ရှေ့ဦးကာလက မော်တော်ကားများ၏ လေကာမှန်များသည် ပြင်ညီမှန်ချပ်များ ဖြစ်ပါသည်။
ထိုမှတစ်ဆင့် ညာဘက်နှင့်လက်ဝဲဘက်၌ ထောင့်ချိုးပုံသဏ္ဍာန် ပြုလုပ်ထားသည့် လေကာမှန်များဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင်းမှန်ခုံးများဖြစ်လာခဲ့သည်။
လေကာမှန်ခုံးများသည် မော်တော်ကားကို အရှိန်မြင့်မြင့် မောင်နှင်းခြင်း ၊ မိုးရွာနေစဉ်မောင်နှင်းခြင်း ၊ ဆီးနှင်းများကြခြင်း ၊ သဘာဝ အလင်းရောင် ကင်းမဲ့သည့် ညအချိန် မောင်နှင်းချိန်တွင် ရှေ့မြင်ကွင်းကို ပိုမိုကြည်လင် ပြတ်သားပြီး မျက်စိ၏ အာရုံစူးစိုက်မှုကိုလည်း များစွာ သက်သာစေပါသည်။
ယနေ့ခေတ်တွင်း မော်တော်ကားသုံး လေကာမှန်များမှာ လွှာထပ်မှန်(Laminated Glass)များဖြစ်ကြသည်။
ယခင်ကလည်းမော်တော်ကားထုတ်လုပ်မှု လုပ်ငန်းများ၌လေကာမှန်အဖြစ် လွှာထပ်မှန် အသုံးပြုခဲ့သည်တိုင် အင်ဂျင်စွမ်းရည်ပို၍မြင့်မားလာသော မျက်မှောက်ခေတ် မြန်နှုန်းမြင့်ကားမျာဒအတွက် လွှာထပ်မှန်များ၏ အရည်အသွေး ပို၍ကောင်မွန်ရန် လိုအပ်လာသည်။
မော်တော်ကားသုံး လေကာမှန်များ ထုတ်လုပ်ရန်အတွက် အသုံးပြုရသည့် အခြေခံကုန်းကြမ်းမှာ သဲ(Silica)ဖြစ်သည်။
စီလီကာကို ကယ်လ်ဆီယမ်ကာဗွန်နိတ် ၊ ဆိုဒီယမ်ကာဗွန်နိတ်တို့နှင့် ရောနှောပေါင်းစပ်ပြီး အရည်ပျော်သည်အထိအပူပေးရသည်။
ရရှိလာသော မှန်အရည်ကို လေကာမှန်အဆင့် ရရှိနိုင်ရန်အတွက် မဂ္ဂနီဆီယမ်အောက်ဆိုက် ၊ ပိုတက်ဆီယမ်အောက်ဆိုက်နှင့် အလူမီနီယမ်အောက်ဆိုက်တို့ကို ထပ်မံထည့်သွင်းပေါင်းစပ်ပေးရသည်။
ထိုမှ ရရှိလာသောလေကာမှန်အရှည်ကိုသံဖြူရည်ထည့်သွင်းထားသည့် ကန့်အတွင်းသို့ ထည့်သွင်း ပို့လွှတ်ပေးရသည်။
သံဖြူရည်မျက်နှာပြင်သည် ၁၈၀ဒီဂရီ ထားရှိပြီး မှန်ရည်များကို သံဖြူရည်မျက်နှာပြင်ပေါ်၌ ပေါလောမျောနေခြင်ဖြင့် လေကာမှန်အရည်ပြင်ညီလွှာကိုရရှိစေပါသည်။
သံဖြူရည်ကန်အတွင်း အပူချိန်ကို တစ်ထောင် ဒီဂရီ ထားရှိပြီး သံဖြူရည်ကန်အတွက်၌အပူချိန်ကို ခြောက်ရာဒီဂရီထားရှိပေးထားသောကြောင့် သံဖြူရည်ကန်အထွက်တွင် လေကာမှန်အရည်များမှာ မှန်သားအဖြစ်မာကျောသွားတော့သည်။
သံဖြူရည်ကန်မှ ထွက်ရှိလာသော လေကာမှန်သားအလွှားထဲတွင် နေရောင်ကာအလွှာ(Sunshade) ထည့်သွင်းပေးပြီး နောက် အပူချိန်ကို နှစ်ရာဒီဂရီ အထိတဖြည်းဖြည်း လျှော့ချပေးရသည်။
အပူချိန်နှစ်ရာဒီဂရီ ရောက်သည့်အချိန်တွင်း အခန်းအပူချိန် အထိ တဖြည်းဖြည်း ပြန်လည်လျှော့ချပေးခြင်းဖြင့် ခိုင့်ခံ့တောင့်တင်း သော လေကာမှန်ပြင်ညီချပ်ကို ရရှိလာသည်။
ရရှိလာသောလေကာမှန်ပြင်ညီချပ်ကိုအလိူရှိသည့် အတိုင်းဖြတ်တောက်ပြီးနောက်လေကာမှန်ခုံး ပုံသွင်းမိုခွက်ထဲသို့ထည့်၍ပုံသွင်းခွက်ပုံစံအတိုင်း အကွေးအဖြစ်သွားသည်အထိအပူပေးရသည်။
ပုံသွင်းပြီးနောက် လေကာမှနါအကွေးကို အပူချိန် ၈၅၀ ဒီဂရီ ရောက်အောင် ချက်ချင်း အပူချိန်မြင့်တင် ပေးရသည်။
အပူပေးပြီးနောက် အအေးခံလိုက်သည့်အချိန်တွင် အအေးမြန်ပြီးမှန်သားကျစ်သွားချိန်၌ အတွင်းမျက်နှာပြင်က အပူချိန်ကျဆင်းနှုန်း နှေးပြီး ပူမြဲပူနေဆဲ ဖြစ်နေတက်ပါသည်။
လေကာမှန်များကို အအေးခံခြင်းကြောင့်တစ်စုံတစ်ရာထိခိုက်မှု ဖြစ်ပေါ်သည့်အခါ တစ်စချင်းစီ ကြေမွသွားမည့် လေကာမှန်ချပ်ကို ရရှိလာသည်။
ထိုမှတစ်ဖန် လေကာမှန်သားလွှာနှစ်ချပ်၏အလယ်၌လချေးပြား တစ်ချပ် ထည့်သွင်း၍အပူနှင့်ဖိအားပေးခြင်း ဖြစ် တစ်ထပ်တည်း ကပ်သွားအောင် ပြုလုပ်ပေးပြီး ဘေးပတ်လည်နှုတ်ခမ်းသတ်များကို ချောမွေ့အောင် ပြုလုပ်ပေးလိုက်သည့်အခါ ခိုင်ခံ့တောင့်တင်းပြီးပြင်းထန်သည့် လေတိုးအားကို ကောင်းစွာခံနိုင်ရည်ရှိသော အရည်အသွေး မြင့်သည့် လေကာမှန်ကို ရရှိလာသည်။
ယနေ့ခေတ်တွင်း နည်းပညညာမြင့် ၊ မြန်နှုန်းမြင့် မော်တော်ကားများသည် တစ်နာရီလျှင် ကီလိုမီတာလေးရာကျော်ခန့်အထိ မောင်နှင်းနိုင်စွမ်းရှိလာနေကြပြီးဖြစ်ရာ ကား၏မြန်နှုန်းနှင့် အညီတစ်နာရီလျှင် ကီလိုမီတာလေးရာနီးပါးနှုန်းဖြင့် ရှေ့မှ ဆန့်ကျင်ခုခံထားသည့် လေထု၏တွန်းအားကို ကောင်းစွာခံနိုင်ရည်ရှိသောလေကာမှန်များဖြင့်သာ တပ်ဆင်ထုတ်လုပ်ပေးနေကြရပါသည်။
ပြင်းထန်းသည့် လေတွန်းအားနှင့်ကျောက်ခဲစငယ်ကလေးများ၏ ထိမှန်မှုကိုပါ ကောင်းစွာ ခံနိုင်ရည် ရှိနေပြီးဖြစ်သော မျက်မှောက်ကာလ၏ အရည်အသွေးမြင့် လေကာမှန်များထုတ်လုပ်သည့်နည်းပညာသည် အခြားသောမော်တော်ကားအစိတ်အပိုင်းများထုတ်လုပ်သည့်ခေတ်မှီ နည်းပညာများအား အမှီ လိုက်နိုင်သည့်အတွက် သံသယ ဖြစ်စရာ မလိုတော့ပေ။