ခရီးသည်တစ်ခုတည်းဆီ ခရီးသည်များစုပေါင်းပြီး ကားတစ်စီးတည်းစီးနင်းအသုံးပြုခြင်းကို ကားစုပေါင်းအသုံး ပြုခြင်း(Carpooling) ဟုခေါ်ပါသည်။
ကားတစ်စီးတည်းကို စုပေါင်းအသုံးပြုလိုက်သည့်အတွက် လောင်စာဆီစရိတ်၊ လမ်းတံတားကြေးအစရှိသည့် ခရီးသွားလာစရိတ်များအပြင် ကားမောင်းသည့်အခါရရှိသည့် စိတ်ဖိစီးမှုကိုပါ လျှော့ချပေးနိုင်ပါသည်။
Carpooling ကအသုံးပြုသည့် ကားအစီးရေကို လျှော့ချပေးသည့်အတွက် ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှုများ၊ ယာဉ်ကြောပိတ်ဆို့မှုများ၊ ကားပါကင်မလုံလောက်မှုများကိုပါ လျော့ကျစေနိုင်သောကြောင့် သဘာဝပတ်ဝန်းကျင်နှင့်လည်း ပိုပြီးသဟဇာတဖြစ်သည့်နည်းလမ်းတစ်ခုဖြစ်ပါသည်။
ထို့ကြောင့် လေထုညစ်ညမ်းမှုများမြင့်တက်နေသည့်အချိန်၊ လောင်စာဆီစျေးနှုန်းများ မြင့်တက်နေသည့်အချိန်များတွင် မြင့်တက်နေသည့်အချိန်တို့မှာ နိုင်ငံအသီးသီးမှ အစိုးရများမှာ carpooling စနစ်ကိုပိုပြီး အားပေးလေ့ရှိပါသည်။
Carpooling စနစ်ကိုနေ့စဉ်လုပ်ငန်းခွင်ဝင်နေသူများက ပိုသဘောကျလေ့ရှိပါသည်။
Carpooling စနစ်သည် သယ်ယူပို့ဆောင်ရေးစရိတ် သိသိသာသာ သက်သာသည့်အပြင် အသိမိတ်ဆွေများတိုးပွားပြီး လူမှုဆက်ဆံရေးအရည်အချင်းများလည်း တိုးတက်လာနိုင်ပါသည်။
ထို့ပြင် ယင်းစနစ်သည်လုပ်ငန်းခွင်တွင် အချိန်ပိုယူရမည့်ဝန်ထမ်းများ၊ အသက်အရွယ်ရလာပြီဖြစ်သည့် ၀န်ထမ်းများအတွက်တော့ သိပ်အဆင်မပြေပါဘူး။
Carpooling စနစ်သည် အမေရိကန်ပြည်ထောင်စုမှာ ဒုတိယကမ္ဘာစစ်အတွင်း စားနပ်ရိက္ခာများ၊ လောင်စာဆီများကို သယ်ယူပို့ဆောင်ရေးစနစ်အဖြစ် စပြီး လူသိများလာခြင်းဖြစ်ပါသည်။
နောက်ပိုင်းအခိုက်အတန့်တိမ်မြုပ်နေခဲ့ပြီး ၁၉၇၃ ခုနှစ်ရေနံအရေးအခင်းနှင့် ၁၉၇၉ ခုနှစ်စွမ်းအင် အကျပ်အတည်းများကြောင့် ၁၉၇၀ ပြည့်လွန်နှစ် အလယ်ပိုင်းလောက်တွင် ပြန်ပြီး ခေတ်စားလာခဲ့ပါသည်။
ထိုအချိန်ကအလုပ်သမားများ စုပေါင်းစီးနင်းကြသည့် carpooling စနစ်ကို Chrysler နှင့် 3M ကုမ္ပဏီက ဗန်ကားများနှင့် စတင်ခဲ့ပါသည်။
၁၉၇၀ ပြည့်လွန်နှစ်များနှင့် ၂၀၀၀ ပြည့်လွန်နှစ်များကြားတွင် carpooling စနစ်သည် ရုတ်ခြည်းကျဆင်းခဲ့ပြီး၁၉၈၀ ပြည့်လွန်နှစ်များတွင် လောင်စာဆီ စျေးနှုန်းအကြီးအကျယ်ကျဆင်းခဲ့သောကြောင့်လဲ ပါ၀င်ပါသည်။
Carpooling စနစ်သည်အင်တာနက်ကွန်ရက်အသုံးပြုမှု တိုးတက်လာသည့် ၂၀၀၅ ခုနှစ်လောက်ရောက်သည့် အခါတွင်တော့ ၁၀ ဒသမ ရ ရာခိုင်နှုန်း တိုးတက်လာပါသည်။
အင်တာနက်နှင့် မိုဘိုင်းဖုန်း အသုံးပြုမှုရေပန်းစားလာခဲ့သည့်အတွက် ပိုကျယ်ပြန့်လာပြီး လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ချိတ်ဆက်အသုံးပြုလာနိုင်ပါသည်။
ဥရောပများတွင် ဂျာမနီအခြေစိုက် Mitfahrgelegenheit (carpooling.com) ကုမ္ပဏီနှင့် ပြင်သစ်အခြေစိုက် BlaBlaCAr ကုမ္ပဏီတို့ကြောင့် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ခရီးဝေးသွား carpooling စနစ်အတော်ခေတ်စားခဲ့ပါသည်။
၂၀၁၅ ခုနှစ်အစောပိုင်းကာလများတွင် ယင်းကုမ္ပဏီများ၏ အင်တာနက်စာမျက်နှာများကို ဥရောပတစ်လွှားနှင့် ကမ္ဘာ့အနှံ့က လူဦးရေခြောက်သန်းကျော်နှင့် ၁၀ သန်းကျော်အထိ အသုံးပြုခဲ့ကြပါသည်။