မုတ်သုံရာသီဥတုတွင် ကားကြံ့ခိုင်ရေးအတွက် ဂရုစိုက်သင့်သည့်အချက်များ


ရာသီဥတုအပြောင်းအလဲမှာကားများ၏ စက်ပိုင်း၊ ရုပ်ပိုင်းကြံ့ခိုင်မှုများအပေါ်ဆက်စပ်သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။

ထို့ကြောင့်မုတ်သုံရာသီဥတုကာလအတွင်းကားများကိုအကောင်းဆုံးအခြေအနေတွင်ထိန်းသိမ်းထားနိုင်ရန် လုပ်သင့်လုပ်ထိုက်သည်များကို ဖော်ပြပေးလိုက်ပါသည်။

ရေမှန်မှန်ဆေးပါ

ကား၏အတွင်းပိုင်းရော၊ အပြင်ဘက်ကိုပါရေဆေးသန့်စင်ပေးသင့်ပါသည်။

သဲနှင့်ရွံ့များကပ်ပြီးငြိနိုင်သည်ကိုသတိထားဆေးကြောသင့်ပါသည်။

လျှပ်စီးပတ်လမ်းများစစ်ဆေးပါ

ကား၏လျှပ်စီးပတ်လမ်းများအကုန်လုံးပုံမှန်အလုပ်လုပ်ဆောင်မှုရှိမရှိအရေးကြီးပါသည်။

ကားမီးများအပြင်လျှပ်စစ်စွမ်းအင်လိုအပ်သည့်ကားအစိတ်အပိုင်းများအားလုံးကိုပြန်စစ်ဆေးသင့်ပါသည်။

တာယာကြံ့ခိုင်မှုစစ်ဆေးပါ

မုတ်သုံရာသီဥတုတွင်လမ်းတော်တော်များများမှာစိုစွတ်နေပြီး လမ်းပေါ်တွင်ဆီကွက်များလည်းရှိနေနိုင်ပါသည်။

ထို့ကြောင့်ကားတာယာထိန်းချုပ်နိုင်စွမ်းရှိရန်လိုအပ်ပြီး မိုးတွင်းတွင်ကားတာယာကိုနေ့တိုင်းလိုလိုစစ်ဆေးသင့်ပါသည်။

ကားအောက်ပိုင်းကိုစစ်ဆေးပါ

ကား၏အောက်ပိုင်းကြံ့ခိုင်မှုကိုပုံမှန်စစ်ဆေးနေသင့်ပါသည်။

ထိခိုက်မှုရှိမရှိ(သို့မဟုတ်)အစိတ်အပိုင်းများချောင်နေမလားဆိုသည်ကိုနှိုက်နှိုက်ချွတ်ချွတ်စစ်ဆေးရမည်ဖြစ်ပါသည်။

စက်ဆီချောဆီများစစ်ဆေးပါ

ကားအတွက်လိုအပ်သည့်အရည်၊ အဆီများသင့်တင့်မျှတသည့်အတိုင်းအတာတွင်ရှိမရှိပြန်ကြည့်ပေးပါ။

ချောဆီ၊ ဘရိတ်ဆီ၊ ဓာတ်ဆီ၊ ကူးလန့်အရည်အားလုံးကိုစစ်ဆေးသင့်ပါသည်။

ဘရိတ်များကောင်းမွန်နေပါစေ

လုံခြုံရေးအတွက်ဘရိတ်များကောင်းရန်လိုအပ်ပါသည်။

သို့သော်မုတ်သုံရာသီဥတုကာလမျိုးတွင်ပိုပြီးအရေးကြီးပါသည်။

မိုးတွင်းတွင်မိမိကားဘရိတ်ပုံမှန်အလုပ်လုပ်မလုပ်ကိုသတိကြီးကြီးနှင့်ဆန်းစစ်နေသင့်ပါသည်။

 

Read 1588 times