covid-19 ပထမနှစ်မှာ သင်္ဘောအဟောင်းတွေ ဖျက်ပစ်လိုက်တာ များသွားခဲ့တာရဲ့
ရလဒ်ပါ။ အသစ်တည်ဆောက်ထားတဲ့ သင်္ဘောတွေကို သင်္ဘောကျင်းတွေထံမှ ရဖို့ စောင့်ဆိုင်းချိန်ဟာ ၂၀၂၄ ခုနှစ်အထိ ကြာမြင့်မယ်လို့ ခန့်မှန်းထားပါတယ်”
တရုတ်နိုင်ငံမှ လျှပ်စစ်ကားများကို အနောက်နိုင်ငံများမှာ ၀ယ်လိုအား တိုးလာခြင်းကြောင် အနာဂတ်တွင် ပို့ဆောင်လိုတဲ့ ကားစီးရေအတွက် လိုအပ်တဲ့ ကားတင်သင်္ဘော အရေအတွက် ယခင်ကထက် ပိုများလာစေတယ်လို့ ၎င်းက ဆက်လက်ပြောကြားပါတယ်။ ယခုလို လိုချက်ချက်နှင့် ဖြည့်ဆည်းနိုင်မှု ကွာဟနေတာကြောင့် ကားတင်သင်္ဘော ပို့ဆောင်ခနှုန်းထား၊ သင်္ဘောစင်းလုံးငှား နှုန်းထားတွေ မြင့်တက်လာနေကြောင်း ၎င်းက ပြောကြားပါတယ်။
Source CNBC
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U