ဗြိတိန်နိုင်ငံထုတ် ကားများ တင်သွင်းမှုအပေါ် အိန္ဒိယ အခွန်လျော့ပေါ့မည်


ဗြိတိန်နိုင်ငံထုတ် ကားများ တင်သွင်းမှုအပေါ် အိန္ဒိယ အခွန်လျော့ပေါ့မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဗြိတိန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်အရ အိန္ဒိယကားထုတ်လုပ်သူများက ဗြိတိန်မှ တင်သွင်းသော ကားများကို အကယ်၍ လိုအပ်လာပါက ကားအစီးရေ အကန့်အသတ်ဖြင့် သွင်းကုန်ခွန် လျော့ပေါ့ပေးမည် ဖြစ်သည်။
သို့ဖြစ်ရာ ကမ္ဘာ့တတိယအကြီးဆုံး ကားဈေးကွက်ဖြစ်ပြီး သွင်းကုန်ခွန်ဖြင့် အဟန့်အတားပြုထားသည့် အိန္ဒိယဈေးကွက်သို့ ကားများ တင်ပို့ ရောင်းချရန် အထိုက်အလျောက် လမ်းပွင့်သွားမည် ဖြစ်သည်။ 
.
အိန္ဒိယအစိုးရက သွင်းကုန်ခွန်ဖြင့် အကာအကွယ် ယူထားသည်ကို လျော့ပေါ့ရန် ကားလုပ်ငန်းများကို ဖိအားပေးလျက်ရှိသည်။

အိန္ဒိယသည် တင်သွင်းသည့် ကားများအပေါ် ရောင်းဈေးနှုန်းအပေါ် မူတည်ပြီး ၇၀% နှင့် ၁၀၀% သွင်းကုန်ခွန် စည်းကြပ်သည်။
သဘောတူညီချက်အရ ဗြိတိန်မှ ကားများကို အစီးရေ ၄၆,၂၀၀ အထိ ၁၀% ဖြင့် တင်သွင်းနိုင်မည် ဖြစ်သည်။
 အဆိုပါ သဘောတူညီချက်ကို Society of Indian Automobile Manufacturers (SIAM) က အစိုးရထံ အဆိုပြုပေးမည် ဖြစ်သည်။
၎င်းကားခွဲတမ်း စီးရေ ၄၆,၂၀၀ ထက် ကျော်လွန်သော ကားများကို ၁၀ နှစ်တာကာလအတွင်း သွင်းကုန်ခွန် ၃၀%  စည်းကြပ်မည် ဖြစ်သည်။

" လိုအပ်လာရင် ၀% ဆိုရင်လည်း လက်ခံပေးနိုင်ပါတယ်" ဟု SIAM က ပြောကြားသည်။
SIAM က သွင်းကုန်ခွန် ၀% ကောက်ခံရန် အဆိုပြုချက်တွင် ပထမဆုံး နှစ်တွင် စီးရေ ၂၆,၄၀၀ အထိ ခွင့်ပြုမည်ဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် စီးရေ တိုးပေးသွားမည်ဖြစ်ပြီး ၁၀ နှစ်အကြာတွင် အစီးရေ ၄၆,၂၀၀ အထိ ခွင့်ပြုမည် ဖြစ်သည်။
.
SIAM တွင် အိန္ဒိယဈေးကွက်တွင် ကားအများဆုံး ရောင်းချသည့် Maruti Suzuki ၊ ကားလုပ်ငန်းကြီး Tata Motors နှင့် Mahindra & Mahindra အစရှိသည့် ကားထုတ်လုပ်ရေး လုပ်ငန်းများ ပါဝင်သည်။
.
ဗြိတိန်တွင် ယခုအခါ Nissan ၊ BMW ၊ Jaguar Land Rover စသဖြင့် ကားလုပ်ငန်း အနည်းငယ်သာ ရှိသည်။ SIAM အဆိုပြုထားသည့် ကုန်သွယ်ခွန် ၀% အစီအစဉ်သည် အင်ဂျင်သေးငယ်သော ကားများကို ရည်ရွယ်သဖြင့် Nissan သာ အကျုံးဝင်မည် ဖြစ်သည်။
.
ဗြိတိန်ပြီးလျှင် အီးယူ၊ ဂျပန်၊ တောင်ကိုရီးယား တို့နှင့်လည်း ဆွေးနွေးညှိနှိုင်းမည် ဖြစ်သည်။
Source Reuters 
 

Read 138 times